Property Expo
×

အာဖဂန္နစၥတန္ အထူးတပ္ဖြဲ႕နဲ႕ တုိက္ပြဲအတြင္း တာလီဘန္ ထိပ္တန္း တပ္မွဴးတစ္ဦး ေသဆုံးသြားေၾကာင္း သိရပါတယ္။ အာဖဂန္ တာလီဘန္တပ္မွဴး အဇမ္းတာရစ္ဟာ ပါကစၥတန္နယ္စပ္အနီး ပက္ခ္တီကာျပည္နယ္ ဘာမဲလ္ေဒသမွာ ေသဆုံးခဲ့တာ ျဖစ္ပါတယ္။ တာရစ္အျပင္ ၎ရဲ႕သားျဖစ္သူနဲ႕ အျခား ၉ ဦးလည္း ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။

တာရစ္ဟာ ယခင္က ပါကစၥတန္ တာလီဘန္အုပ္စုရဲ႕ ေျပာခြင့္ရပုဂၢဳိလ္ျဖစ္ခဲ့ၿပီး ၂၀၁၄ ခုႏွစ္မွာ ခြဲထြက္ခဲ့သူ ျဖစ္ပါတယ္။ NATO အဖြဲ႕က ေက်ာေထာက္ေနာက္ခံျပဳတဲ့ အာဖဂန္အထူးတပ္ဖြဲ႕က စက္တင္ဘာ ၂၄ ရက္ညပုိင္းမွာ တာရစ္ကုိ သတ္ျဖတ္ခဲ့တာျဖစ္ၿပီး ၎ေသဆုံးေၾကာင္း အတည္ျပဳႏုိင္ရန္ တစ္ရက္ၾကာျမင့္ခ့ဲေၾကာင္း သိရပါတယ္။

အာဖဂန္အထူးတပ္ဖြဲ႕က တုိက္ခိုက္ေရး ရဟတ္ယာဥ္ေလးစီးနဲ႕ ဒ႐ုန္းႏွစ္စီး အကူအညီရယူကာ တာရစ္အဖြဲ႕နဲ႕ ငါးနာရီေက်ာ္ၾကာ တုိက္ပြဲျဖစ္ပြားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

အာဖဂန်နစ္စတန် အထူးတပ်ဖွဲ့နဲ့ တိုက်ပွဲအတွင်း တာလီဘန် ထိပ်တန်း တပ်မှူးတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။ အာဖဂန် တာလီဘန်တပ်မှူး အဇမ်းတာရစ်ဟာ ပါကစ္စတန်နယ်စပ်အနီး ပက်ခ်တီကာပြည်နယ် ဘာမဲလ်ဒေသမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ တာရစ်အပြင် ၎င်းရဲ့သားဖြစ်သူနဲ့ အခြား ၉ ဦးလည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

တာရစ်ဟာ ယခင်က ပါကစ္စတန် တာလီဘန်အုပ်စုရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ခွဲထွက်ခဲ့သူ ဖြစ်ပါတယ်။ NATO အဖွဲ့က ကျောထောက်နောက်ခံပြုတဲ့ အာဖဂန်အထူးတပ်ဖွဲ့က စက်တင်ဘာ ၂၄ ရက်ညပိုင်းမှာ တာရစ်ကို သတ်ဖြတ်ခဲ့တာဖြစ်ပြီး ၎င်းသေဆုံးကြောင်း အတည်ပြုနိုင်ရန် တစ်ရက်ကြာမြင့်ခဲ့ကြောင်း သိရပါတယ်။

အာဖဂန်အထူးတပ်ဖွဲ့က တိုက်ခိုက်ရေး ရဟတ်ယာဉ်လေးစီးနဲ့ ဒရုန်းနှစ်စီး အကူအညီရယူကာ တာရစ်အဖွဲ့နဲ့ ငါးနာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top