Property Expo
×






Credit : lwin pyin


#Unicode Version

စိတ်ဖိစီးမှုတွေက သင့်မျက်နှာကျန်းမာရေးကို ထိခိုက်စေပြီး ရုပ်ဆိုးလာစေတယ်လို့ သုတေသနရပ်တစ်ခုက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ စိတ်ဖိစီးမှုနည်းလာတာနဲ့အမျှ အမျိုးသားနဲ့ အမျိုးသမီးတွေဟာ ကိုယ့်ရဲ့ ချစ်သူအပေါ်ကို စွဲဆောင်မှုပိုရှိလာကြတယ်လို့ ဆိုပါတယ်။

စိတ်ပိုင်းဆိုင်ရာ ညစ်ညူးမှုတွေဟာ ရုပ်သွင်ပြင်ကို ဘယ်လို အကျိုးသက်ရောက်မှုရှိတယ်ဆိုတာကို ဗြိတိန် အမူအကျင့်ဆိုင်ရာ ဂေဟပညာရှင် ဒေါက်တာ Fhionna Moore ကလေ့လာကြည့်ခဲ့ပါတယ်။

ပူပန်သောကဆိုင်ရာ ကော်တီဆုန်းဟော်မုန်းတွေဟာ ကြွက်သားနဲ့ အရိုးကြီးထွားမှုကို နှောင့်ယှက်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ မျောနေတဲ့ ဂလူးကို့စ်ပမာဏကိုလည်း တိုးစေပါတယ်။ ပြီးတော့ စွဲဆောင်မှုအားကို မှေးမှိန်သွားစေပါတယ်။

“အဲ့ဒါက လူတွေကို စိတ်ရဲ့ ကြည့်ရမကောင်း စေဘူး။ ဥပမာ ခက်ခဲတဲ့အချိန်တွေများလာတဲ့ အခါမျိုးမှာ သင့်ကျန်းမာရေးအတွက် သိပ်ကိုဆိုးရွားစေတယ်။ တံတွေးထဲမှာ ကော်တီဆုန်း ဟော်မုန်းများနေတဲ့ သူတွေဟာ ဆွဲဆောင်မှု သိပ်မရှိကြတဲ့အပြင် ကျန်းမာရေးသိပ်မကောင်းဘူးဆိုတာ တွေ့ရတယ်။ ” လို့ Dundee တက္ကသိုလ်မှ စိတ္တဗေဒ ဆရာ ဒေါက်တာ Moore ကပြောသွားပါတယ်။

စိတ်ဖိစီးစရာ အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အမျိုးသားတွေဟာ အမျိုးသမီးတွေကို ပိုဆွဲဆောင်မှုရှိတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : lwin pyin
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top