Shwe Zabu River View Condominium Promotion
×





Credit: thithtoolwin

#Unicode Version

ကနေဒါက မိခင်တစ်ဦး က သူ့သား ၄နှစ်ပြည့် မွေးနေ့ပွဲမှာ နွားပေါက်လေး မွေးဖွားနေတဲ့ပုံစံ ကိတ်မုန့်ကို အထူးတလှယ် ပြုလုပ်ပေးခဲ့ပါတယ်။

မိခင်ဖြစ်သူ Jamie Packard ရဲ့ သားလေးက နွားလေးမွေးဖွားနေတဲ့ ပုံစံကိတ်မုန့် လုပ်ပေးဖို့ သူ့မွေးနေ့ မတိုင်ခင် လတော်တော်ကြာတည်းက ပူဆာနေတာပါ။

ဒါကြောင့် Packard နဲ့ ခင်ပွန်းဖြစ်သူ Tyler တို့က ဝိုင်းဝန်းဖန်တီးပေးခဲ့ကြပါတယ်။

‘မွေးနေ့ပွဲမှာ သူပူဆာထားတဲ့ ကိတ်မုန့်ကိုတွေ့တော့ ပျော်လွန်းလို့ လက်ဝါးချင်းလာရိုက်တယ် ‘လို့မိခင်ဖြစ်သူ Packard ကပြောပါတယ်။ မွေးနေ့ပွဲကို လာရောက်တဲ့ ဧည့်သည်တွေကလည်း ကိတ်မုန့်ကိုမြင်တော့ အတောမသတ်နိုင်အောင် ရယ်ခဲ့ ပျော်ခဲ့ရပါတယ်တဲ့။

ဖိုးသူတော် (www.phothutaw.com)
Credit: thithtoolwin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top