Kantharyar Centre
×

သာေကတၿမိဳ႕နယ္ (၂ ေျမာက္)ရပ္ကြက္ သဒၶါ႐ံု (၁) လမ္းတြင္ အသက္(၆)ႏွစ္အရြယ္ ကေလးငယ္တစ္ဦး ဦးေခါင္းျပတ္ ေသဆံုးမႈမွာ ငါးလေက်ာ္ၾကာ သည့္တိုင္ တရားခံကို ဖမ္းဆီးရမိျခင္း မရွိေသးေၾကာင္း သတင္းရရွိသည္။

ေသဆံုးခဲ့သည့္ ကေလးငယ္ သည္ ဧၿပီ ၁၁ ရက္ ေန႔လယ္က ေပ်ာက္ဆံုးခဲ့ၿပီး ၁၀ ရက္အၾကာ တြင္ ေဒါပံုၿမိဳ႕နယ္ ပုဇြန္ေတာင္ ေခ်ာင္းအတြင္း ဦးေခါင္းျပတ္ကာ ေသဆံုးလ်က္ ျပန္လည္ေတြ႕ရွိ ျခင္းျဖစ္သည္။

‘‘ဒီအမႈကို အင္းစိန္စီအိုင္ဒီ ကို လႊဲေပးထားပါတယ္။ သူတို႔ လည္း လိုက္လံစစ္ေဆးေနၿပီး ကြၽန္ေတာ္တို႔လည္း လိုက္လံရွာ ေဖြေနပါတယ္။ အခုခ်ိန္အထိ ေတာ့ မသကၤာသူတခ်ိဳ႕ကို ေခၚယူ စစ္ေဆးေနတာ ေတြရွိပါတယ္’’ဟု ေဒါပံုၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ ဦးကေျပာသည္။

ဧၿပီ ၂၂ ရက္ မြန္းလြဲ ၃ နာရီ ခန္႔တြင္ ကေလးငယ္ ေပ်ာက္ဆံုး စဥ္က ၀တ္ဆင္ထားသည့္ အ၀တ္ အစားျဖင့္ ဦးေခါင္းမပါသည့္ အ ေလာင္းကို ရွာေဖြေတြ႕ရွိျခင္းျဖစ္ ေၾကာင္း မိသားစု၀င္တစ္ဦးက ေျပာသည္။

 ‘‘ကေလးအေလာင္းရၿပီး ေဆးစစ္စာထြက္ေတာ့လည္း အိမ္ ကို လာေျပာတာေတာ့မရွိပါဘူး။ ကေလးမွာ အတြင္းကလီစာတခ်ိဳ႕ မရွိေတာ့ဘူး။ အခုခ်ိန္အထိ လည္း အမႈအေျခအေန ဘယ္အထိေရာက္ေနၿပီလဲဆိုတာ မသိရေသးဘူး’’ဟု မိသားစု၀င္တစ္ဦးက ေျပာသည္။

ဧၿပီ ၁၁ ရက္တြင္ အဆိုပါ လမ္း၌ ႏွစ္က်ိပ္ရွစ္ဆူဘုရားပြဲ က်င္းပေနၿပီး ေသဆံုးသြားသည့္ ကေလးငယ္မွာ လမ္းအတြင္း က စားေနသည္ကို ေတြ႕ရွိခဲ့ၿပီးေနာက္ ညေန ၆ နာရီေက်ာ္တြင္ ေပ်ာက္ဆံုးျခင္းျဖစ္သည္။

ကေလးသူခိုးဂုိဏ္းမ်ား ေပၚ ထြက္ေနသည္ဟု ျပည္နယ္ႏွင့္ တိုင္းအခ်ိဳ႕တြင္ သတင္းမ်ားထြက္ ေပၚလာၿပီးေနာက္ ရန္ကုန္တိုင္း အတြင္း အဆုိပါမဟုတ္မမွန္ သ တင္းျဖန္႔ေ၀သူမ်ားကို ထိေရာက္ စြာ အေရးယူမည္ဟု ရန္ကုန္တိုင္း ရဲတပ္ဖြဲ႕က တရား၀င္ သတင္း ထုတ္ျပန္ၿပီး ယခုအမႈ ျဖစ္ပြားခဲ့ ျခင္းျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
သာကေတမြို့နယ် (၂ မြောက်)ရပ်ကွက် သဒ္ဓါရုံ (၁) လမ်းတွင် အသက်(၆)နှစ်အရွယ် ကလေးငယ်တစ်ဦး ဦးခေါင်းပြတ် သေဆုံးမှုမှာ ငါးလကျော်ကြာ သည့်တိုင် တရားခံကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သတင်းရရှိသည်။


သေဆုံးခဲ့သည့် ကလေးငယ် သည် ဧပြီ ၁၁ ရက် နေ့လယ်က ပျောက်ဆုံးခဲ့ပြီး ၁၀ ရက်အကြာ တွင် ဒေါပုံမြို့နယ် ပုဇွန်တောင် ချောင်းအတွင်း ဦးခေါင်းပြတ်ကာ သေဆုံးလျက် ပြန်လည်တွေ့ရှိ ခြင်းဖြစ်သည်။

‘‘ဒီအမှုကို အင်းစိန်စီအိုင်ဒီ ကို လွှဲပေးထားပါတယ်။ သူတို့ လည်း လိုက်လံစစ်ဆေးနေပြီး ကျွန်တော်တို့လည်း လိုက်လံရှာ ဖွေနေပါတယ်။ အခုချိန်အထိ တော့ မသင်္ကာသူတချို့ကို ခေါ်ယူ စစ်ဆေးနေတာ တွေရှိပါတယ်’’ဟု ဒေါပုံမြို့မရဲစခန်းမှ ရဲအရာရှိတစ် ဦးကပြောသည်။

ဧပြီ ၂၂ ရက် မွန်းလွဲ ၃ နာရီ ခန့်တွင် ကလေးငယ် ပျောက်ဆုံး စဉ်က ဝတ်ဆင်ထားသည့် အဝတ် အစားဖြင့် ဦးခေါင်းမပါသည့် အ လောင်းကို ရှာဖွေတွေ့ရှိခြင်းဖြစ် ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

 ‘‘ကလေးအလောင်းရပြီး ဆေးစစ်စာထွက်တော့လည်း အိမ် ကို လာပြောတာတော့မရှိပါဘူး။ ကလေးမှာ အတွင်းကလီစာတချို့ မရှိတော့ဘူး။ အခုချိန်အထိ လည်း အမှုအခြေအနေ ဘယ်အထိရောက်နေပြီလဲဆိုတာ မသိရသေးဘူး’’ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

ဧပြီ ၁၁ ရက်တွင် အဆိုပါ လမ်း၌ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ ကျင်းပနေပြီး သေဆုံးသွားသည့် ကလေးငယ်မှာ လမ်းအတွင်း က စားနေသည်ကို တွေ့ရှိခဲ့ပြီးနောက် ညနေ ၆ နာရီကျော်တွင် ပျောက်ဆုံးခြင်းဖြစ်သည်။

ကလေးသူခိုးဂိုဏ်းများ ပေါ် ထွက်နေသည်ဟု ပြည်နယ်နှင့် တိုင်းအချို့တွင် သတင်းများထွက် ပေါ်လာပြီးနောက် ရန်ကုန်တိုင်း အတွင်း အဆိုပါမဟုတ်မမှန် သ တင်းဖြန့်ဝေသူများကို ထိရောက် စွာ အရေးယူမည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က တရားဝင် သတင်း ထုတ်ပြန်ပြီး ယခုအမှု ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top