Kantharyar Centre
×

 ရီးရဲလ္တုိက္စစ္မွဴး ဘန္ဇီး မားရင္ဆုိင္ေနရသည့္ ေငြညႇစ္ သည္ဆုိေသာ အမႈၿပီးျပတ္သြား ပါက ၎ကို ျပင္သစ္လက္ေရြး စင္အသင္းတြင္ ကစားခြင့္ျပဳရန္ လမ္းဖြင့္ထားသည္ဟု ျပင္သစ္ ေဘာလံုးအဖြဲ႕ခ်ဳပ္ (FFF) ဥကၠ႒ႏုိအယ္လ္လီဂရတ္က ေျပာသည္။


လိင္မႈဆုိင္ရာဗီဒီယုိတစ္ခု ႏွင့္ပတ္သက္၍ ျပင္သစ္အသင္း ေဖာ္ မက္သယူးေဗာ္လ္ဘူနာကုိ ေငြညႇစ္ရန္ ႀကိဳးစားသည္ဆုိျခင္း အတြက္ တရားသူႀကီးတစ္ဦး၏ တရား၀င္စံုစမ္းစစ္ေဆးျခင္းခံရ ၿပီးေနာက္ ဘန္ဇီးမားကုိ FFF က ၂၀၁၅  ဒီဇင္ဘာက အခ်ိန္အကန္႔ အသတ္မရိွတားျမစ္ခဲ့သည္။ ၎ အေနျဖင့္ အမွားတစ္စံုတစ္ရာ လုပ္ထားျခင္းမရိွဟု ဘန္ဇီးမားက ျငင္းဆုိခဲ့သည္။

၎သည္ ဇြန္ႏွင့္ ဇူလုိင္ က ျပင္သစ္ႏိုင္ငံတြင္ က်င္းပခဲ့ ေသာ ယူ႐ုိ ၂၀၁၆ ၿပိဳင္ပြဲကို လြဲ ေခ်ာ္ခဲ့သည္။ ယခုအခါဘန္ဇီးမား ကို ျပင္သစ္အသင္းအတြက္ ေရြး ခ်ယ္ႏုိင္မည္ဟု FFF ဥကၠ႒ လီဂရတ္က ေျပာသည္။ သုိ႔ေသာ္ျပင္သစ္နည္းျပ ဒက္စ္ခ်မ့္ကသာ အၿပီးသတ္ဆံုးျဖတ္ရမည္ဟု လီဂရတ္ ကေျပာသည္။

တစ္သက္တာကစားခြင့္ ပိတ္ပင္ျခင္းကုိ မိမိဆန္႔က်င္ ေၾကာင္းႏွင့္ ဘန္ဇီးမားအေနျဖင့္ တရား႐ံုး၌ ရင္ဆုိင္ရန္ လိုအပ္ၿပီး တရားေရးရာကိစၥမ်ား ၿပီးျပတ္ သြားေသာေန႔တြင္ ဘန္ဇီးမားကုိ ျပင္သစ္အသင္း၌ ထည့္သြင္း၊ မသြင္းဆုိျခင္းကုိ ဒက္စ္ခ်မ့္ကသာ ဆံုးျဖတ္လိမ့္မည္ဟု  လီဂရတ္က ေျပာသည္။

ဘန္ဇီးမား၏ အမႈတြင္ ႐ံုး တင္စစ္ေဆးမည့္ရက္ကုိ သတ္ မွတ္ျခင္းမရိွေသးေပ။ ဘန္ဇီးမား သည္ ယခုရာသီတြင္ ရီးရဲလ္ အတြက္ လာလီဂါပြဲမ်ား၌ ပါ၀င္ ကစားျခင္းမရိွေသးဘဲ တင္ပါး ဒဏ္ရာလံုး၀ေပ်ာက္ကင္းေအာင္ ႀကိဳးစားေနရသည္။

ဘန္ဇီးမား (၂၈) ႏွစ္သည္ ျပင္သစ္ထိပ္တန္းေဘာလံုးသမား မ်ားစာရင္းတြင္ လက္ရိွနံပါတ္ (၈) ေနရာ၌ရိွေနၿပီး ႏုိင္ငံအသင္း အတြက္ ၈၁ ပြဲကစားကာ ၂၇ ဂုိး သြင္းယူထားသူျဖစ္သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ရီးရဲလ်တိုက်စစ်မှူး ဘန်ဇီး မားရင်ဆိုင်နေရသည့် ငွေညှစ် သည်ဆိုသော အမှုပြီးပြတ်သွား ပါက ၎င်းကို ပြင်သစ်လက်ရွေး စင်အသင်းတွင် ကစားခွင့်ပြုရန် လမ်းဖွင့်ထားသည်ဟု ပြင်သစ် ဘောလုံးအဖွဲ့ချုပ် (FFF) ဥက္ကဋ္ဌနိုအယ်လ်လီဂရတ်က ပြောသည်။


လိင်မှုဆိုင်ရာဗီဒီယိုတစ်ခု နှင့်ပတ်သက်၍ ပြင်သစ်အသင်း ဖော် မက်သယူးဗော်လ်ဘူနာကို ငွေညှစ်ရန် ကြိုးစားသည်ဆိုခြင်း အတွက် တရားသူကြီးတစ်ဦး၏ တရားဝင်စုံစမ်းစစ်ဆေးခြင်းခံရ ပြီးနောက် ဘန်ဇီးမားကို FFF က ၂၀၁၅  ဒီဇင်ဘာက အချိန်အကန့် အသတ်မရှိတားမြစ်ခဲ့သည်။ ၎င်း အနေဖြင့် အမှားတစ်စုံတစ်ရာ လုပ်ထားခြင်းမရှိဟု ဘန်ဇီးမားက ငြင်းဆိုခဲ့သည်။

၎င်းသည် ဇွန်နှင့် ဇူလိုင် က ပြင်သစ်နိုင်ငံတွင် ကျင်းပခဲ့ သော ယူရို ၂၀၁၆ ပြိုင်ပွဲကို လွဲ ချော်ခဲ့သည်။ ယခုအခါဘန်ဇီးမား ကို ပြင်သစ်အသင်းအတွက် ရွေး ချယ်နိုင်မည်ဟု FFF ဥက္ကဋ္ဌ လီဂရတ်က ပြောသည်။ သို့သော်ပြင်သစ်နည်းပြ ဒက်စ်ချမ့်ကသာ အပြီးသတ်ဆုံးဖြတ်ရမည်ဟု လီဂရတ် ကပြောသည်။

တစ်သက်တာကစားခွင့် ပိတ်ပင်ခြင်းကို မိမိဆန့်ကျင် ကြောင်းနှင့် ဘန်ဇီးမားအနေဖြင့် တရားရုံး၌ ရင်ဆိုင်ရန် လိုအပ်ပြီး တရားရေးရာကိစ္စများ ပြီးပြတ် သွားသောနေ့တွင် ဘန်ဇီးမားကို ပြင်သစ်အသင်း၌ ထည့်သွင်း၊ မသွင်းဆိုခြင်းကို ဒက်စ်ချမ့်ကသာ ဆုံးဖြတ်လိမ့်မည်ဟု  လီဂရတ်က ပြောသည်။

ဘန်ဇီးမား၏ အမှုတွင် ရုံး တင်စစ်ဆေးမည့်ရက်ကို သတ် မှတ်ခြင်းမရှိသေးပေ။ ဘန်ဇီးမား သည် ယခုရာသီတွင် ရီးရဲလ် အတွက် လာလီဂါပွဲများ၌ ပါဝင် ကစားခြင်းမရှိသေးဘဲ တင်ပါး ဒဏ်ရာလုံးဝပျောက်ကင်းအောင် ကြိုးစားနေရသည်။

ဘန်ဇီးမား (၂၈) နှစ်သည် ပြင်သစ်ထိပ်တန်းဘောလုံးသမား များစာရင်းတွင် လက်ရှိနံပါတ် (၈) နေရာ၌ရှိနေပြီး နိုင်ငံအသင်း အတွက် ၈၁ ပွဲကစားကာ ၂၇ ဂိုး သွင်းယူထားသူဖြစ်သည်။



ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top