Property Expo
×

ဖိလစ္ပိုင္သမၼတ ႐ိုဒရီဂို ဒူတာတီသည္ ဒါဗာအိုၿမိဳ႕ေတာ္ ၀န္အျဖစ္ တာ၀န္ထမ္းေဆာင္ခဲ့ စဥ္က ႏုိင္ငံေရးၿပိဳင္ဘက္မ်ားကို သတ္ျဖတ္ရန္ ၫႊန္ၾကားခဲ့ေၾကာင္း ပါးကြက္သား အဖဲြ႕၀င္ေဟာင္း တစ္ဦးက စြပ္စဲြေျပာဆိုသည္။

(၂၅)ႏွစ္တာကာလအတြင္း ၎ႏွင့္ အျခားပါးကြက္သားမ်ား သည္ လူ ၁,၀၀၀ ခန္႔ကို သတ္ပစ္ ခဲ့သည္ဟု အဒ္ဂါမာတိုဘာတိုက လႊတ္ေတာ္ၾကားနာမႈတစ္ခုတြင္ ေျပာၾကားသည္။


လူတစ္ဦးကို မိေက်ာင္းစာ ေကြၽးျခင္း အပါအ၀င္ ရာဇ၀တ္ ဂိုဏ္းမ်ားပံုစံ သတ္ျဖတ္မႈအေသး စိတ္ကို ၎ကေျပာသည္။

ဒူတာတီ၏ ေျပာေရးဆုိခြင့္ရွိ သူက ယင္းစြပ္စဲြခ်က္မ်ားကို ျငင္း ဆိုၿပီး ၿမိဳ႕ေတာ္၀န္အျဖစ္ တာ၀န္ ထမ္းေဆာင္စဥ္ကာလက ျဖစ္ရပ္ မ်ားကို စံုစမ္းစစ္ေဆးမႈမ်ားသည္ မည္သို႔မွ် မထူးျခားခဲ့ဟု ေျပာ သည္။

မာတိုဘာတို(၅၇)ႏွစ္က ၎သည္ လူေထာင္ႏွင့္ခ်ီ၍ သတ္ျဖတ္ခဲ့ေသာ နာမည္ဆိုးျဖင့္ ေက်ာ္ၾကားသည့္ ဒါဗာအိုလူသတ္အဖဲြ႕၏ အဖဲြ႕၀င္ျဖစ္ခဲ့သည္ဟု ေျပာ သည္။

‘‘ကြၽန္ေတာ္တို႔ရဲ႕ အလုပ္က မူးယစ္ေဆး၀ါးေရာင္းတဲ့လူေတြ၊ မုဒိမ္းေကာင္ေတြ၊ အလစ္သုတ္ သူေတြလို ရာဇ၀တ္ေကာင္ေတြ ကို သတ္ပစ္ဖို႔ပဲျဖစ္ပါတယ္’’ ဟု ၎ကေျပာသည္။

ၿမိဳ႕ေတာ္၀န္ရာထူးအတြက္ ေဒသတြင္း ၿပိဳင္ဘက္ ပ႐ိုစပီ႐ိုႏို ဂရာလိစ္၏ သက္ေတာ္ေစာင့္ ေလးဦး အပါအ၀င္ ဒူတာတီ၏ ၿပိဳင္ဘက္မ်ားလည္း ပစ္မွတ္ထားခံခဲ့ရသည္ဟု ၎ကေျပာသည္။

အသတ္ခံရသူမ်ားကို ေသ နတ္ျဖင့္ပစ္သတ္ျခင္း (သို႔မဟုတ္) လည္ပင္းညႇစ္သတ္ခဲ့ၿပီး အခ်ိဳ႕ကို ပင္လယ္ထဲပစ္ခ်ကာ ငါးစာေကြၽးျခင္းႏွင့္ အူမ်ားေဖာက္ထုတ္ပစ္ျခင္းတုိ႔လည္း ျပဳလုပ္ခဲ့သည္ဟု မာတိုဘာတုိကေျပာသည္။

ဒူတာတီ သမၼတျဖစ္လာခ်ိန္ တြင္ အသတ္ခံရမည္ကို စိုးရိမ္ ေသာေၾကာင့္ မ်က္ျမင္သက္ေသ ကာကြယ္ေရးစီမံကိန္းမွေန၍ ပုန္းေအာင္းေနခဲ့သည္ဟု မာတိုဘာတိုက လႊတ္ေတာ္အဖဲြ႕သို႔ ေျပာသည္။

ဒူတာတီအေနျဖင့္ ယင္းကဲ့ သို႔ အမိန္႔မ်ားေပးႏိုင္သည္ဟု မိမိ မထင္ေၾကာင္း ၎၏ေျပာေရးဆို ခြင့္ရွိသူ မာတင္အန္ဒါနာက ေျပာ သည္။

ဖိလစ္ပိုင္ လူ႔အခြင့္အေရး ေကာ္မရွင္အဖဲြ႕သည္ ဒါဗာအိုလူ သတ္အဖဲြ႕ရွိခဲ့ေၾကာင္းပင္ သက္ ေသမျပႏိုင္ခဲ့ဟု မာတင္အန္ဒါနာ က ေျပာသည္။ 

ဖိုးသူေတာ္ (www.phothutaw.com)
Credit :   7Day Daily

#Unicode Version

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတီသည် ဒါဗာအိုမြို့တော် ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ စဉ်က နိုင်ငံရေးပြိုင်ဘက်များကို သတ်ဖြတ်ရန် ညွှန်ကြားခဲ့ကြောင်း ပါးကွက်သား အဖွဲ့ဝင်ဟောင်း တစ်ဦးက စွပ်စွဲပြောဆိုသည်။

(၂၅)နှစ်တာကာလအတွင်း ၎င်းနှင့် အခြားပါးကွက်သားများ သည် လူ ၁,၀၀၀ ခန့်ကို သတ်ပစ် ခဲ့သည်ဟု အဒ်ဂါမာတိုဘာတိုက လွှတ်တော်ကြားနာမှုတစ်ခုတွင် ပြောကြားသည်။


လူတစ်ဦးကို မိကျောင်းစာ ကျွေးခြင်း အပါအဝင် ရာဇဝတ် ဂိုဏ်းများပုံစံ သတ်ဖြတ်မှုအသေး စိတ်ကို ၎င်းကပြောသည်။

ဒူတာတီ၏ ပြောရေးဆိုခွင့်ရှိ သူက ယင်းစွပ်စွဲချက်များကို ငြင်း ဆိုပြီး မြို့တော်ဝန်အဖြစ် တာဝန် ထမ်းဆောင်စဉ်ကာလက ဖြစ်ရပ် များကို စုံစမ်းစစ်ဆေးမှုများသည် မည်သို့မျှ မထူးခြားခဲ့ဟု ပြော သည်။

မာတိုဘာတို(၅၇)နှစ်က ၎င်းသည် လူထောင်နှင့်ချီ၍ သတ်ဖြတ်ခဲ့သော နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဒါဗာအိုလူသတ်အဖွဲ့၏ အဖွဲ့ဝင်ဖြစ်ခဲ့သည်ဟု ပြော သည်။

‘‘ကျွန်တော်တို့ရဲ့ အလုပ်က မူးယစ်ဆေးဝါးရောင်းတဲ့လူတွေ၊ မုဒိမ်းကောင်တွေ၊ အလစ်သုတ် သူတွေလို ရာဇဝတ်ကောင်တွေ ကို သတ်ပစ်ဖို့ပဲဖြစ်ပါတယ်’’ ဟု ၎င်းကပြောသည်။

မြို့တော်ဝန်ရာထူးအတွက် ဒေသတွင်း ပြိုင်ဘက် ပရိုစပီရိုနို ဂရာလိစ်၏ သက်တော်စောင့် လေးဦး အပါအဝင် ဒူတာတီ၏ ပြိုင်ဘက်များလည်း ပစ်မှတ်ထားခံခဲ့ရသည်ဟု ၎င်းကပြောသည်။

အသတ်ခံရသူများကို သေ နတ်ဖြင့်ပစ်သတ်ခြင်း (သို့မဟုတ်) လည်ပင်းညှစ်သတ်ခဲ့ပြီး အချို့ကို ပင်လယ်ထဲပစ်ချကာ ငါးစာကျွေးခြင်းနှင့် အူများဖောက်ထုတ်ပစ်ခြင်းတို့လည်း ပြုလုပ်ခဲ့သည်ဟု မာတိုဘာတိုကပြောသည်။

ဒူတာတီ သမ္မတဖြစ်လာချိန် တွင် အသတ်ခံရမည်ကို စိုးရိမ် သောကြောင့် မျက်မြင်သက်သေ ကာကွယ်ရေးစီမံကိန်းမှနေ၍ ပုန်းအောင်းနေခဲ့သည်ဟု မာတိုဘာတိုက လွှတ်တော်အဖွဲ့သို့ ပြောသည်။

ဒူတာတီအနေဖြင့် ယင်းကဲ့ သို့ အမိန့်များပေးနိုင်သည်ဟု မိမိ မထင်ကြောင်း ၎င်း၏ပြောရေးဆို ခွင့်ရှိသူ မာတင်အန်ဒါနာက ပြော သည်။

ဖိလစ်ပိုင် လူ့အခွင့်အရေး ကော်မရှင်အဖွဲ့သည် ဒါဗာအိုလူ သတ်အဖွဲ့ရှိခဲ့ကြောင်းပင် သက် သေမပြနိုင်ခဲ့ဟု မာတင်အန်ဒါနာ က ပြောသည်။ 

ဖိုးသူတော် (www.phothutaw.com)
Credit :   7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top