Property Expo
×

 ဆားပါဝင္မႈေလ်ာ့နည္းေသာ အစားအစာမ်ားသည္ ႏွလံုးေသြးေၾကာ ဆိုင္ရာ ေရာဂါမ်ားျဖစ္ပြားႏိုင္သည့္ အႏၲရာယ္ကို ပိုမ်ားလာေစ ေၾကာင္း ေလ့လာမႈအသစ္တစ္ရပ္က ေဖာ္ျပၿပီး ယင္းကဲ့သို႔ ဆား ပါဝင္မႈနည္းပါးေသာ အစားအစာမ်ား မလိုအပ္ဘဲ စားသံုးေနမႈကိုရပ္ဆိုင္းသင့္သည္ဟု သုေတသီမ်ားကေျပာသည္။


အစားအစာမ်ားတြင္ ဆားပါဝင္မႈကို ေလွ်ာ့ခ်သင့္သူမ်ားမွာ ေသြးတိုးေရာဂါရွိသူမ်ား (သို႔မဟုတ္) ဆားစားသံုးမႈ ျမင့္မားသူမ်ားျဖစ္သည္ဟု မက္မာစတာတကၠသိုလ္မွ သုေတသီမ်ားကေျပာသည္။

ႏိုင္ငံေပါင္း ၄၉ ႏိုင္ငံမွ လူေပါင္း ၁၃၀,၀၀၀ ပါဝင္ေသာ ယင္း ကမၻာလံုးဆိုင္ရာ ေလ့လာမႈက ဆားစားသံုးမႈ၊ ေသြးတိုးေရာဂါႏွင့္ ႏွလံုးေရာဂါ၊ ေလျဖတ္ျခင္းႏွင့္ ေသဆံုးျခင္းတို႔ကဲ့သို႔ က်န္းမာေရး ျပႆနာမ်ားအၾကား ဆက္စပ္မႈမ်ားကို အဓိကထားေလ့လာထား ျခင္းျဖစ္သည္။

ဆားစားသံုးမႈပမာဏနည္းပါးျခင္းႏွင့္ ႏွလံုးေရာဂါ၊ ေလျဖတ္ ျခင္းႏွင့္ ေသဆံုးျခင္းတို႔ ပိုမိုဆက္စပ္မႈရွိေၾကာင္း သုေတသီမ်ား ေလ့လာေတြ႕ရွိခဲ့သည္။

ယင္းေလ့လာေတြ႕ရွိမႈသည္ ေသြးတိုးေရာဂါခံစားေနရသူမ်ား အတြက္ အေရးႀကီးေသာ ေလ့လာေတြ႕ရွိခ်က္ျဖစ္ေၾကာင္း သုေတသီမ်ားက ေျပာသည္။

ေသြးတိုးေရာဂါရွိသူမ်ား ဆားစားသံုးမႈပမာဏေလွ်ာ့ခ်ရန္ အ ေရးႀကီးေၾကာင္း မိမိတို႔၏ေလ့လာမႈက ေဖာ္ျပသည္ဟု သုေတသီ မ်ားက ေျပာသည္။

ဆားစားသံုးမႈေလွ်ာ့ခ်ျခင္းေၾကာင့္ ေသြးေပါင္သည္ သာမန္ ဆားစားသံုးသူမ်ားထက္ က်ဆင္းႏိုင္ေသာ္လည္း ဆားစားသံုးမႈ နည္းပါးျခင္းေၾကာင့္ အျခားေသာ ထိခိုက္မႈမ်ားလည္း ျဖစ္ေပၚလာ ႏိုင္သည္။

ယင္းကဲ့သို႔ ထိခိုက္မႈမ်ားတြင္ အခ်ိဳ႕ေသာ ေဟာ္မုန္းမ်ား ပိုမ်ား ျပားလာျခင္းတို႔ ပါဝင္သည္။

အေမရိကန္ေရာဂါထိန္းခ်ဳပ္ကာကြယ္ေရးဌာန (CDC)၏ ေဖာ္ျပမႈအရ အေမရိကန္ႏိုင္ငံသားအမ်ားစုသည္ ဆားဓာတ္ကို စီမံထား ေသာ အစားအစာမ်ားႏွင့္ စားေသာက္ဆိုင္ အစားအစာမ်ားမွ ရရွိ ေၾကာင္း သိရသည္။

အသက္(၁၄)ႏွစ္အရြယ္ (သို႔မဟုတ္) ယင္းထက္ ပိုႀကီးသူတစ္ဦးသည္ တစ္ေန႔လွ်င္ ဆားစားသံုးမႈပမာဏ ၂၃၀၀ မီလီဂရမ္ေအာက္ သာရွိသင့္ေၾကာင္း ပညာရွင္မ်ားကေျပာသည္။

ဖုိးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

Unicode Version

 ဆားပါဝင်မှုလျော့နည်းသော အစားအစာများသည် နှလုံးသွေးကြော ဆိုင်ရာ ရောဂါများဖြစ်ပွားနိုင်သည့် အန္တရာယ်ကို ပိုများလာစေ ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြပြီး ယင်းကဲ့သို့ ဆား ပါဝင်မှုနည်းပါးသော အစားအစာများ မလိုအပ်ဘဲ စားသုံးနေမှုကိုရပ်ဆိုင်းသင့်သည်ဟု သုတေသီများကပြောသည်။


အစားအစာများတွင် ဆားပါဝင်မှုကို လျှော့ချသင့်သူများမှာ သွေးတိုးရောဂါရှိသူများ (သို့မဟုတ်) ဆားစားသုံးမှု မြင့်မားသူများဖြစ်သည်ဟု မက်မာစတာတက္ကသိုလ်မှ သုတေသီများကပြောသည်။

နိုင်ငံပေါင်း ၄၉ နိုင်ငံမှ လူပေါင်း ၁၃၀,၀၀၀ ပါဝင်သော ယင်း ကမ္ဘာလုံးဆိုင်ရာ လေ့လာမှုက ဆားစားသုံးမှု၊ သွေးတိုးရောဂါနှင့် နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် သေဆုံးခြင်းတို့ကဲ့သို့ ကျန်းမာရေး ပြဿနာများအကြား ဆက်စပ်မှုများကို အဓိကထားလေ့လာထား ခြင်းဖြစ်သည်။

ဆားစားသုံးမှုပမာဏနည်းပါးခြင်းနှင့် နှလုံးရောဂါ၊ လေဖြတ် ခြင်းနှင့် သေဆုံးခြင်းတို့ ပိုမိုဆက်စပ်မှုရှိကြောင်း သုတေသီများ လေ့လာတွေ့ရှိခဲ့သည်။

ယင်းလေ့လာတွေ့ရှိမှုသည် သွေးတိုးရောဂါခံစားနေရသူများ အတွက် အရေးကြီးသော လေ့လာတွေ့ရှိချက်ဖြစ်ကြောင်း သုတေသီများက ပြောသည်။

သွေးတိုးရောဂါရှိသူများ ဆားစားသုံးမှုပမာဏလျှော့ချရန် အ ရေးကြီးကြောင်း မိမိတို့၏လေ့လာမှုက ဖော်ပြသည်ဟု သုတေသီ များက ပြောသည်။

ဆားစားသုံးမှုလျှော့ချခြင်းကြောင့် သွေးပေါင်သည် သာမန် ဆားစားသုံးသူများထက် ကျဆင်းနိုင်သော်လည်း ဆားစားသုံးမှု နည်းပါးခြင်းကြောင့် အခြားသော ထိခိုက်မှုများလည်း ဖြစ်ပေါ်လာ နိုင်သည်။

ယင်းကဲ့သို့ ထိခိုက်မှုများတွင် အချို့သော ဟော်မုန်းများ ပိုများ ပြားလာခြင်းတို့ ပါဝင်သည်။

အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးဌာန (CDC)၏ ဖော်ပြမှုအရ အမေရိကန်နိုင်ငံသားအများစုသည် ဆားဓာတ်ကို စီမံထား သော အစားအစာများနှင့် စားသောက်ဆိုင် အစားအစာများမှ ရရှိ ကြောင်း သိရသည်။

အသက်(၁၄)နှစ်အရွယ် (သို့မဟုတ်) ယင်းထက် ပိုကြီးသူတစ်ဦးသည် တစ်နေ့လျှင် ဆားစားသုံးမှုပမာဏ ၂၃၀၀ မီလီဂရမ်အောက် သာရှိသင့်ကြောင်း ပညာရှင်များကပြောသည်။


ဖိုးသူတော် (www.phothutaw.com)

Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top