Property Expo
×





#Unicode Version

ယူဂန်ဒါက အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို လိင် တူစိတ်ဝင်စားသူလို့ စွပ်စွဲစွဲချက်တင်ပြီး ဖမ်းဆီးလိုက်တယ်လို့ သိရ ပါတယ်။ မြို့တော်သတင်းထုတ်ပြန်ချက်တွေအရ အဆိုပါ မိန်းက လေးငယ်က အခြားသူငယ်ချင်းကောင်မလေးတစ်ဦးကို အနမ်းပေး ခြင်းနဲ့ အခြားလိင်မှုကိစ္စအပြုအမူတွေ ပြုလုပ်ခဲ့ခြင်းတွေကို တွေ့ရှိ ခဲ့ရတဲ့အတွက် စစ်ဆေးဖမ်းဆီးခြင်းခံရတယ်လို့ သိရပါတယ်။

အိမ်နီးချင်းတွေကလည်း အဖမ်းဆီးခံရတဲ့ အသက် ၈ နှစ်အရွယ် ကလေးမလေးက သူငယ်ချင်းမိန်းကလေးငယ်တစ်ဦးက သာမန် ထက်ပိုမိုတဲ့ ရင်းနှီးချစ်ခင်တာတွေထက်ကျော်လွန်ပြီးတော့ ပြုမူ ဆက်ဆံတာမျိုးတွေရှိတာကို မြင်တွေ့ခဲ့ရဖူးတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အဆိုပါ မိန်းကလေးငယ်ကို မိန်းကလေးအချင်းချင်း စိတ်ဝင်စားချစ်ခင်မှု၊ လိင်တူချစ်ခင်မှုနဲ့ ဖမ်းဆီးစစ်ဆေးခြင်းတွေ ပြုလုပ်နေပြီးတော့ နိုင်ငံရဲ့ဥပဒေနဲ့ လိုက်နာမှုတွေအရ လိင်တူချစ် ခြင်းတွေ၊ ကျားမလိင်တူစုံမက်ခြင်းတွေကို တားမြစ်ထားပြီးတော့ ဥပဒေအရ ချိုးဖောက်မှုတွေ ဖြစ်တယ်လို့ သိရပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top