Kantharyar Centre
×

ရန္ကုန္နဲ႔ မႏၱေလးၿမိဳ႕ေတြက အထပ္ျမင့္အေဆာက္အဦေတြမ်ားတဲ့အျပင္ စစ္ကိုင္းျပတ္ေရြ႕ေၾကာနားမွာရွိေနလုိ႔ ငလ်င္အႏၱရာယ္ ပိုမိုသတိထားဖို႔နဲ႔ အထပ္ျမင့္ အေဆာက္အဦေတြကို ငလ်င္ဒဏ္ခံႏုိင္ရည္ ရွိ၊မရွိ ဆန္းစစ္ဖို႔ ျမန္မာႏုိင္ငံငလ်င္ေကာ္မတီက သတိေပးခ်က္ထုတ္ျပန္ထားပါတယ္။

ရန္ကုန္နဲ႔မႏၱေလးၿမိဳ႕ေတြက လူေနထူထပ္လုိ႔ အထပ္ျမင့္အေဆာက္ဦေတြကို ငလ်င္ဒဏ္ခံႏုိင္မႈ ရွိမရွိ ဆန္းစစ္သင့္တယ္လို႔ ျမန္မာႏုိင္ငံ ငလ်င္ေကာ္မတီ အတြင္းေရးမွဴး ေဒါက္တာမ်ိဳးသန္႔က ေျပာပါတယ္။

"ရန္ကုန္နဲ႔ မႏၱေလးမွာရွိတဲ႔ အေဆာက္အဦေတြက ငလ်င္ဒဏ္ဆုိတဲ႔ဟာကို ထည့္သြင္းစဥ္းစားၿပီး ေဆာက္လုပ္တာ ေတာ္ေတာ္ နည္းမယ္လို႔ထင္တယ္။ ရန္ကုန္ေရာ မႏၱေလးေရာမွာရွိတဲ႔ အေဆာက္ဦေတာ္ေတာ္မ်ားဟာ ငလ်င္လႈပ္ခဲ႔မယ္ဆိုရင္ ဒဏ္ခံရႏိုင္တာ ရာခုိင္ႏႈန္းေတာ္ေတာ္မ်ားပါတယ္"လို႔ ေဒါက္တာမ်ဳိးသန္႔က ေျပာပါတယ္။

အဓိကျပတ္ေရြ႕ေၾကာတစ္ခုျဖစ္တဲ႔ စစ္ကိုင္းျပတ္ေရြ႕ေၾကာက ငလ်င္လႈပ္ရင္ အထက္ေအာက္လႈပ္ရွားမႈထက္ ေဘးတုိက္လႈပ္ရွားမႈေတြကို ပိုခံစားရမွာျဖစ္လို႔ ျပတ္ေရြ႕ေၾကာတစ္ေလွ်ာက္မွာရွိတဲ့ ျမစ္ႀကီးနား၊ သပိတ္က်င္း၊ တေကာင္း၊ စစ္ကိုင္း၊ မႏၱေလး၊ ေနျပည္ေတာ္၊ ေတာင္ငူ၊ ျဖဴးနဲ႔ ပဲခူးစတဲ့ၿမိဳ႕ေတြလည္း ငလ်င္ဒဏ္ခံရဖြယ္ရွိတယ္လို႔ ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ရန်ကုန်နဲ့ မန္တလေးမြို့တွေက အထပ်မြင့်အဆောက်အဦတွေများတဲ့အပြင် စစ်ကိုင်းပြတ်ရွေ့ကြောနားမှာရှိနေလို့ ငလျင်အန္တရာယ် ပိုမိုသတိထားဖို့နဲ့ အထပ်မြင့် အဆောက်အဦတွေကို ငလျင်ဒဏ်ခံနိုင်ရည် ရှိ၊မရှိ ဆန်းစစ်ဖို့ မြန်မာနိုင်ငံငလျင်ကော်မတီက သတိပေးချက်ထုတ်ပြန်ထားပါတယ်။

ရန်ကုန်နဲ့မန္တလေးမြို့တွေက လူနေထူထပ်လို့ အထပ်မြင့်အဆောက်ဦတွေကို ငလျင်ဒဏ်ခံနိုင်မှု ရှိမရှိ ဆန်းစစ်သင့်တယ်လို့ မြန်မာနိုင်ငံ ငလျင်ကော်မတီ အတွင်းရေးမှူး ဒေါက်တာမျိုးသန့်က ပြောပါတယ်။

"ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ အဆောက်အဦတွေက ငလျင်ဒဏ်ဆိုတဲ့ဟာကို ထည့်သွင်းစဉ်းစားပြီး ဆောက်လုပ်တာ တော်တော် နည်းမယ်လို့ထင်တယ်။ ရန်ကုန်ရော မန္တလေးရောမှာရှိတဲ့ အဆောက်ဦတော်တော်များဟာ ငလျင်လှုပ်ခဲ့မယ်ဆိုရင် ဒဏ်ခံရနိုင်တာ ရာခိုင်နှုန်းတော်တော်များပါတယ်"လို့ ဒေါက်တာမျိုးသန့်က ပြောပါတယ်။

အဓိကပြတ်ရွေ့ကြောတစ်ခုဖြစ်တဲ့ စစ်ကိုင်းပြတ်ရွေ့ကြောက ငလျင်လှုပ်ရင် အထက်အောက်လှုပ်ရှားမှုထက် ဘေးတိုက်လှုပ်ရှားမှုတွေကို ပိုခံစားရမှာဖြစ်လို့ ပြတ်ရွေ့ကြောတစ်လျှောက်မှာရှိတဲ့ မြစ်ကြီးနား၊ သပိတ်ကျင်း၊ တကောင်း၊ စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ တောင်ငူ၊ ဖြူးနဲ့ ပဲခူးစတဲ့မြို့တွေလည်း ငလျင်ဒဏ်ခံရဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top