Property Expo
×

ေရွးေဟာင္းသုေတသန ပညာရွင္မ်ားသည္ သက္တမ္း ႏွစ္ ၂၀၀၀ ရွိ လူသားအ႐ုိးစုကို ေျမထဲပင္လယ္အတြင္း သေဘၤာပ်က္၌ ေတြ႕ရွိရၿပီး ယင္းသေဘၤာပ်က္သည္ အထူးဆန္းဆုံး နည္းပညာ တစ္စိတ္တစ္ပိုင္းျဖစ္သည့္ သံပတ္နာရီ ေတြ႕ရွိရသည့္ သေဘၤာပ်က္ပင္ျဖစ္ေၾကာင္း Nature ဂ်ာနယ္က စက္တင္ဘာ ၁၉ ရက္တြင္ ေဖာ္ျပခဲ့သည္။
ဂရိႏိုင္ငံ အင္တီကီသာရာကြၽန္း၏ ကမ္းလြန္တြင္ ၾသဂုတ္ ၃၁ ရက္က ေတြ႕ရွိခဲ့ရသည့္ အဆိုပါ႐ုပ္ၾကြင္းကို ဒီအင္ေအ စစ္ေဆးခ်က္မ်ား ေဆာင္ရြက္ႏိုင္ပါက အ႐ုိးစုကို မည္သူမည္၀ါျဖစ္ေၾကာင္း ေျခရာခံရန္ သဲလြန္စမ်ား ေဖာ္ထုတ္ႏိုင္လိမ့္မည္ဟု အဆိုပါသိပၸံဂ်ာနယ္က ေျပာၾကားထားသည္။

ဦးေခါင္းခြံ တစ္စိတ္တစ္ပိုင္း၊ လက္ဖ်ံ႐ုိးႏွစ္ခု၊ နံ႐ုိးမ်ားစြာႏွင့္ ေပါင္႐ုိးႏွစ္ခု အပါအ၀င္ အံ့ၾသဖြယ္ေကာင္းေလာက္ေအာင္ အေကာင္းအတိုင္း က်န္ေနသည့္ အ႐ုိးမ်ားသည္ မုန္တိုင္းအတြင္း နစ္ျမဳပ္ခဲ့ဖြယ္ရွိေသာ ဘီစီ ပထမရာစုက ေက်ာ္ၾကားေသာ ကုန္သည္သေဘၤာႏွင့္ ပတ္သက္သည့္ လွ်ဳိ႕၀ွက္ခ်က္မ်ားကိုလည္း ေဖာ္ထုတ္ႏိုင္ေစဖြယ္ရွိသည္။

ဂရိအစိုးရက ယခုအထိ ဒီအင္ေအ စမ္းသပ္ခ်က္မ်ား ျပဳလုပ္ရန္ ခြင့္ျပဳခ်က္ မေပးေသးေပ။

ယခုအ႐ုိးစုသည္ အလြန္ရွားပါးေသာ ေတြ႕ရွိခ်က္ ျဖစ္သည္။ သေဘၤာပ်က္ရာတြင္ ေသဆုံးသူတို႔၏ အေလာင္းမ်ားသည္ ေမ်ာပါးသြားျခင္း သို႔မဟုတ္ ငါးမ်ားက စားသြားျခင္းတို႔ ျဖစ္ေပၚေလ့ရွိၿပီး ရာစုႏွစ္ မဆိုထားႏွင့္၊ ဆယ္စုႏွစ္မ်ား ခ်ီလ်က္ က်န္ရစ္ရန္ပင္ ျဖစ္ႏိုင္ခဲလွသည္ဟု ဆိုသည္။

“ဒါမ်ဳိး ရွိခဲ့ဖူးလားဆိုတာ ကြၽန္ေတာ္တို႔ မသိဘူး” ဟု ယခုရွာေဖြမႈကို ပူးတြဲညႊန္ၾကားသူ မက္ဆာခ်ဴးဆက္ျပည္နယ္ ၀ုဒ္႐ႈိး သမုဒၵရာပိုင္းပညာဌာနမွ ေရေအာက္ေရွးေဟာင္း သုေတသနပညာရွင္ ဘရန္ဒန္ဖိုေလးက ေျပာၾကားခဲ့သည္။

ကနဦးၾကည့္႐ႈသုံးသပ္မႈအရ ယင္းအ႐ုိးစု႐ုပ္ၾကြင္းသည္ လူငယ္တစ္ဦး ျဖစ္ပုံရသည္ဟု ဒိန္းမတ္ သဘာ၀သမိုင္းျပတိုက္မွ ေရွးေဟာင္း ဒီအင္ေအ သုံးသပ္ေရးကြၽမ္းက်င္သူ ဟန္နက္စ္ဆခ႐ုိးဒါးက ေျပာၾကားခဲ့သည္။

သူက “ဒါဟာ သက္တမ္း ၂၀၀၀ ရွိတဲ့ အ႐ုိးစုနဲ႔ မတူပါဘူး” ဟု ၎က ေျပာၾကားခဲ့သည္။

ဆခ႐ုိးဒါးက နားရြက္ အေနာက္ဘက္တြင္ရွိသည့္ အ႐ုိးကို ရရွိခဲ့ျခင္းအတြက္ ေက်နပ္ေနၿပီး ယင္း အ႐ုိးသည္ သြားမ်ား သို႔မဟုတ္ အ႐ုိးစု၏ အျခားအစိတ္အပိုင္းမ်ားထက္ ပို၍ ေကာင္းစြာ ဒီအင္ေအကို ထိန္းသိမ္းထားႏိုင္သည္ဟု ဆိုသည္။

“အဲ့ဒီမွာ ဒီအင္ေအ ရွိႏိုင္သလားဆိုေတာ့ ကြၽန္ေတာ္တို႔ သိထားတဲ့ အခ်က္အရေတာ့ ရွိႏိုင္ပါတယ္” ဟု ဆခ႐ုိးဒါးက ဆိုသည္။

ဒီအင္ေအကို ရရွိပါက ဆံပင္ႏွင့္ မ်က္လုံးအေရာင္တို႔ကို ေဖာ္ထုတ္ႏိုင္သည့္အျပင္ အဆက္အႏႊယ္ႏွင့္ ေနရင္းဌာေန ဇာစ္ျမစ္ကိုလည္း ေဖာ္ထုတ္ႏိုင္လိမ့္မည္ဟု ဆိုသည္။

#Unicode Version
ရှေးဟောင်းသုတေသန ပညာရှင်များသည် သက်တမ်း နှစ် ၂၀၀၀ ရှိ လူသားအရိုးစုကို မြေထဲပင်လယ်အတွင်း သင်္ဘောပျက်၌ တွေ့ရှိရပြီး ယင်းသင်္ဘောပျက်သည် အထူးဆန်းဆုံး နည်းပညာ တစ်စိတ်တစ်ပိုင်းဖြစ်သည့် သံပတ်နာရီ တွေ့ရှိရသည့် သင်္ဘောပျက်ပင်ဖြစ်ကြောင်း Nature ဂျာနယ်က စက်တင်ဘာ ၁၉ ရက်တွင် ဖော်ပြခဲ့သည်။
ဂရိနိုင်ငံ အင်တီကီသာရာကျွန်း၏ ကမ်းလွန်တွင် သြဂုတ် ၃၁ ရက်က တွေ့ရှိခဲ့ရသည့် အဆိုပါရုပ်ကြွင်းကို ဒီအင်အေ စစ်ဆေးချက်များ ဆောင်ရွက်နိုင်ပါက အရိုးစုကို မည်သူမည်ဝါဖြစ်ကြောင်း ခြေရာခံရန် သဲလွန်စများ ဖော်ထုတ်နိုင်လိမ့်မည်ဟု အဆိုပါသိပ္ပံဂျာနယ်က ပြောကြားထားသည်။

ဦးခေါင်းခွံ တစ်စိတ်တစ်ပိုင်း၊ လက်ဖျံရိုးနှစ်ခု၊ နံရိုးများစွာနှင့် ပေါင်ရိုးနှစ်ခု အပါအဝင် အံ့သြဖွယ်ကောင်းလောက်အောင် အကောင်းအတိုင်း ကျန်နေသည့် အရိုးများသည် မုန်တိုင်းအတွင်း နစ်မြုပ်ခဲ့ဖွယ်ရှိသော ဘီစီ ပထမရာစုက ကျော်ကြားသော ကုန်သည်သင်္ဘောနှင့် ပတ်သက်သည့် လျှို့ဝှက်ချက်များကိုလည်း ဖော်ထုတ်နိုင်စေဖွယ်ရှိသည်။

ဂရိအစိုးရက ယခုအထိ ဒီအင်အေ စမ်းသပ်ချက်များ ပြုလုပ်ရန် ခွင့်ပြုချက် မပေးသေးပေ။

ယခုအရိုးစုသည် အလွန်ရှားပါးသော တွေ့ရှိချက် ဖြစ်သည်။ သင်္ဘောပျက်ရာတွင် သေဆုံးသူတို့၏ အလောင်းများသည် မျောပါးသွားခြင်း သို့မဟုတ် ငါးများက စားသွားခြင်းတို့ ဖြစ်ပေါ်လေ့ရှိပြီး ရာစုနှစ် မဆိုထားနှင့်၊ ဆယ်စုနှစ်များ ချီလျက် ကျန်ရစ်ရန်ပင် ဖြစ်နိုင်ခဲလှသည်ဟု ဆိုသည်။

“ဒါမျိုး ရှိခဲ့ဖူးလားဆိုတာ ကျွန်တော်တို့ မသိဘူး” ဟု ယခုရှာဖွေမှုကို ပူးတွဲညွှန်ကြားသူ မက်ဆာချူးဆက်ပြည်နယ် ဝုဒ်ရှိုး သမုဒ္ဒရာပိုင်းပညာဌာနမှ ရေအောက်ရှေးဟောင်း သုတေသနပညာရှင် ဘရန်ဒန်ဖိုလေးက ပြောကြားခဲ့သည်။

ကနဦးကြည့်ရှုသုံးသပ်မှုအရ ယင်းအရိုးစုရုပ်ကြွင်းသည် လူငယ်တစ်ဦး ဖြစ်ပုံရသည်ဟု ဒိန်းမတ် သဘာဝသမိုင်းပြတိုက်မှ ရှေးဟောင်း ဒီအင်အေ သုံးသပ်ရေးကျွမ်းကျင်သူ ဟန်နက်စ်ဆခရိုးဒါးက ပြောကြားခဲ့သည်။

သူက “ဒါဟာ သက်တမ်း ၂၀၀၀ ရှိတဲ့ အရိုးစုနဲ့ မတူပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

ဆခရိုးဒါးက နားရွက် အနောက်ဘက်တွင်ရှိသည့် အရိုးကို ရရှိခဲ့ခြင်းအတွက် ကျေနပ်နေပြီး ယင်း အရိုးသည် သွားများ သို့မဟုတ် အရိုးစု၏ အခြားအစိတ်အပိုင်းများထက် ပို၍ ကောင်းစွာ ဒီအင်အေကို ထိန်းသိမ်းထားနိုင်သည်ဟု ဆိုသည်။

“အဲ့ဒီမှာ ဒီအင်အေ ရှိနိုင်သလားဆိုတော့ ကျွန်တော်တို့ သိထားတဲ့ အချက်အရတော့ ရှိနိုင်ပါတယ်” ဟု ဆခရိုးဒါးက ဆိုသည်။

ဒီအင်အေကို ရရှိပါက ဆံပင်နှင့် မျက်လုံးအရောင်တို့ကို ဖော်ထုတ်နိုင်သည့်အပြင် အဆက်အနွှယ်နှင့် နေရင်းဌာနေ ဇာစ်မြစ်ကိုလည်း ဖော်ထုတ်နိုင်လိမ့်မည်ဟု ဆိုသည်။
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top