Property Expo
×

အင္း၀အပ္ခ်ဳပ္ဆုိင္မွ မိသားစု၀င္တစ္ဦးျဖစ္ေသာ ကိုရာ ဇာထြန္းကို ယမန္ေန႔(စက္တင္ဘာ ၂၃ ရက္) ကဖမ္းဆီးႏုိင္ခဲ့ၿပီး မိ သားစု၀င္အားလုံးကို ရာဇသတ္ ႀကီးဥပေဒျဖင့္ ထပ္မံအမႈဖြင့္ထား ေၾကာင္း သတင္းရရွိသည္။

လက္ရွိတြင္ ၎မိသားစု၀င္ မ်ားထဲမွ ေဒၚတင္သူဇာ၊ မစုမြန္ လတ္၊ ကိုတင္မင္းလတ္၊ ဦးကို လတ္ႏွင့္ သမက္ျဖစ္သူကိုရာဇာ ထြန္းတို႔ကို ဖမ္းဆီးရမိထားၿပီး သမီးအႀကီး မသီရိလတ္ကိုမူ မမိ ေသးေခ်။ ၎တို႔ေျခာက္ဦးစလုံးကို အေနာက္ပိုင္းခ႐ုိင္တရား႐ုံးက လူ ကုန္ကူးမႈ တားဆီးကာကြယ္ေရး ဥပေဒပုဒ္မ ၂၄၊ ၂၉၊ ၃၂ မ်ားျဖင့္ တရားစဲြဆိုထားသည္။

ေက်ာက္တံတားၿမိဳ႕နယ္ လမ္း(၄၀)ရွိ အင္း၀အပ္ခ်ဳပ္ဆုိင္ တြင္ အိမ္အကူမိန္းကေလးႏွစ္ဦး ကို အျပင္းအထန္နာက်င္ဒဏ္ရာ မ်ားရရွိေအာင္ သစ္သားတုတ္ျဖင့္ ႐ုိက္ျခင္း၊ ေရေႏြးပူျဖင့္ေလာင္း ျခင္း၊ ကတ္ေၾကးျဖင့္ ထုိးျခင္း၊ တံ ျမက္စည္း႐ုိးျဖင့္ ႐ုိက္ျခင္း၊ လက္ ေခ်ာင္းမ်ား လွန္ခ်ဳိးျခင္းမ်ားျပဳလုပ္ ခဲ့သည့္အျပင္ ေနအိမ္မွ ထြက္သြား ျခင္းမျပဳႏုိင္ေအာင္ မတရားတား ဆီးပိတ္ပင္ထားေၾကာင္း ေပၚ ေပါက္သျဖင့္ အဆုိပါ မိသားစု၀င္ မ်ားကို ရာဇသတ္ႀကီးပုဒ္မမ်ားျဖင့္ ထပ္မံအမႈဖြင့္ေၾကာင္း သတင္းရရွိ သည္။စက္တင္ဘာ ၂၀ ရက္တြင္ ရန္ကုန္တုိင္းရဲတပ္ဖဲြ႕က လူကုန္ ကူးမႈတားဆီးကာကြယ္ေရးဥပေဒ ပုဒ္မ ၂၄/၃၂ ျဖင့္လည္းေကာင္း၊ စက္တင္ဘာ ၂၁ ရက္တြင္ လူမႈ ၀န္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္ လည္ေနရာခ်ထားေရး၀န္ႀကီးဌာန က ကေလးသူငယ္ဥပေဒပုဒ္မ ၆၆ (ဃ)ျဖင့္လည္းေကာင္း၊ စက္တင္ ဘာ ၂၂ ရက္တြင္ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၂၆၊ ၃၂၅၊ ၃၄၄၊ ၁၄၄ တုိ႔ျဖင့္လည္းေကာင္း ဆက္တုိက္အမႈဖြင့္ခဲ့ျခင္းျဖစ္သည္။

‘‘လူကုန္ကူးမႈအပါအ၀င္ တျခားရာဇ၀တ္ႀကီးေတြနဲ႔ တရား ဥပေဒရဲ႕ အျမင့္ဆုံးစီရင္မႈကို ရရွိ ေစဖို႔ ရဲမွဴးခ်ဳပ္ဦး၀င္းႏုိင္ဦးစီးၿပီး ရဲ တပ္ဖဲြ႕က အခုခ်ိန္ထိ အလုံးအ ရင္းနဲ႔ ႀကိဳးစားေနၾကတယ္။ ဆက္ ၿပီး ဖမ္းဆီးမႈေတြလုပ္ဖို႔ အပူတ ျပင္းႀကိဳးစားေနတယ္’’ ဟု အဆုိပါ အမႈကိုစုံစမ္းေဖာ္ထုတ္သူ Myan mar Now သတင္းေထာက္ခ်ဳပ္ ကိုေဆြ၀င္းက စက္တင္ဘာ ၂၂ ရက္က ၎၏ေဖ့စ္ဘြတ္ခ္စာမ်က္ ႏွာတြင္ ေရးသားခဲ့သည္။

ရာဇသတ္ႀကီး ဥပေဒပုဒ္မ၃၂၅ သည္ အျပင္းအထန္နာက်င္ ေစမႈျဖစ္ၿပီး အမ်ားဆုံး ေထာင္ဒဏ္ ခုနစ္ႏွစ္ထိ   ခ်မွတ္ႏုိင္သကဲ့သို႔ ေငြဒဏ္လည္း ခ်မွတ္ႏိုင္သည္။ ပုဒ္မ ၃၂၆ မွာေဘးျဖစ္ေစတတ္ေသာ လက္နက္ႏွင့္ မီးျဖင့္ အျပင္း အထန္နာက်င္ေစမႈ၊ ပုဒ္မ ၃၄၄ မွာ ဆယ္ရက္(သို႔မဟုတ္) ဆယ္ရက္ထက္ပို၍ မတရားခ်ဳပ္ေႏွာင္ထားမႈ၊ပုဒ္မ၁၄၄မွာ ကိုယ္တုိင္ မက်ဴးလြန္ေသာ္လည္း အားေပးကူညီျခင္းျဖစ္တာေၾကာင့္ က်ဴးလြန္သူကဲ့သို႔    ျပစ္ဒဏ္ေပး၍ရ သည္ဟု ဥပေဒအႀကံေပး ဦးခင္ ေမာင္ျမင့္က ရွင္းျပသည္။

လူကုန္ကူးမႈ တားဆီးကာ ကြယ္ေရးဥပေဒ၊ ကေလးသူငယ္ အက္ဥပေဒတို႔သည္ သက္ဆုိင္ရာ ဌာနမ်ားက သီးသန္႔စဲြဆုိရသည့္ အထူးဥပေဒမ်ားျဖစ္ၿပီး ရာဇသတ္ ႀကီးဥပေဒမွာ ႏုိင္ငံသားအားလုံး ႏွင့္ သက္ဆုိင္သည့္ ဥပေဒျဖစ္ သည္ဟု ဥပေဒအႀကံေပးဦးခင္ ေမာင္ျမင့္က ရွင္းျပသည္။

ယခုတရားစဲြထားသည့္ ပုဒ္မ ၂၄၊ ၂၉၊ ၃၂ တုိ႔သည္ အမ်ားဆုံး ေထာင္ဒဏ္တစ္သက္တစ္ကြၽန္း၊ အနည္းဆုံး ေထာင္ဒဏ္ဆယ္ႏွစ္ ထိ ခ်မွတ္ႏုိင္ေၾကာင္း ဥပေဒအ ႀကံေပးဦးခင္ေမာင္ျမင့္က ေျပာ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
အင်းဝအပ်ချုပ်ဆိုင်မှ မိသားစုဝင်တစ်ဦးဖြစ်သော ကိုရာ ဇာထွန်းကို ယမန်နေ့(စက်တင်ဘာ ၂၃ ရက်) ကဖမ်းဆီးနိုင်ခဲ့ပြီး မိ သားစုဝင်အားလုံးကို ရာဇသတ် ကြီးဥပဒေဖြင့် ထပ်မံအမှုဖွင့်ထား ကြောင်း သတင်းရရှိသည်။

လက်ရှိတွင် ၎င်းမိသားစုဝင် များထဲမှ ဒေါ်တင်သူဇာ၊ မစုမွန် လတ်၊ ကိုတင်မင်းလတ်၊ ဦးကို လတ်နှင့် သမက်ဖြစ်သူကိုရာဇာ ထွန်းတို့ကို ဖမ်းဆီးရမိထားပြီး သမီးအကြီး မသီရိလတ်ကိုမူ မမိ သေးချေ။ ၎င်းတို့ခြောက်ဦးစလုံးကို အနောက်ပိုင်းခရိုင်တရားရုံးက လူ ကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄၊ ၂၉၊ ၃၂ များဖြင့် တရားစွဲဆိုထားသည်။

ကျောက်တံတားမြို့နယ် လမ်း(၄၀)ရှိ အင်းဝအပ်ချုပ်ဆိုင် တွင် အိမ်အကူမိန်းကလေးနှစ်ဦး ကို အပြင်းအထန်နာကျင်ဒဏ်ရာ များရရှိအောင် သစ်သားတုတ်ဖြင့် ရိုက်ခြင်း၊ ရေနွေးပူဖြင့်လောင်း ခြင်း၊ ကတ်ကြေးဖြင့် ထိုးခြင်း၊ တံ မြက်စည်းရိုးဖြင့် ရိုက်ခြင်း၊ လက် ချောင်းများ လှန်ချိုးခြင်းများပြုလုပ် ခဲ့သည့်အပြင် နေအိမ်မှ ထွက်သွား ခြင်းမပြုနိုင်အောင် မတရားတား ဆီးပိတ်ပင်ထားကြောင်း ပေါ် ပေါက်သဖြင့် အဆိုပါ မိသားစုဝင် များကို ရာဇသတ်ကြီးပုဒ်မများဖြင့် ထပ်မံအမှုဖွင့်ကြောင်း သတင်းရရှိ သည်။စက်တင်ဘာ ၂၀ ရက်တွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့က လူကုန် ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄/၃၂ ဖြင့်လည်းကောင်း၊ စက်တင်ဘာ ၂၁ ရက်တွင် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာန က ကလေးသူငယ်ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့်လည်းကောင်း၊ စက်တင် ဘာ ၂၂ ရက်တွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၆၊ ၃၂၅၊ ၃၄၄၊ ၁၄၄ တို့ဖြင့်လည်းကောင်း ဆက်တိုက်အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

‘‘လူကုန်ကူးမှုအပါအဝင် တခြားရာဇဝတ်ကြီးတွေနဲ့ တရား ဥပဒေရဲ့ အမြင့်ဆုံးစီရင်မှုကို ရရှိ စေဖို့ ရဲမှူးချုပ်ဦးဝင်းနိုင်ဦးစီးပြီး ရဲ တပ်ဖွဲ့က အခုချိန်ထိ အလုံးအ ရင်းနဲ့ ကြိုးစားနေကြတယ်။ ဆက် ပြီး ဖမ်းဆီးမှုတွေလုပ်ဖို့ အပူတ ပြင်းကြိုးစားနေတယ်’’ ဟု အဆိုပါ အမှုကိုစုံစမ်းဖော်ထုတ်သူ Myan mar Now သတင်းထောက်ချုပ် ကိုဆွေဝင်းက စက်တင်ဘာ ၂၂ ရက်က ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက် နှာတွင် ရေးသားခဲ့သည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ၃၂၅ သည် အပြင်းအထန်နာကျင် စေမှုဖြစ်ပြီး အများဆုံး ထောင်ဒဏ် ခုနစ်နှစ်ထိ   ချမှတ်နိုင်သကဲ့သို့ ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ပုဒ်မ ၃၂၆ မှာဘေးဖြစ်စေတတ်သော လက်နက်နှင့် မီးဖြင့် အပြင်း အထန်နာကျင်စေမှု၊ ပုဒ်မ ၃၄၄ မှာ ဆယ်ရက်(သို့မဟုတ်) ဆယ်ရက်ထက်ပို၍ မတရားချုပ်နှောင်ထားမှု၊ပုဒ်မ၁၄၄မှာ ကိုယ်တိုင် မကျူးလွန်သော်လည်း အားပေးကူညီခြင်းဖြစ်တာကြောင့် ကျူးလွန်သူကဲ့သို့    ပြစ်ဒဏ်ပေး၍ရ သည်ဟု ဥပဒေအကြံပေး ဦးခင် မောင်မြင့်က ရှင်းပြသည်။

လူကုန်ကူးမှု တားဆီးကာ ကွယ်ရေးဥပဒေ၊ ကလေးသူငယ် အက်ဥပဒေတို့သည် သက်ဆိုင်ရာ ဌာနများက သီးသန့်စွဲဆိုရသည့် အထူးဥပဒေများဖြစ်ပြီး ရာဇသတ် ကြီးဥပဒေမှာ နိုင်ငံသားအားလုံး နှင့် သက်ဆိုင်သည့် ဥပဒေဖြစ် သည်ဟု ဥပဒေအကြံပေးဦးခင် မောင်မြင့်က ရှင်းပြသည်။

ယခုတရားစွဲထားသည့် ပုဒ်မ ၂၄၊ ၂၉၊ ၃၂ တို့သည် အများဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း၊ အနည်းဆုံး ထောင်ဒဏ်ဆယ်နှစ် ထိ ချမှတ်နိုင်ကြောင်း ဥပဒေအ ကြံပေးဦးခင်မောင်မြင့်က ပြော သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top