Property Expo
×

အခ်စ္ဆူးေတြစူးမိျပီး အရူးအမူးခ်စ္မိခဲ့တဲ့ေနာက္ပိုင္းမွာ သစ္စိမ္းခ်ိဳးခ်ိဳးသလို ခံလိုက္ရတဲ့အခါ အသည္းကြဲတဲ့စိတ္ဒဏ္ရာနဲ ့ ရူးမိုက္ျပီးဆက္ခ်စ္ေနမွာလား။ ျဖစ္ခ်င္ရာျဖစ္ဆိုၿပီး လုပ္ခ်င္ရာေတြ ေလွ်ာက္လုပ္ေတာ့မွာလား။ ၾကံရာမရေတာ့ပဲ စိတ္ထင္ရာမဆိုင္းပါနဲ႕ဦး။ ဒါေလးေတြကိုဖတ္ၾကည့္ပါ။

၁) အသည္းကြဲရင္ အရင္ဆံုး vodka ပုလင္းကို သတိရတတ္ၾကပါတယ္။ သတိရတတ္ရင္ အသိေလးပါထားပါ။ အသည္းကြဲလို႔ vodka ေသာက္ရင္း အေသာက္လြန္သြားခဲ့ရင္ ေနာက္တစ္ေန႔မနက္မွာ ခံစားရတဲ့ အရက္နာက်တဲ့ ေခါင္းကိုက္ေ၀ဒနာဟာ အသည္းကြဲတာထက္ပိုဆိုးႏိုင္တယ္ဆိုတာကိုေပါ့။

ဒီလိုေသာက္စားမူးယစ္ေနမယ့္အစား သီခ်င္းနားေထာင္ရင္း အနီးအနားမွာရွိတဲ့ပန္းျခံထဲ ေလ့က်င့္လုပ္တာကမွ က်န္းမာေရးအတြက္ ေကာင္းက်ိဳးေတြရႏိုင္ပါေသးတယ္။

ဒါမွမဟုတ္လည္း အလွျပင္ဆိုင္သြားျပီး ဆံပင္ညွပ္၊ေဆးဆိုးတစ္ခုခုလုပ္ရင္လုပ္။ အသံုးအေဆာင္ပစၥည္း အသစ္ေတြ၀ယ္ရင္၀ယ္။ ဒီလိုနဲ ့ စိတ္သစ္လူသစ္နဲ ့ သာယာတဲ့မနက္ျဖန္ေတြကို အက်ိဳးရွိရွိအသံုးခ်ပါ။

၂) ရည္းစားရွိေနရင္ေတာင္ ရည္းစားျဖစ္ေနစဥ္ကာလတစ္ေလွ်ာက္လံုးမွာ သူ႕အတြက္ပဲ အခ်ိန္ေတြ၊ ေငြေတြကုန္ေနရလို ့ တစ္ကိုယ္ရည္ တစ္ကာယသမားက အေကာင္းဆံုးပါပဲ။ ရည္းစားမထားတဲ့ အခါက်ေတာ့ သူငယ္ခ်င္းေတြနဲ ့ ေတြ႔ဆံု ေပ်ာ္ပါးဖို ့၊ခရီးထြက္ဖို႔အခ်ိန္ေတြ၊ ေငြေတြပိုထြက္လာႏိုင္တာေပါ့။ ဒီလိုအခ်ိန္ေတြကို အသံုးခ်ျပီး စိတ္လြတ္လက္လြတ္သာ အပန္းေျဖလိုက္ပါ။

၃) “ဆိတ္ဆိတ္ေနေထာင္တန္တယ္”တဲ့။ ေဒါသစိတ္ကိုအလိုလုိက္ျပီး ေဖ့စ္ဘြတ္ခ္အစရွိတဲ့ ဆိုရွယ္လ္နက္ေ၀ါ႔ခ္ေတြမွာ ရည္းစားေဟာင္းကို ပုတ္ခတ္ေရးသားတာ၊ ဆဲေရးတိုင္းထြာျပီးေရးတာေတြက စိတ္ထြက္ေပါက္ခဏရေစႏိုင္ျပီး သူ႔ဘက္က ဘာမွတံု႕ျပန္မွဳမရွိရင္ စိတ္ထဲမွာ မတင္မက်နဲ႕ကိုယ္ပဲ စိတ္အေႏွာက္အယွက္ျဖစ္ရမွာပါ။ သူ႔ဘက္ကလဲ ျပန္ပုတ္ခတ္ေျပာဆိုလာရင္ ဆတ္ဆတ္ထိ မခံနဲ႔ျပန္ခံေနရမွာလဲ ကိုယ္ပဲေလ။ ေနာက္တစ္ခုအေရးၾကီးတာက ဒီလိုဆိုရွယ္လ္မီဒီယာ တိုးတက္ေနတဲ့ ေခတ္ၾကီးမွာအရာတိုင္းက တည္ျမဲေနႏိုင္တယ္။ ကိုယ္ပုတ္ခတ္ေျပာဆိုေရးသားထားတာေတြကို ေနာက္တစ္ေန႔ေရာက္မွ ေဒါသေျပလို ့ ျပန္ဖ်က္လိုက္ႏိုင္ခဲ့ရင္ေတာင္ တျခားသူေတြက၂စကၠန္ ့ အတြင္းမွာပဲ Screen Shotဖမ္းရိုက္ထားႏိုင္ပါတယ္။ကိုယ့္သိကၡာကိုယ္မခ်ၾကပါနဲ ့။ဒီလိုအျဖစ္မ်ိဳးေတြကျဖစ္ေနၾကပါ။

၄)သူ႕အေၾကာင္းေတြကို ေဖ့စ္ဘြတ္ခ္မွာျမင္ေတြ႕ေနရလို႔ စိတ္မခ်မ္းမသာျဖစ္ေနရင္ လ်စ္လွ်ဴရွဳႏိုင္ဖို႔ၾကိဳးစားပါ။ စိတ္လိုက္မာန္ပါဘေလာ့ခ္လုပ္လိုက္ရင္လဲ သူ႔သူငယ္ခ်င္းေတြက ကိုယ့္အေကာင့္မွာရွိဦးမွာပါပဲ။ အားလံုးကိုဘေလာ့ခ္လိုက္လုပ္မွာလား၊ လ်စ္လွ်ဴရွဳျပီး ကိုယ့္ဘ၀နဲ ့ ကိုယ္သာသာယာယာေနလိုက္မွာလားဆိုတာကို စဥ္းစားဆံုးျဖတ္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

အချစ်ဆူးတွေစူးမိပြီး အရူးအမူးချစ်မိခဲ့တဲ့နောက်ပိုင်းမှာ သစ်စိမ်းချိုးချိုးသလို ခံလိုက်ရတဲ့အခါ အသည်းကွဲတဲ့စိတ်ဒဏ်ရာနဲ့ ရူးမိုက်ပြီးဆက်ချစ်နေမှာလား။ ဖြစ်ချင်ရာဖြစ်ဆိုပြီး လုပ်ချင်ရာတွေ လျှောက်လုပ်တော့မှာလား။ ကြံရာမရတော့ပဲ စိတ်ထင်ရာမဆိုင်းပါနဲ့ဦး။ ဒါလေးတွေကိုဖတ်ကြည့်ပါ။

၁) အသည်းကွဲရင် အရင်ဆုံး vodka ပုလင်းကို သတိရတတ်ကြပါတယ်။ သတိရတတ်ရင် အသိလေးပါထားပါ။ အသည်းကွဲလို့ vodka သောက်ရင်း အသောက်လွန်သွားခဲ့ရင် နောက်တစ်နေ့မနက်မှာ ခံစားရတဲ့ အရက်နာကျတဲ့ ခေါင်းကိုက်ဝေဒနာဟာ အသည်းကွဲတာထက်ပိုဆိုးနိုင်တယ်ဆိုတာကိုပေါ့။

ဒီလိုသောက်စားမူးယစ်နေမယ့်အစား သီချင်းနားထောင်ရင်း အနီးအနားမှာရှိတဲ့ပန်းခြံထဲ လေ့ကျင့်လုပ်တာကမှ ကျန်းမာရေးအတွက် ကောင်းကျိုးတွေရနိုင်ပါသေးတယ်။

ဒါမှမဟုတ်လည်း အလှပြင်ဆိုင်သွားပြီး ဆံပင်ညှပ်၊ဆေးဆိုးတစ်ခုခုလုပ်ရင်လုပ်။ အသုံးအဆောင်ပစ္စည်း အသစ်တွေဝယ်ရင်ဝယ်။ ဒီလိုနဲ့ စိတ်သစ်လူသစ်နဲ့ သာယာတဲ့မနက်ဖြန်တွေကို အကျိုးရှိရှိအသုံးချပါ။

၂) ရည်းစားရှိနေရင်တောင် ရည်းစားဖြစ်နေစဉ်ကာလတစ်လျှောက်လုံးမှာ သူ့အတွက်ပဲ အချိန်တွေ၊ ငွေတွေကုန်နေရလို့ တစ်ကိုယ်ရည် တစ်ကာယသမားက အကောင်းဆုံးပါပဲ။ ရည်းစားမထားတဲ့ အခါကျတော့ သူငယ်ချင်းတွေနဲ့ တွေ့ဆုံ ပျော်ပါးဖို့၊ခရီးထွက်ဖို့အချိန်တွေ၊ ငွေတွေပိုထွက်လာနိုင်တာပေါ့။ ဒီလိုအချိန်တွေကို အသုံးချပြီး စိတ်လွတ်လက်လွတ်သာ အပန်းဖြေလိုက်ပါ။

၃) “ဆိတ်ဆိတ်နေထောင်တန်တယ်”တဲ့။ ဒေါသစိတ်ကိုအလိုလိုက်ပြီး ဖေ့စ်ဘွတ်ခ်အစရှိတဲ့ ဆိုရှယ်လ်နက်ဝေါ့ခ်တွေမှာ ရည်းစားဟောင်းကို ပုတ်ခတ်ရေးသားတာ၊ ဆဲရေးတိုင်းထွာပြီးရေးတာတွေက စိတ်ထွက်ပေါက်ခဏရစေနိုင်ပြီး သူ့ဘက်က ဘာမှတုံ့ပြန်မှုမရှိရင် စိတ်ထဲမှာ မတင်မကျနဲ့ကိုယ်ပဲ စိတ်အနှောက်အယှက်ဖြစ်ရမှာပါ။ သူ့ဘက်ကလဲ ပြန်ပုတ်ခတ်ပြောဆိုလာရင် ဆတ်ဆတ်ထိ မခံနဲ့ပြန်ခံနေရမှာလဲ ကိုယ်ပဲလေ။ နောက်တစ်ခုအရေးကြီးတာက ဒီလိုဆိုရှယ်လ်မီဒီယာ တိုးတက်နေတဲ့ ခေတ်ကြီးမှာအရာတိုင်းက တည်မြဲနေနိုင်တယ်။ ကိုယ်ပုတ်ခတ်ပြောဆိုရေးသားထားတာတွေကို နောက်တစ်နေ့ရောက်မှ ဒေါသပြေလို့ ပြန်ဖျက်လိုက်နိုင်ခဲ့ရင်တောင် တခြားသူတွေက၂စက္ကန့် အတွင်းမှာပဲ Screen Shotဖမ်းရိုက်ထားနိုင်ပါတယ်။ကိုယ့်သိက္ခာကိုယ်မချကြပါနဲ့။ဒီလိုအဖြစ်မျိုးတွေကဖြစ်နေကြပါ။

၄)သူ့အကြောင်းတွေကို ဖေ့စ်ဘွတ်ခ်မှာမြင်တွေ့နေရလို့ စိတ်မချမ်းမသာဖြစ်နေရင် လျစ်လျှူရှုနိုင်ဖို့ကြိုးစားပါ။ စိတ်လိုက်မာန်ပါဘလော့ခ်လုပ်လိုက်ရင်လဲ သူ့သူငယ်ချင်းတွေက ကိုယ့်အကောင့်မှာရှိဦးမှာပါပဲ။ အားလုံးကိုဘလော့ခ်လိုက်လုပ်မှာလား၊ လျစ်လျှူရှုပြီး ကိုယ့်ဘဝနဲ့ ကိုယ်သာသာယာယာနေလိုက်မှာလားဆိုတာကို စဉ်းစားဆုံးဖြတ်ပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top