(၃) လအတြင္း ျပီးစီးေတာ့မည့္ KBZ Tower (ကြန္ဒိုႏွင့္ ႐ံုးခန္း) အထူးအေရာင္းျပပြဲၾကီး
×

University of Iowa မွ သုေတသနပညာရွင္ေတြဟာ ၾကြက္သားေတြကို အိုမင္းရင့္ေရာ္ေစတဲ့ ပရိုတင္းဓါတ္ကိုရွာေဖြေတြ႔ရွိခဲ့ၿပီး ပန္းသီးနဲ႔ခရမ္းခ်ဥ္သီးတို႔မွာ ပါ၀င္တဲ့ဓါတ္ေပါင္းေတြက ဒီပရိုတင္းအေပၚ ျပန္လည္ေခ်ဖ်က္ေပးႏိုင္စြမ္း ရွိေၾကာင္းေလ့လာေတြ႔ရိွခဲ့ပါတယ္။

ၾကြက္သားအားနည္းရျခင္းနဲ႔ ခ်ိနဲ႔ေသးသိမ္ျခင္းေတြကို အဓိကျဖစ္ေစတာကေတာ့ ဇရာေၾကာင့္ျဖစ္ပါတယ္။ သုေတသနျပဳသူေတြအဆိုအရ ဒီဓါတ္ေပါင္းေတြကိုအသံုးျပဳၿပီး အသက္အရြယ္ေၾကာင့္ ျဖစ္ေပၚလာတဲ့ ၾကြက္သားအားနည္းျခင္းေတြကို ျပန္လည္သန္စြမ္းလာေအာင္ အေထာက္အကူျပဳႏုိင္လိမ့္မယ္လို႔ ဆိုပါတယ္။

“ ကြ်န္ေတာ္တို႔ လူေတြေတာ္ေတာ္မ်ားမ်ားဟာ အသက္ႀကီးလာတာနဲ႔အမွ် ၾကြက္သားေတြ ခ်ိနဲ႔အားနည္းလာတာကို သိၾကပါတယ္။ ဒီျပႆနာရဲ႕ အဓိကအေၾကာင္းအရင္းကေတာ့ ကြ်န္ေတာ္တို႔ဘ၀ေနထုိင္မႈနဲ႔ က်န္းမာေရးအေျခအေနေတြေၾကာင့္ပဲ ျဖစ္ပါတယ္” လို႔ University of Iowa မွ ေဆး၀ါးဆိုင္ရာ ပါေမာကၡ Dr. Christopher Adams က ရွင္းလင္းေျပာျပထားပါတယ္။

သုေတသနပညာရွင္ေတြဟာ ပန္းသီးမွာပါ၀င္တဲ့ Ursolic အက္စစ္နဲ႔ ခရမ္းခ်ဥ္သီးစိမ္းေတြမွာ ပါ၀င္တဲ့ Tomatidine ဓါတ္ေတြဟာ ဆာေလာင္မြတ္သိပ္မႈနဲ႔ လႈပ္ရွားမႈမရွိျခင္းေတြေၾကာင့္ ျဖစ္ေပၚလာတဲ့ ၾကြက္သားအားနည္းမႈေတြကို ကာကြယ္ရာမွာ အက်ိဳးသက္ေရာက္မႈရွိပါသတဲ့။

အသက္အရြယ္ ရလာတာနဲ႔အမွ် ၾကြက္သားေတြ သန္မာအားေကာင္းမႈ ပိုမိုရရွိေစဖို႔ သို႔ ထိန္းသိမ္းထားႏိုင္ဖို႔ ပညာရွင္ေတြက အစားအစာ၊ ျဖည္႔စြက္အစာေတြ သို႔ ေဆး၀ါးေတြကေန ဒီဓါတ္ေပါင္း၂မ်ိဳးလံုးကို ရရွိႏိုင္မယ့္ နည္းလမ္းေတြကိုရွာေဖြေဖာ္ထုတ္ဖို႔ စီစဥ္လ်က္ရွိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : thithtoolwin

#Unicode Version

University of Iowa မှ သုတေသနပညာရှင်တွေဟာ ကြွက်သားတွေကို အိုမင်းရင့်ရော်စေတဲ့ ပရိုတင်းဓါတ်ကိုရှာဖွေတွေ့ရှိခဲ့ပြီး ပန်းသီးနဲ့ခရမ်းချဉ်သီးတို့မှာ ပါဝင်တဲ့ဓါတ်ပေါင်းတွေက ဒီပရိုတင်းအပေါ် ပြန်လည်ချေဖျက်ပေးနိုင်စွမ်း ရှိကြောင်းလေ့လာတွေ့ရှိခဲ့ပါတယ်။

ကြွက်သားအားနည်းရခြင်းနဲ့ ချိနဲ့သေးသိမ်ခြင်းတွေကို အဓိကဖြစ်စေတာကတော့ ဇရာကြောင့်ဖြစ်ပါတယ်။ သုတေသနပြုသူတွေအဆိုအရ ဒီဓါတ်ပေါင်းတွေကိုအသုံးပြုပြီး အသက်အရွယ်ကြောင့် ဖြစ်ပေါ်လာတဲ့ ကြွက်သားအားနည်းခြင်းတွေကို ပြန်လည်သန်စွမ်းလာအောင် အထောက်အကူပြုနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

“ ကျွန်တော်တို့ လူတွေတော်တော်များများဟာ အသက်ကြီးလာတာနဲ့အမျှ ကြွက်သားတွေ ချိနဲ့အားနည်းလာတာကို သိကြပါတယ်။ ဒီပြဿနာရဲ့ အဓိကအကြောင်းအရင်းကတော့ ကျွန်တော်တို့ဘဝနေထိုင်မှုနဲ့ ကျန်းမာရေးအခြေအနေတွေကြောင့်ပဲ ဖြစ်ပါတယ်” လို့ University of Iowa မှ ဆေးဝါးဆိုင်ရာ ပါမောက္ခ Dr. Christopher Adams က ရှင်းလင်းပြောပြထားပါတယ်။

သုတေသနပညာရှင်တွေဟာ ပန်းသီးမှာပါဝင်တဲ့ Ursolic အက်စစ်နဲ့ ခရမ်းချဉ်သီးစိမ်းတွေမှာ ပါဝင်တဲ့ Tomatidine ဓါတ်တွေဟာ ဆာလောင်မွတ်သိပ်မှုနဲ့ လှုပ်ရှားမှုမရှိခြင်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ ကြွက်သားအားနည်းမှုတွေကို ကာကွယ်ရာမှာ အကျိုးသက်ရောက်မှုရှိပါသတဲ့။

အသက်အရွယ် ရလာတာနဲ့အမျှ ကြွက်သားတွေ သန်မာအားကောင်းမှု ပိုမိုရရှိစေဖို့ သို့ ထိန်းသိမ်းထားနိုင်ဖို့ ပညာရှင်တွေက အစားအစာ၊ ဖြည့်စွက်အစာတွေ သို့ ဆေးဝါးတွေကနေ ဒီဓါတ်ပေါင်း၂မျိုးလုံးကို ရရှိနိုင်မယ့် နည်းလမ်းတွေကိုရှာဖွေဖော်ထုတ်ဖို့ စီစဉ်လျက်ရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top