Property Expo
×

                      ရိုဟင္ဂ်ာ ဆိုတာ မရွိေၾကာင္း ဆႏၵျပၾကတဲ့ သံဃာေတြ

သံဃာ့ စည္းကမ္း ဝိနည္းေတြနဲ႔ ညီညြတ္ေအာင္ မလိုက္နာတဲ့ သံဃာေတြ ကို အေရးယူ ဖို႔ ေဆာင္ရြက္ေနေၾကာင္း ရန္ကုန္တိုင္း သာသနာေရးမွူးက ေျပာပါတယ္။

ရန္ကုန္တိုင္းသံဃ မဟာနာယက အဖြဲ႕ အစည္းအေဝး ဆုံးျဖတ္ခ်က္နဲ႔ လုပ္မယ့္ ဒီအစီအစဥ္ ဟာ ရန္ကုန္တိုင္းက အုပ္ခ်ဳပ္ေရးအာဏာပိုင္ေတြနဲ႔ ပူးေပါင္းလုပ္သြားမွာပါ။

ရန္ကုန္တိုင္း သာသနာေရးမွူး ဦးစိန္ေမာင္ က သံဃာမဟုတ္ပဲ လူပုဂၢိဳလ္ေတြက သဃန္း႐ုံကာ အလွူခံေနၾကတာေတြ ၊ သံဃာတန္မဲ့ ကားေမာင္းတာ ဆိုင္ကယ္ေမာင္းတာေတြ လုပ္ေနၾကတာေတြ က မသင့္ေလ်ာ္ဘူး လို႔ ဆိုပါတယ္။

သံဃာဆိုင္ရာ ညႊန္ၾကားခ်က္ေတြထဲမွာ ဘယ္လိုကိစၥမ်ိဳးေတြ ဆိုရင္ ဆႏၵျပလို႔ မရေၾကာင္းလည္း အတိအလင္း ညႊန္ၾကားထားေၾကာင္း သူက ေျပာေပမယ့္ အေသးစိတ္ကိုေတာ့ ေျပာၾကားနိုင္ျခင္း မရွိပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:BBC Burmese

#Unicode Version
ရိုဟင်ဂျာ ဆိုတာ မရှိကြောင်း ဆန္ဒပြကြတဲ့ သံဃာတွေ
သံဃာ့ စည်းကမ်း ဝိနည်းတွေနဲ့ ညီညွတ်အောင် မလိုက်နာတဲ့ သံဃာတွေ ကို အရေးယူ ဖို့ ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်း သာသနာရေးမှူးက ပြောပါတယ်။

ရန်ကုန်တိုင်းသံဃ မဟာနာယက အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ လုပ်မယ့် ဒီအစီအစဉ် ဟာ ရန်ကုန်တိုင်းက အုပ်ချုပ်ရေးအာဏာပိုင်တွေနဲ့ ပူးပေါင်းလုပ်သွားမှာပါ။

ရန်ကုန်တိုင်း သာသနာရေးမှူး ဦးစိန်မောင် က သံဃာမဟုတ်ပဲ လူပုဂ္ဂိုလ်တွေက သဃန်းရုံကာ အလှူခံနေကြတာတွေ ၊ သံဃာတန်မဲ့ ကားမောင်းတာ ဆိုင်ကယ်မောင်းတာတွေ လုပ်နေကြတာတွေ က မသင့်လျော်ဘူး လို့ ဆိုပါတယ်။

သံဃာဆိုင်ရာ ညွှန်ကြားချက်တွေထဲမှာ ဘယ်လိုကိစ္စမျိုးတွေ ဆိုရင် ဆန္ဒပြလို့ မရကြောင်းလည်း အတိအလင်း ညွှန်ကြားထားကြောင်း သူက ပြောပေမယ့် အသေးစိတ်ကိုတော့ ပြောကြားနိုင်ခြင်း မရှိပါဘူး။


ဖိုးသူတော် (www.phothutaw.com)
Credit:BBC Burmese
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top