Property Expo
×

ရုပ္ရွင္ရံုထဲကို ၀င္ေတာ့မယ္ဆုိရင္ ရုပ္ရွင္ၾကည့္ရင္းစားဖုိ႕ ေနၾကာေစ့ထုပ္ေလးတစ္ထုပ္ေတာ့ ပါတတ္စျမဲပါပဲ။ အခြံေလးခြာလိုက္၊ စားလိုက္နဲ႕ တစ္ခါတစ္ေလ တစ္ထုပ္လံုး ဘယ္လိုကုန္သြားမွန္းေတာင္ မသိလိုက္ရတာမ်ိဳဳးေတြ ရွိပါတယ္။ ဒါ့ေၾကာင့္လည္း ခုဆုိရင္ အခြံခြာစရာမလိုတဲ့ အသင့္စားေနၾကာေစ့အထုပ္ေလးေတြေတာင္ ေစ်းကြက္ထဲ ေနရာယူလာၾကပါျပီ။ ေနၾကာေစ့ဟာ ေမာပန္းႏြမ္းလ်ျခင္း၊ ေျခလက္ေတြကိုက္ခဲျခင္း၊ အေအးလြန္ကဲေစျခင္းစသည့္ ေသြးလည္ပတ္မႈနဲ႔ သက္ဆိုင္တဲ့ ေရာဂါျပ ႆ       နာေတြ ကုသရာမွာ ကူညီေပးပါတယ္။

ေနၾကာေစ့ေတြမွာ သတၱဳဓာတ္နဲ႔ ဗီတာမင္ဓာတ္ၾကြယ္ဝျပီး အထူးသျဖင့္ ဗီတာမင္ B1နဲ႔ E လည္း ေပါၾကြယ္ဝပါတယ္။ ေသြးလည္ပတ္မႈ တိုးတက္ေကာင္းမြန္ေစဖို႔ သူက ကူညီေပးႏိုင္တဲ့အျပင္ မ်က္စိ၊ ဆံေကသာ၊ ၾကြက္သားနဲ႔ အရုိးေတြအတြက္လည္း အက်ဳိးျဖစ္ေစပါတယ္။ အေရျပားပြန္းပဲ့ေယာင္ယမ္းနီျမန္းျခင္းကို ကာကြယ္ႏုိင္တဲ့ သတၱိ၊ ကိုလက္စထေရာပမာဏ ေလ်ာ့ခ်ႏုိင္တဲ့သတၱိရိွျပီး ကင္ဆာေရာဂါကိုလည္း ကာကြယ္ေပးႏုိင္တဲ့ သတိၱေတြပါရိွတယ္။ ကင္ဆာေရာဂါကို ကာကြယ္ခ်င္သူေတြအတြက္ နည္းေလးတစ္ခုကို ေျပာျပေပးခ်င္ပါတယ္။

ဒီနည္းအတြက္ လိုအပ္မယ့္အရာေတြကေတာ့

    ေရ 500ml
    အခြံႏြာျပီးသာ ေနၾကာေစ့ (1) ခြက္ တို႕ပဲျဖစ္ပါတယ္။

ျပဳလုပ္ပုံျပဳလုပ္နည္း

ေနၾကာေစ့ကို ပြတ္ပြတ္ဆူတဲ့ ေရေႏြးထဲ ၂ နာရီၾကာစိမ္ထားပါ။ စိမ္ထားတဲ့ ခြက္ေလးကို ဖုံးထားဖို႔ လည္း မေမ့ပါနဲ႔။ အဲ့အရည္ကုိ မနက္တိုင္း တစ္ခြက္ ေသာက္သံုးေပးသြားဖို႕ပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar


#Unicode Version

ရုပ်ရှင်ရုံထဲကို ဝင်တော့မယ်ဆိုရင် ရုပ်ရှင်ကြည့်ရင်းစားဖို့ နေကြာစေ့ထုပ်လေးတစ်ထုပ်တော့ ပါတတ်စမြဲပါပဲ။ အခွံလေးခွာလိုက်၊ စားလိုက်နဲ့ တစ်ခါတစ်လေ တစ်ထုပ်လုံး ဘယ်လိုကုန်သွားမှန်းတောင် မသိလိုက်ရတာမျိုုးတွေ ရှိပါတယ်။ ဒါ့ကြောင့်လည်း ခုဆိုရင် အခွံခွာစရာမလိုတဲ့ အသင့်စားနေကြာစေ့အထုပ်လေးတွေတောင် ဈေးကွက်ထဲ နေရာယူလာကြပါပြီ။ နေကြာစေ့ဟာ မောပန်းနွမ်းလျခြင်း၊ ခြေလက်တွေကိုက်ခဲခြင်း၊ အအေးလွန်ကဲစေခြင်းစသည့် သွေးလည်ပတ်မှုနဲ့ သက်ဆိုင်တဲ့ ရောဂါပြ ဿ       နာတွေ ကုသရာမှာ ကူညီပေးပါတယ်။

နေကြာစေ့တွေမှာ သတ္တုဓာတ်နဲ့ ဗီတာမင်ဓာတ်ကြွယ်ဝပြီး အထူးသဖြင့် ဗီတာမင် B1နဲ့ E လည်း ပေါကြွယ်ဝပါတယ်။ သွေးလည်ပတ်မှု တိုးတက်ကောင်းမွန်စေဖို့ သူက ကူညီပေးနိုင်တဲ့အပြင် မျက်စိ၊ ဆံကေသာ၊ ကြွက်သားနဲ့ အရိုးတွေအတွက်လည်း အကျိုးဖြစ်စေပါတယ်။ အရေပြားပွန်းပဲ့ယောင်ယမ်းနီမြန်းခြင်းကို ကာကွယ်နိုင်တဲ့ သတ္တိ၊ ကိုလက်စထရောပမာဏ လျော့ချနိုင်တဲ့သတ္တိရှိပြီး ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်တဲ့ သတ္တိတွေပါရှိတယ်။ ကင်ဆာရောဂါကို ကာကွယ်ချင်သူတွေအတွက် နည်းလေးတစ်ခုကို ပြောပြပေးချင်ပါတယ်။

ဒီနည်းအတွက် လိုအပ်မယ့်အရာတွေကတော့

    ရေ 500ml
    အခွံနွာပြီးသာ နေကြာစေ့ (1) ခွက် တို့ပဲဖြစ်ပါတယ်။

ပြုလုပ်ပုံပြုလုပ်နည်း

နေကြာစေ့ကို ပွတ်ပွတ်ဆူတဲ့ ရေနွေးထဲ ၂ နာရီကြာစိမ်ထားပါ။ စိမ်ထားတဲ့ ခွက်လေးကို ဖုံးထားဖို့ လည်း မမေ့ပါနဲ့။ အဲ့အရည်ကို မနက်တိုင်း တစ်ခွက် သောက်သုံးပေးသွားဖို့ပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top