Kantharyar Centre
×

 ေရွးေဟာင္းပုဂံၿမိဳ႕တြင္ ဉာဏ္ ေတာ္အျမင့္ဆံုးျဖစ္သည့္ သဗၺညဳဘုရား သည္ အေပၚပိုင္းပ်က္စီးမႈမ်ားျပားေသာ ေၾကာင့္ ပညာရွင္ႏွင့္ စစ္ေဆးမႈမ်ားျပဳ လုပ္ကာ အေရးေပၚျပဳျပင္ေဆာင္ရြက္ မည္ဟု ယဥ္ေက်းမႈ၀န္ႀကီးဌာန ေရွး ေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပ တိုက္ဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမွဴး ခ်ဳပ္ ဦးသိန္းလြင္က ေျပာသည္။

ေဆာက္လုပ္ေရး၀န္ႀကီးဌာနက သဗၺညဳဘုရားအား စမ္းသပ္စစ္ေဆး မႈတြင္ အက္ကဲြေၾကာင္းမ်ားေတြ႕ရွိမႈႏွင့္ ပတ္သက္ၿပီး သတင္းထုတ္ျပန္ေပးမည္ ျဖစ္ေၾကာင္း ေဆာက္လုပ္ေရး၀န္ႀကီး ဌာန အၿမဲတမ္းအတြင္း၀န္ ဦးေက်ာ္လင္း က ေျပာသည္။

‘‘ကၽြန္ေတာ္တုိ႔က ပုဂံမွာရွိတဲ့ဘုရား ေတြေပါ့။ အက္ေၾကာင္းေတြက ဘယ္ ေလာက္နက္သလဲတုိင္းေတာ့ စက္ရွိတာ ေပါ့။ UPV စက္ေပါ့။ လႊတ္လိုက္တဲ့ အသံက က်န္တဲ့အက္ေၾကာင္းေတြထဲ ၀င္သြားေတာ့ ျပန္ထြက္မလာဘူးေပါ့ ဗ်ာ။ အဲဒီလိုတိုင္းမရတဲ့ သေဘာပါ။ ကၽြန္ေတာ္တို႔ မ်က္ျမင္ေပါ့ေနာ္။ အေပၚတက္ၿပီးေတာ့ ကြမ္းေတာင္တို႔ အက္ေၾကာင္းေတြၾကည့္တာ ေပါ့။ အက္ေၾကာင္းေတြကေတာ့ ကၽြန္ေတာ္တုိ႔ ေတြ႕ပါတယ္။ အ ေပၚမွာေရာ အတြင္းထဲမွာေရာ ေပါ့ေနာ္’’ဟု ေဆာက္လုပ္ေရး ၀န္ႀကီးဌာန ဒုတိယၫႊန္ ၾကားေရး မွဴးခ်ဳပ္ ဦးျမင့္ေဇာ္က ေျပာသည္။

‘‘သဗၺညဳဘုရားက အေပၚ ပုိင္းမွာ ေတာ္ေတာ္ပ်က္စီးသြား တာ မွန္ပါတယ္။ ဒါကို ပညာရွင္ ေတြနဲ႔ စစ္ေဆးၿပီးေတာ့ အေရး ေပၚ ျပဳျပင္ဖို႔လုပ္ေနပါတယ္။ ယူနက္စကိုက ပညာရွင္ေတြေရာ၊ ျမန္မာျပည္တြင္းက ပညာရွင္ေတြ ေရာ လုပ္ေနပါတယ္။ ကန္ေတာ့ ပလႅင္ကလည္း အေပၚပိုင္း ပ်က္ စီးသြားပါတယ္။ အရင္ဆံုး ဘယ္ ဟာကို စၿပီးလုပ္ရမလဲဆုိတာ စစ္ ေဆးေနပါတယ္’’ဟု ဒုတိယၫႊန္ ၾကားေရးမွဴးခ်ဳပ္ ဦးသိန္းလြင္က ေျပာသည္။

လက္ရွိတြင္ သဗၺညဳဘုရား ကုိ အျပင္ဘက္ႏွင့္ ဘုရား၏ ၀င္ ေပါက္အနီးအထိသာ ဖူးေျမာ္ခြင့္ ေပးထားၿပီး ဘုရားအတြင္း ၀င္ ေရာက္ လွည့္လည္ၾကည့္႐ႈခြင့္ ကန္႔သတ္ထားေၾကာင္း ၎က ဆက္လက္ေျပာၾကားသည္။

‘‘ဘယ္ေလာက္ထိ ပ်က္စီး သြားတယ္။ ဘယ္အပိုင္းေတြ ပ်က္စီးသြားတယ္ဆိုတာ အစီရင္ ခံစာထြက္လာမွ သိရမွာပါ။ ဘယ္ လိုပ်က္စီးေနတယ္။ ဘယ္အပိုင္း ကို ျပဳျပင္ရမလဲဆုိတာ ပညာရွင္ ေတြဆီက အစီရင္ခံစာ ထြက္လာ မွာပါ’’ဟု ပုဂံေရွးေဟာင္း သုေတ သနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီး ဌာန ၫႊန္ၾကားေရးမွဴး ဦးေအာင္ ေအာင္ေက်ာ္က ေျပာသည္။

‘‘သဗၺညဳရဲ႕ အေပၚပုိင္းက ေတာ့ အုတ္ေတြက မြသြားတာ ေပါ့။ ပုဂံမွာရွိတဲ့ ဘုရားေတြက လည္း ငလ်င္ဒဏ္ကိုခံရတာ အ နည္းဆံုးအႀကိမ္ ၂၀ အထက္ ေတာ့ရွိပါလိမ့္မယ္။ တည္ေဆာက္ ၿပီးကတည္းကေန အခုခ်ိန္ထိ ေပါ့။ သဗၺညဳဆုိတာ အျမင့္ႀကီးဆို ေတာ့ မိုးဒဏ္ေလဒဏ္ေတြရွိ တယ္။ အခုေတာ့ေတာ္ေတာ္ေလး အႏၲရာယ္ရွိတဲ့အေနအထားမွာ ေရာက္သြားတာေပါ့။ တပ္ကအင္ ဂ်င္နီယာေတြနဲ႔ ပူးေပါင္းၿပီးေတာ့ ဒါကို အျမန္ဆံုးျပန္လည္ပူးေပါင္း ၿပီးေတာ့ လုပ္ေနၾကပါတယ္’’ဟု ကုလသမဂၢ ပညာေရးသိပၸံႏွင့္ယဥ္ ေက်းမႈအဖဲြ႕ (ယူနက္စကို) ယဥ္ ေက်းမႈဌာနအစီအ စဥ္ညိႇႏိႈင္းေရး မွဴး ေဒၚဥမၼာမ်ိဳးက ေျပာသည္။

ပုဂံၿမိဳ႕ရွိ ငလ်င္ဒဏ္သင့္ ေစတီပုထိုးမ်ားတြင္ ရွင္းလင္းေရး ကို လာမည့္ ေအာက္တိုဘာ၌ အ ၿပီးေဆာင္ရြက္မည္ဟု သာသနာ ေရးႏွင့္ ယဥ္ေက်းမႈ၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး သူရဦး ေအာင္ကုိက ေျပာၾကားထားသည္။

ငလ်င္ေၾကာင့္ ပ်က္စီးသြား ေသာ ပုဂံၿမိဳ႕ရွိ ေစတီပုထိုးမ်ားအ တြက္ ေငြေၾကးနည္းပညာမ်ား အ ကူအညီေပးရန္ အိႏိၵယ၊ တ႐ုတ္၊ ကိုရီးယား၊ ဂ်ပန္အပါအ၀င္ ဥေရာပႏုိင္ငံမ်ားက ကမ္းလွမ္း ထားသည္ဟု ဆုိသည္။

ပုဂံၿမိဳ႕ရွိ ငလ်င္ဒဏ္ေၾကာင့္ ပ်က္စီးသြားေသာ ေစတီပုထိုးမ်ား အနက္ မိုးယုိစိမ့္မႈျပႆနာ အဓိ က ႀကံဳေတြ႕ႏိုင္ေသာ ေစတီပုထိုး အဆူ ၄၀ ကို မိုးကာမ်ားမိုးထား သည္။

ၾသဂုတ္ ၂၄ ရက္က ေခ်ာက္ ၿမိဳ႕အနီးကုိ ဗဟုိျပဳ၍ ရစ္ခ်္တာ စေကး ၆ ဒသမ ၈ အဆင့္ရွိ အင္ အားျပင္းငလ်င္တစ္ခု လႈပ္ခတ္ ရာ ပုဂံေဒသရွိ ေစတီပုထိုး ၃၉၇ ဆူပ်က္စီးခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 ရှေးဟောင်းပုဂံမြို့တွင် ဉာဏ် တော်အမြင့်ဆုံးဖြစ်သည့် သဗ္ဗညုဘုရား သည် အပေါ်ပိုင်းပျက်စီးမှုများပြားသော ကြောင့် ပညာရှင်နှင့် စစ်ဆေးမှုများပြု လုပ်ကာ အရေးပေါ်ပြုပြင်ဆောင်ရွက် မည်ဟု ယဉ်ကျေးမှုဝန်ကြီးဌာန ရှေး ဟောင်းသုတေသနနှင့် အမျိုးသားပြ တိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးသိန်းလွင်က ပြောသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက သဗ္ဗညုဘုရားအား စမ်းသပ်စစ်ဆေး မှုတွင် အက်ကွဲကြောင်းများတွေ့ရှိမှုနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်လင်း က ပြောသည်။

‘‘ကျွန်တော်တို့က ပုဂံမှာရှိတဲ့ဘုရား တွေပေါ့။ အက်ကြောင်းတွေက ဘယ် လောက်နက်သလဲတိုင်းတော့ စက်ရှိတာ ပေါ့။ UPV စက်ပေါ့။ လွှတ်လိုက်တဲ့ အသံက ကျန်တဲ့အက်ကြောင်းတွေထဲ ဝင်သွားတော့ ပြန်ထွက်မလာဘူးပေါ့ ဗျာ။ အဲဒီလိုတိုင်းမရတဲ့ သဘောပါ။ ကျွန်တော်တို့ မျက်မြင်ပေါ့နော်။ အပေါ်တက်ပြီးတော့ ကွမ်းတောင်တို့ အက်ကြောင်းတွေကြည့်တာ ပေါ့။ အက်ကြောင်းတွေကတော့ ကျွန်တော်တို့ တွေ့ပါတယ်။ အ ပေါ်မှာရော အတွင်းထဲမှာရော ပေါ့နော်’’ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယညွှန် ကြားရေး မှူးချုပ် ဦးမြင့်ဇော်က ပြောသည်။

‘‘သဗ္ဗညုဘုရားက အပေါ် ပိုင်းမှာ တော်တော်ပျက်စီးသွား တာ မှန်ပါတယ်။ ဒါကို ပညာရှင် တွေနဲ့ စစ်ဆေးပြီးတော့ အရေး ပေါ် ပြုပြင်ဖို့လုပ်နေပါတယ်။ ယူနက်စကိုက ပညာရှင်တွေရော၊ မြန်မာပြည်တွင်းက ပညာရှင်တွေ ရော လုပ်နေပါတယ်။ ကန်တော့ ပလ္လင်ကလည်း အပေါ်ပိုင်း ပျက် စီးသွားပါတယ်။ အရင်ဆုံး ဘယ် ဟာကို စပြီးလုပ်ရမလဲဆိုတာ စစ် ဆေးနေပါတယ်’’ဟု ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးသိန်းလွင်က ပြောသည်။

လက်ရှိတွင် သဗ္ဗညုဘုရား ကို အပြင်ဘက်နှင့် ဘုရား၏ ဝင် ပေါက်အနီးအထိသာ ဖူးမြော်ခွင့် ပေးထားပြီး ဘုရားအတွင်း ဝင် ရောက် လှည့်လည်ကြည့်ရှုခွင့် ကန့်သတ်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

‘‘ဘယ်လောက်ထိ ပျက်စီး သွားတယ်။ ဘယ်အပိုင်းတွေ ပျက်စီးသွားတယ်ဆိုတာ အစီရင် ခံစာထွက်လာမှ သိရမှာပါ။ ဘယ် လိုပျက်စီးနေတယ်။ ဘယ်အပိုင်း ကို ပြုပြင်ရမလဲဆိုတာ ပညာရှင် တွေဆီက အစီရင်ခံစာ ထွက်လာ မှာပါ’’ဟု ပုဂံရှေးဟောင်း သုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးအောင် အောင်ကျော်က ပြောသည်။

‘‘သဗ္ဗညုရဲ့ အပေါ်ပိုင်းက တော့ အုတ်တွေက မွသွားတာ ပေါ့။ ပုဂံမှာရှိတဲ့ ဘုရားတွေက လည်း ငလျင်ဒဏ်ကိုခံရတာ အ နည်းဆုံးအကြိမ် ၂၀ အထက် တော့ရှိပါလိမ့်မယ်။ တည်ဆောက် ပြီးကတည်းကနေ အခုချိန်ထိ ပေါ့။ သဗ္ဗညုဆိုတာ အမြင့်ကြီးဆို တော့ မိုးဒဏ်လေဒဏ်တွေရှိ တယ်။ အခုတော့တော်တော်လေး အန္တရာယ်ရှိတဲ့အနေအထားမှာ ရောက်သွားတာပေါ့။ တပ်ကအင် ဂျင်နီယာတွေနဲ့ ပူးပေါင်းပြီးတော့ ဒါကို အမြန်ဆုံးပြန်လည်ပူးပေါင်း ပြီးတော့ လုပ်နေကြပါတယ်’’ဟု ကုလသမဂ္ဂ ပညာရေးသိပ္ပံနှင့်ယဉ် ကျေးမှုအဖွဲ့ (ယူနက်စကို) ယဉ် ကျေးမှုဌာနအစီအ စဉ်ညှိနှိုင်းရေး မှူး ဒေါ်ဥမ္မာမျိုးက ပြောသည်။

ပုဂံမြို့ရှိ ငလျင်ဒဏ်သင့် စေတီပုထိုးများတွင် ရှင်းလင်းရေး ကို လာမည့် အောက်တိုဘာ၌ အ ပြီးဆောင်ရွက်မည်ဟု သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦး အောင်ကိုက ပြောကြားထားသည်။

ငလျင်ကြောင့် ပျက်စီးသွား သော ပုဂံမြို့ရှိ စေတီပုထိုးများအ တွက် ငွေကြေးနည်းပညာများ အ ကူအညီပေးရန် အိန္ဒိယ၊ တရုတ်၊ ကိုရီးယား၊ ဂျပန်အပါအဝင် ဥရောပနိုင်ငံများက ကမ်းလှမ်း ထားသည်ဟု ဆိုသည်။

ပုဂံမြို့ရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော စေတီပုထိုးများ အနက် မိုးယိုစိမ့်မှုပြဿနာ အဓိ က ကြုံတွေ့နိုင်သော စေတီပုထိုး အဆူ ၄၀ ကို မိုးကာများမိုးထား သည်။

သြဂုတ် ၂၄ ရက်က ချောက် မြို့အနီးကို ဗဟိုပြု၍ ရစ်ချ်တာ စကေး ၆ ဒသမ ၈ အဆင့်ရှိ အင် အားပြင်းငလျင်တစ်ခု လှုပ်ခတ် ရာ ပုဂံဒေသရှိ စေတီပုထိုး ၃၉၇ ဆူပျက်စီးခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top