Kantharyar Centre
×

အေမရိကန္ျပည္ေထာင္စု၊ အိုကလာဟိုးမားျပည္နယ္က အမ်ိဳးသမီးတစ္ဦးဟာ သမီးရင္းကို အိမ္ေထာင္ဖက္အျဖစ္ေပါင္းသင္းေနထိုင္မႈေၾကာင့္ ေထာင္က်ခံရပါေတာ့မယ္။

အသက္ ၄၃ ႏွစ္႐ွိ ပက္ထရစ္႐ွာ အန္း စပန္း ဆိုသူဟာ သူမရဲ႕သမီးရင္းျဖစ္တဲ့ အသက္ ၂၅ ႏွစ္အ႐ြယ္ မစ္စတီကို ယခုႏွစ္ မတ္လတည္းက ေပါင္းသင္းေနခဲ့တာျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔က  စံုစမ္းေဖာ္ထုတ္ႏိုင္ခဲ့ပါတယ္။ အိုကလာဟိုးမားျပည္နယ္မွာ ေဆြမ်ိဳးေတာ္စပ္သူအခ်င္းခ်င္း အိမ္ေထာင္ျပဳခြင့္ကို တားျမစ္ထားပါတယ္။

မစ္စတီဟာ အိမ္ေထာင္စုစာရင္းမွာ မပါလုိ ခုလိုေပါင္းသင္းေနတာက ဥပေဒနဲ႔ညီတယ္လို႔ ထင္မိခဲ့တယ္လုိ႔ ထြက္ဆိုထားပါတယ္။ ပက္ထရစ္႐ွာဟာ မစ္စတီတင္မက သူမရဲ႕သားျဖစ္္သူ ဂ်ိဳဒီကိုလည္း လြန္ခဲ့တဲ့ ၆ ႏွစ္တုန္းက ေပါင္းသင္းခဲ့လို႔ ရံုးေတာ္က ကြာရွင္းေပးခဲ့ရဖူးပါတယ္။ ပက္ထရစ္႐ွာမွာ သားႏွစ္ဦး သမီးတစ္ဦး႐ွိၿပီး ကေလးေတြငယ္စဥ္တည္းက အုပ္ထိန္းခြင့္ကို လက္လႊတ္လိုက္ရသူပါ။

ငယ္စဥ္တည္းက ခြဲေနခဲ့ရတဲ့ မစ္စတီနဲ႔ပက္ထရစ္႐ွာဟာ ၂၀၁၄ ခုႏွစ္မွသာ ျပန္လည္ဆံုေတြ႔ခဲ့ၾကတာျဖစ္ပါတယ္။ ခုေတာ့ သားအမိႏွစ္ေယာက္လံုး စတီဖင္ေကာင့္တီေထာင္ထဲမွာ ဖမ္းဆီးထိန္းသိမ္းခံေနရပါၿပီ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

အမေရိကန်ပြည်ထောင်စု၊ အိုကလာဟိုးမားပြည်နယ်က အမျိုးသမီးတစ်ဦးဟာ သမီးရင်းကို အိမ်ထောင်ဖက်အဖြစ်ပေါင်းသင်းနေထိုင်မှုကြောင့် ထောင်ကျခံရပါတော့မယ်။

အသက် ၄၃ နှစ်ရှိ ပက်ထရစ်ရှာ အန်း စပန်း ဆိုသူဟာ သူမရဲ့သမီးရင်းဖြစ်တဲ့ အသက် ၂၅ နှစ်အရွယ် မစ်စတီကို ယခုနှစ် မတ်လတည်းက ပေါင်းသင်းနေခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့က  စုံစမ်းဖော်ထုတ်နိုင်ခဲ့ပါတယ်။ အိုကလာဟိုးမားပြည်နယ်မှာ ဆွေမျိုးတော်စပ်သူအချင်းချင်း အိမ်ထောင်ပြုခွင့်ကို တားမြစ်ထားပါတယ်။

မစ်စတီဟာ အိမ်ထောင်စုစာရင်းမှာ မပါလို ခုလိုပေါင်းသင်းနေတာက ဥပဒေနဲ့ညီတယ်လို့ ထင်မိခဲ့တယ်လို့ ထွက်ဆိုထားပါတယ်။ ပက်ထရစ်ရှာဟာ မစ်စတီတင်မက သူမရဲ့သားဖြစ်သူ ဂျိုဒီကိုလည်း လွန်ခဲ့တဲ့ ၆ နှစ်တုန်းက ပေါင်းသင်းခဲ့လို့ ရုံးတော်က ကွာရှင်းပေးခဲ့ရဖူးပါတယ်။ ပက်ထရစ်ရှာမှာ သားနှစ်ဦး သမီးတစ်ဦးရှိပြီး ကလေးတွေငယ်စဉ်တည်းက အုပ်ထိန်းခွင့်ကို လက်လွှတ်လိုက်ရသူပါ။

ငယ်စဉ်တည်းက ခွဲနေခဲ့ရတဲ့ မစ်စတီနဲ့ပက်ထရစ်ရှာဟာ ၂၀၁၄ ခုနှစ်မှသာ ပြန်လည်ဆုံတွေ့ခဲ့ကြတာဖြစ်ပါတယ်။ ခုတော့ သားအမိနှစ်ယောက်လုံး စတီဖင်ကောင့်တီထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံနေရပါပြီ။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top