Property Expo
×

က်န္းမာေရး စစ္တမ္းေတြအရ ျမန္မာႏိုင္ငံမွာႏိုင္ငံမွာ ကိုယ္၀န္ေဆာင္မိခင္ေသဆံုးမႈႏႈန္းက ဦးေရတစ္ေထာင္မွာ ၁ဒသမ၀၇ ရာခိုင္ႏႈန္း ရွိေနလို႔ လာမယ့္ ၂၀၃၀ မွာ ၀ ဒသမ ၇ ရာခိုင္ႏႈန္းအထိ ေလ်ာ့က်ဖုိ႔ ေဆာင္ရြက္ေနတယ္လုိ႔ သိရပါတယ္။

လက္ရွိေသဆံုးမႈအမ်ားဆံုး ကိုယ္၀န္ေဆာင္ မိခင္ေတြက အသက္ (၂၀) နဲ႔ (၃၅) ႏွစ္ၾကားျဖစ္ၿပီး တျခားႏိုင္ငံေတြမွာ ကိုယ္၀န္ေဆာင္မိခင္ ေသဆံုးမႈႏႈန္းက ဦးေရတစ္ေထာင္မွာ ၀ ဒသမ ၀၃ ရာခိုင္ႏႈန္းပဲရွိလို႔ ျမန္မာႏိုင္ငံမွာ အတတ္ႏိုင္ဆံုးေလွ်ာ့ခ်သြားမယ္လုိ႔ ျပည္သူ႕က်န္းမာေရး ဦးစီးဌာန မိခင္နဲ႔မ်ဳိးဆက္ပြားဌာနခြဲ ၫႊန္ၾကားေရးမွဴး ေဒါက္တာလွျမေသြးအိႁႏၵာက ေျပာပါတယ္။

‘‘ကြၽန္မတို႔ႏိုင္ငံမွာ အေမေတြေသတာက အေရွ႕ေတာင္အာရွႏိုင္ငံေတြထဲမွာ ဒုတိယအမ်ားဆံုးႏိုင္ငံတစ္ခု ျဖစ္ေနတယ္။ SDGs (Sustainable Development Goals) အရ ၂၀၃၀ မွ ျပည့္မီဖို႔အတြက္ဆိုရင္ အေမေသႏႈန္းကို က်ဆင္းေအာင္လုပ္ရမွာ ျဖစ္တယ္’’လု႔ိ ေဒါက္တာ လွျမေသြးအိႁႏၵာက ေျပာပါတယ္။

ကမၻာေပၚမွာ မိခင္နဲ႔ကေလးက်န္းမာေရးတိုးျမႇင့္ဖို႔နဲ႔ ေသႏႈန္းက်ဆင္းဖုိ႔ MDGs (Millennium Development Goals) ကို ၂၀၀၀ မွာ ရည္မွန္းခ်က္ထားေဆာင္ရြက္ခဲ့ၿပီး ၂၀၁၅ ေနာက္ပိုင္းမွာ SDGs (Sustainable Development Goals) ကို ခ်မွတ္ကာ ရည္မွန္းခ်က္ထား ေဆာင္ရြက္ေနတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ကျန်းမာရေး စစ်တမ်းတွေအရ မြန်မာနိုင်ငံမှာနိုင်ငံမှာ ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှုနှုန်းက ဦးရေတစ်ထောင်မှာ ၁ဒသမ၀၇ ရာခိုင်နှုန်း ရှိနေလို့ လာမယ့် ၂၀၃၀ မှာ ၀ ဒသမ ၇ ရာခိုင်နှုန်းအထိ လျော့ကျဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

လက်ရှိသေဆုံးမှုအများဆုံး ကိုယ်ဝန်ဆောင် မိခင်တွေက အသက် (၂၀) နဲ့ (၃၅) နှစ်ကြားဖြစ်ပြီး တခြားနိုင်ငံတွေမှာ ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှုနှုန်းက ဦးရေတစ်ထောင်မှာ ၀ ဒသမ ၀၃ ရာခိုင်နှုန်းပဲရှိလို့ မြန်မာနိုင်ငံမှာ အတတ်နိုင်ဆုံးလျှော့ချသွားမယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မိခင်နဲ့မျိုးဆက်ပွားဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာလှမြသွေးအိန္ဒြာက ပြောပါတယ်။

‘‘ကျွန်မတို့နိုင်ငံမှာ အမေတွေသေတာက အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ဒုတိယအများဆုံးနိုင်ငံတစ်ခု ဖြစ်နေတယ်။ SDGs (Sustainable Development Goals) အရ ၂၀၃၀ မှ ပြည့်မီဖို့အတွက်ဆိုရင် အမေသေနှုန်းကို ကျဆင်းအောင်လုပ်ရမှာ ဖြစ်တယ်’’လု့ိ ဒေါက်တာ လှမြသွေးအိန္ဒြာက ပြောပါတယ်။

ကမ္ဘာပေါ်မှာ မိခင်နဲ့ကလေးကျန်းမာရေးတိုးမြှင့်ဖို့နဲ့ သေနှုန်းကျဆင်းဖို့ MDGs (Millennium Development Goals) ကို ၂၀၀၀ မှာ ရည်မှန်းချက်ထားဆောင်ရွက်ခဲ့ပြီး ၂၀၁၅ နောက်ပိုင်းမှာ SDGs (Sustainable Development Goals) ကို ချမှတ်ကာ ရည်မှန်းချက်ထား ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top