Kantharyar Centre
×

                                        ယခုပံုမွာ နမူနာပံုသာျဖစ္သည္။

 ေျမာက္ဥကၠလာပၿမိဳ႕ နယ္ ေရႊေပါက္ကံစက္မႈဇုန္ရွိ HOLLY WOOD ကိတ္မုန္႔စက္႐ံု မွ အမ်ိဳးသမီး၀န္ထမ္းတစ္ဦးကို ေမြးကင္းစကေလး အေလာင္းစြန္႔ ပစ္မႈျဖင့္ အမႈဖြင့္အေရးယူထား ေၾကာင္းသတင္းရရွိသည္။

ေရႊေပါက္ကံစက္မႈဇုန္ မကၡ ရာမင္းသားႀကီးလမ္းရွိ HOLLY WOOD ကိတ္မုန္႔စက္႐ံုမွ အမ်ိဳး သမီးအိမ္သာအေနာက္ဘက္ရွိ ခ်ံဳအတြင္း၌ ေမြးကင္းစကေလး ငယ္ စြန္႔ပစ္ထားသည္ကို စက္ တင္ဘာ ဒုတိယပတ္အတြင္းေတြ႕ ရွိခဲ့ရာမွ စတင္သိရွိခဲ့ျခင္းျဖစ္ ေၾကာင္း ေရႊေပါက္ကံနယ္ေျမရဲစ ခန္းမွ ရဲအရာရွိတစ္ဦးကဆုိ သည္။

အဆိုပါေမြးကင္းစကေလး ငယ္ကို စြန္႔ပစ္ခဲ့သူမွာ ကိတ္မုန္႔ စက္႐ံုတြင္ သန္႔ရွင္းေရး၀န္ထမ္း အျဖစ္ လုပ္ကိုင္ေနသည့္ အသက္ (၃၆) ႏွစ္အရြယ္ အမ်ိဳးသမီးျဖစ္ ကာ စက္တင္ဘာ ၈ ရက္ ညက ကိုယ္၀န္ဖ်က္ခ်ရာမွ ေသဆံုးေန သည့္ ေမြးကင္းစကေလးငယ္၏ အေလာင္းကို အနက္ေရာင္ႂကြပ္ ႂကြပ္အိတ္ျဖင့္ထုပ္ကာ အိမ္သာ အေနာက္ရွိ ခ်ံဳအတြင္းသို႔ စြန္႔ပစ္ ခဲ့ျခင္းျဖစ္ေၾကာင္း ၎ကဆက္ လက္ရွင္းျပသည္။

‘‘ကေလးက ေယာက္်ား ေလးပါ။ ကေလးပ်က္က်တာလား၊ ဖ်က္ခ်တာလားဆိုတာေတာ့ကြၽန္ ေတာ္တုိ႔ စစ္ေဆးေနတုန္းပါ။ အ ေသးစိတ္က ေျပာလို႔မရေသးပါ ဘူး။ သူ႔ကိုေတာ့ ေလာေလာဆယ္ ကေလးအေလာင္းစြန္႔ပစ္မႈနဲ႔ အမႈ ဖြင့္ထားပါတယ္’’ ဟု ၎ကဆို သည္။

 ေမြးကင္းစ ကေလးအ ေလာင္းကို တိတ္တဆိတ္စြန္႔ပစ္ခဲ့ သည့္ အသက္ (၃၆) ႏွစ္အရြယ္ စက္႐ံုသန္႔ရွင္းေရးအမ်ိဳးသမီးကို ေရႊေပါက္ကံ နယ္ေျမရဲစခန္းက ကေလးအေလာင္းစြန္႔ပစ္မႈ ရာဇ သတ္ႀကီးပုဒ္မ ၃၁၂/၃၁၈ ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း ေရႊေပါက္ကံ နယ္ေျမရဲစခန္းမွ သိရသည္။

ၿပီးခဲ့သည့္ စက္တင္ဘာ ၃ ရက္ မြန္းလြဲပိုင္းကလည္း သဃၤန္း ကြၽန္းၿမိဳ႕နယ္ ေလးေထာင့္ကန္ရပ္ ကြက္အတြင္း ေမြးကင္းစကေလး ငယ္တစ္ဦးကို ႂကြပ္ႂကြပ္အိတ္ အျဖဴျဖင့္ထည့္ကာ လာေရာက္ စြန္႔ပစ္ခဲ့သည္ကို ေခြးတစ္ေကာင္ က ကိုက္ခ်ီလာမွ ရပ္ကြက္အတြင္း ျပည္သူမ်ားသိရွိခဲ့သည့္ ျဖစ္စဥ္တစ္ခုျဖစ္ပြားခဲ့ေၾကာင္း သိရ သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
  မြောက်ဥက္ကလာပမြို့ နယ် ရွှေပေါက်ကံစက်မှုဇုန်ရှိ HOLLY WOOD ကိတ်မုန့်စက်ရုံ မှ အမျိုးသမီးဝန်ထမ်းတစ်ဦးကို မွေးကင်းစကလေး အလောင်းစွန့် ပစ်မှုဖြင့် အမှုဖွင့်အရေးယူထား ကြောင်းသတင်းရရှိသည်။


ရွှေပေါက်ကံစက်မှုဇုန် မက္ခ ရာမင်းသားကြီးလမ်းရှိ HOLLY WOOD ကိတ်မုန့်စက်ရုံမှ အမျိုး သမီးအိမ်သာအနောက်ဘက်ရှိ ချုံအတွင်း၌ မွေးကင်းစကလေး ငယ် စွန့်ပစ်ထားသည်ကို စက် တင်ဘာ ဒုတိယပတ်အတွင်းတွေ့ ရှိခဲ့ရာမှ စတင်သိရှိခဲ့ခြင်းဖြစ် ကြောင်း ရွှေပေါက်ကံနယ်မြေရဲစ ခန်းမှ ရဲအရာရှိတစ်ဦးကဆို သည်။

အဆိုပါမွေးကင်းစကလေး ငယ်ကို စွန့်ပစ်ခဲ့သူမှာ ကိတ်မုန့် စက်ရုံတွင် သန့်ရှင်းရေးဝန်ထမ်း အဖြစ် လုပ်ကိုင်နေသည့် အသက် (၃၆) နှစ်အရွယ် အမျိုးသမီးဖြစ် ကာ စက်တင်ဘာ ၈ ရက် ညက ကိုယ်ဝန်ဖျက်ချရာမှ သေဆုံးနေ သည့် မွေးကင်းစကလေးငယ်၏ အလောင်းကို အနက်ရောင်ကြွပ် ကြွပ်အိတ်ဖြင့်ထုပ်ကာ အိမ်သာ အနောက်ရှိ ချုံအတွင်းသို့ စွန့်ပစ် ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက် လက်ရှင်းပြသည်။

‘‘ကလေးက ယောက်ျား လေးပါ။ ကလေးပျက်ကျတာလား၊ ဖျက်ချတာလားဆိုတာတော့ကျွန် တော်တို့ စစ်ဆေးနေတုန်းပါ။ အ သေးစိတ်က ပြောလို့မရသေးပါ ဘူး။ သူ့ကိုတော့ လောလောဆယ် ကလေးအလောင်းစွန့်ပစ်မှုနဲ့ အမှု ဖွင့်ထားပါတယ်’’ ဟု ၎င်းကဆို သည်။

 မွေးကင်းစ ကလေးအ လောင်းကို တိတ်တဆိတ်စွန့်ပစ်ခဲ့ သည့် အသက် (၃၆) နှစ်အရွယ် စက်ရုံသန့်ရှင်းရေးအမျိုးသမီးကို ရွှေပေါက်ကံ နယ်မြေရဲစခန်းက ကလေးအလောင်းစွန့်ပစ်မှု ရာဇ သတ်ကြီးပုဒ်မ ၃၁၂/၃၁၈ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ရွှေပေါက်ကံ နယ်မြေရဲစခန်းမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက် မွန်းလွဲပိုင်းကလည်း သင်္ဃန်း ကျွန်းမြို့နယ် လေးထောင့်ကန်ရပ် ကွက်အတွင်း မွေးကင်းစကလေး ငယ်တစ်ဦးကို ကြွပ်ကြွပ်အိတ် အဖြူဖြင့်ထည့်ကာ လာရောက် စွန့်ပစ်ခဲ့သည်ကို ခွေးတစ်ကောင် က ကိုက်ချီလာမှ ရပ်ကွက်အတွင်း ပြည်သူများသိရှိခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရ သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top