Property Expo
×

အလုပ္ရွင္ သံုးပံုတစ္ပံုသည္ အလုပ္ေလွ်ာက္ထားသူမ်ား၏ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာကို ၾကည့္ၿပီးေနာက္ ထိုသူကို အလုပ္မခန္႔ဘဲ ပယ္ပစ္လိုက္တတ္ေၾကာင္း ေလ့လာမႈစစ္တမ္း တစ္ရပ္က ဆိုသည္။

အလုပ္အကိုင္ ရွာေဖြေရး ၀န္ေဆာင္မႈလုပ္ငန္း ကၽြမ္းက်င္သူမ်ားကလည္း ယေန႔အခါသည္ ေဖ့စ္ဘြတ္ခ္၊ တြစ္တာ၊ အင္စတာဂရမ္၊ လင့္ခ္အင္ စသည္တို႔တြင္ မိမိ၏ ဂုဏ္သိကၡာကို က်ဆင္းေစေသာ ကိစၥအမ်ားအျပား တင္ထားလုပ္ထားပါက ထိုသူမ်ဳိးသည္ အလုပ္ရႏုိင္ေျခ နည္းသြားႏိုင္သည္ဟု ဆိုၾကသည္။

အလုပ္ေလွ်ာက္ထားသူ၏ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာကို ၀င္ၾကည့္လိုက္႐ံုႏွင့္ ထိုသူကို လူေတြ႕ ေခၚသင့္မသင့္ ဆံုးျဖတ္လို႔ရသည္ဟု အလုပ္ရွင္ သံုးပံုတစ္ပံုက ဆိုၾကသည္။ အလုပ္ေလွ်ာက္ထားသူမ်ားသည္လည္း ၎တို႔၏ ေဖ့စ္ဘြတ္ခ္ အပါအ၀င္ ဆိုရွယ္မီဒီယာ စာမ်က္ႏွာမ်ားသည္ အလုပ္ရွင္ အျမင္မွာ ႏွစ္လုိဖြယ္ရွိဖို႔ လိုအပ္သထက္ လိုအပ္လာၿပီကို နားလည္လာၾကၿပီ ျဖစ္ေၾကာင္း အလုပ္အကိုင္ ရွာေဖြေရး ၀ဘ္ဆိုက္ Monster.co. မွ တာ၀န္ရွိသူ အန္ဒီဆမ္နာက ေျပာသည္။

အလုပ္ရွင္မ်ားဘက္က အလုပ္ေလွ်ာက္ထားသူ၏ ဆိုရွယ္မီဒီယာ စာမ်က္ႏွာမ်ားကို ၀င္ၾကည့္ကာ ဘယ္လိုလူစားျဖစ္ေၾကာင္း ကနဦး ေလ့လာၾကသည့္နည္းတူ၊ အလုပ္ေလွ်ာက္ထားသူမ်ားသည္လည္း မိမိေလွ်ာက္သည့္ အလုပ္၊ ထိုကုမၸဏီ၏ အႀကီးအကဲ စသူတို႔၏ ဆိုရွယ္ မီဒီယာ စာမ်က္ႏွာမ်ားကို ၀င္ၾကည့္ကာ မည္သို႔ေသာ အဆင့္အတန္းမ်ဳိး ရွိသည္ကို ေလ့လာေနၾကၿပီ ျဖစ္ေၾကာင္းလည္း အန္ဒီဆမ္နာက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Messenger

#Unicode Version

အလုပ်ရှင် သုံးပုံတစ်ပုံသည် အလုပ်လျှောက်ထားသူများ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာကို ကြည့်ပြီးနောက် ထိုသူကို အလုပ်မခန့်ဘဲ ပယ်ပစ်လိုက်တတ်ကြောင်း လေ့လာမှုစစ်တမ်း တစ်ရပ်က ဆိုသည်။

အလုပ်အကိုင် ရှာဖွေရေး ဝန်ဆောင်မှုလုပ်ငန်း ကျွမ်းကျင်သူများကလည်း ယနေ့အခါသည် ဖေ့စ်ဘွတ်ခ်၊ တွစ်တာ၊ အင်စတာဂရမ်၊ လင့်ခ်အင် စသည်တို့တွင် မိမိ၏ ဂုဏ်သိက္ခာကို ကျဆင်းစေသော ကိစ္စအများအပြား တင်ထားလုပ်ထားပါက ထိုသူမျိုးသည် အလုပ်ရနိုင်ခြေ နည်းသွားနိုင်သည်ဟု ဆိုကြသည်။

အလုပ်လျှောက်ထားသူ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာကို ဝင်ကြည့်လိုက်ရုံနှင့် ထိုသူကို လူတွေ့ ခေါ်သင့်မသင့် ဆုံးဖြတ်လို့ရသည်ဟု အလုပ်ရှင် သုံးပုံတစ်ပုံက ဆိုကြသည်။ အလုပ်လျှောက်ထားသူများသည်လည်း ၎င်းတို့၏ ဖေ့စ်ဘွတ်ခ် အပါအဝင် ဆိုရှယ်မီဒီယာ စာမျက်နှာများသည် အလုပ်ရှင် အမြင်မှာ နှစ်လိုဖွယ်ရှိဖို့ လိုအပ်သထက် လိုအပ်လာပြီကို နားလည်လာကြပြီ ဖြစ်ကြောင်း အလုပ်အကိုင် ရှာဖွေရေး ဝဘ်ဆိုက် Monster.co. မှ တာဝန်ရှိသူ အန်ဒီဆမ်နာက ပြောသည်။

အလုပ်ရှင်များဘက်က အလုပ်လျှောက်ထားသူ၏ ဆိုရှယ်မီဒီယာ စာမျက်နှာများကို ဝင်ကြည့်ကာ ဘယ်လိုလူစားဖြစ်ကြောင်း ကနဦး လေ့လာကြသည့်နည်းတူ၊ အလုပ်လျှောက်ထားသူများသည်လည်း မိမိလျှောက်သည့် အလုပ်၊ ထိုကုမ္ပဏီ၏ အကြီးအကဲ စသူတို့၏ ဆိုရှယ် မီဒီယာ စာမျက်နှာများကို ဝင်ကြည့်ကာ မည်သို့သော အဆင့်အတန်းမျိုး ရှိသည်ကို လေ့လာနေကြပြီ ဖြစ်ကြောင်းလည်း အန်ဒီဆမ်နာက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: The Messenger
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top