Property Expo
×

၁) နဖူးျပင္ တည့္တည့္တြင္ မွဲ႔ရွိလွ်င္ ေငြေၾကးႏွင့္ပတ္သက္၍ အစြပ္အစြဲ ခံရတတ္၏။ အပူေသာက မ်ားလိမ့္မည္။ မိမိတြင္ ရွိသည္ထက္ပို၍ လူအမ်ားက ခ်မ္းသာသည္ဟု ထင္ျမင္တတ္ျခင္းေၾကာင့္ ဒုကၡေတြ႔ ရတတ္ပါသည္။

(၂) ညာဘက္ မ်က္ခံုးေမြးေပၚတြင္ ရွိလွ်င္ ခ်မ္းသာတတ္ပါသည္။ ပစၥည္းဥစၥာ ျပည့္စံုလိမ့္မည္။ ေလာကီ စည္းစိမ္အဝဝကို သံုးေဆာင္ခံစားရတတ္သည္။

(၃) ဘယ္ဘက္ မ်က္ခံုးေမြးေပၚတြင္ မွဲ႔ရွိ္လွ်င္ အရက္သမား၊ ၾကက္သမား၊ ေလာင္းကစားသမား ျဖစ္တတ္ သည္။ ေလာင္းကစားမႈကို ဇနီးမယားထက္ပင္ ပိုမို၍ ခ်စ္ခ်င္စြဲလမ္းႏွစ္သက္ပါသည္။

(၄) ႏွာေခါင္း တည့္တည့္ (ႏွာသီးထိပ္ဖ်ား)တြင္ မွဲ႔ရွိလွ်င္ စာေပ၊ ဇာတ္သဘင္၊ ေတးဂီတ အႏုပညာ ရပ္မ်ားျဖင့္ ထင္ရွား၍ ေအာင္ျမင္ေက်ာ္ၾကား တတ္ပါသည္။

(၅) ဘယ္ဘက္ မ်က္ခမ္းေအာက္နားတြင္ မွဲ႔ရွိလွ်င္ လူမုန္းမ်ားတတ္သည္။ အလုပ္လုပ္ ကိုင္ရာတြင္ အတိုက္အခံႏွင့္ ၾကံဳရတတ္သည္။ ငယ္စဥ္အခါက ဆင္းရဲဒုကၡအမ်ိဳးမ်ိဳး ၾကံဳေတြ႔ခဲ့ရလိမ့္မည္။ အခ်စ္ေရးတြင္ စြန္႔စားတတ္သည္။ တဇြတ္ထိုး လုပ္တတ္သည္။ ဇနီးမယားကို ခ်စ္ခင္သူျဖစ္မည္။ ဇနီးသည္၏ ၾသဇာ လႊမ္းမိုးမႈကို ခံရတတ္ပါသည္။

(၆) ညာဘက္ပါးမို႔တြင္ စံပယ္တင္မွဲ႔ရွိလွ်င္ မိန္းကေလးမ်ား စိတ္ဝင္စားျခင္းကို ခံရတတ္သည္။ မ်က္ႏွာ ပြင့္လန္းတတ္ပါသည္။ ေလာကကို တရားသေဘာျဖင့္ ရႈျမင္တတ္ေသာသူ ျဖစ္သည္။ အသက္ႀကီးရင့္ လာလွ်င္ ရေသ့ရဟန္း ျပဳတတ္သည္။ အမ်ားအက်ိဳးေဆာင္သည့္ သာသနာျပဳပုဂၢိဳလ္ ျဖစ္တတ္ပါသည္။

(၇) ဘယ္ဘက္ ပါးေပၚတြင္ စံပယ္တင္မွဲ႔ ရွိလွ်င္ မိန္းမေခ်ာမ်ား (သို႔မဟတု္) ထင္ရွားေက်ာ္ၾကားေသာ မိန္းမႏွင့္ အိမ္ေထာင္ က်တတ္ပါသည္။ မိန္းမတို႔၏ ခ်စ္ခင္စြဲျခင္းကို အထူးသျဖင့္ ခံယူရတတ္ပါသည္။

(၈) ညာဘက္ပါးျပင္၌ ေအာက္ဘက္နားတြင္ မွဲ႔ရွိလွ်င္ ခ်မ္းသာလွ်င္လည္း ခဏတာမွ်သာ ျဖစ္သည္။ဆင္းရဲ ပင္ပန္းတတ္သည္။

(၉) ဘယ္ဘက္ ပါးျပင္ေအာက္တြင္ ထင္ရွားစြာ မွဲ႔ရွိလွ်င္ ခ်မ္းသာႀကီးပြားတတ္သည္။ ဘယ္အလုပ္မဆို ေအာင္ျမင္၍ နာမည္ေက်ာ္ၾကား တတ္ပါသည္။

(၁၀) ေမးေစ့ တည့္တည့္တြင္ မွဲ႔ရွိ္လွ်င္ ကိုယ္ပိုင္လုပ္ငန္းျဖင့္ ႀကီးပြားခ်မ္းသာ တတ္ပါသည္။ သတင္း ေကာင္းျဖင့္ ေက်ာ္ၾကားေအာင္ျမင္မည္။

(၁၁) ေမးေစ့နား တဝိုက္တြင္ ထင္ရွားေသာ မွဲ႔ရွိလွ်င္ ဒုကၡဆင္းရဲ အမ်ိဳးမ်ိဳးတို႔ကို ၾကံဳေတြ႔ရတတ္ျပီး ေနာက္ဆံုးတြင္ ေအာင္ျမင္တတ္သည္။ ကမၻာေက်ာ္သည့္ ပုဂၢိဳလ္ထူးမ်ား တြင္လည္း ပါရွိသည္။

(၁၂) မ်က္ရည္စီးက်ရာ လမ္းေၾကာင့္တည့္တည့္ (ဝဲ,ယာ)တြင္ မွဲ႔ရွိလွ်င္ မယား ဆံုးတတ္သည္။(သို႔မဟုတ္) အိမ္ေထာင္ေရး ညံ႔တတ္သည္။ စီးပြားရွာရာတြင္ ပင္ပန္းတတ္ပါသည္။

(၁၄) လည္ပင္းတြင္ မွဲ႔ရွိ္လွ်င္ ခ်မ္းသာႀကီးပြားတတ္သည္။ အလုပ္အကိုင္ အၾကံအစည္ ေအာင္ျမင္တတ္ သည္။ ဆင္းရဲလွ်င္လည္း တခဏတာျဖစ္၍ မေမွ်ာ္လင့္ မထင္မွတ္ေသာ အေၾကာင္းတခုခုျဖင့္ ခ်မ္းသာ တတ္ပါသည္။

(၁၅) ဘယ္, ညာ လက္ေမာင္း (သို႔မဟုတ္) လက္ဖ်ံ ဘယ္, ညာတြင္ မွဲ႔ရွိလွ်င္ ဆင္းရဲသူျဖစ္ပါက လူလတ္ တန္းစားဘဝျဖင့္ အဆင္ေျပတတ္သည္။ အလယ္အလတ္တန္း အဆင့္ျဖစ္လွ်င္ ေဇာတိက သူေဌးကဲ့သို႔ ခ်မ္းသာၾကြယ္ဝေသာသူေဌး ျဖစ္တတ္ပါသည္။

(၁၆) ရင္ဘတ္ ဘယ္ဘက္ႏွင့္ ညာဘက္တြင္ မွဲ႔တလံုးစီ ရွိ၍ ရင္ဘတ္ အလယ္တည့္တည့္တြင္ မွဲ႔တလံုး၊ ခါးနားတြင္ မွဲ႔တလံုး၊ ပါရွိျခင္းကို မွဲ႔စလြယ္ဟု ေခၚဆိုသည္။ အသက္ရွည္၍ ဗဟုသုတ ဉာဏ္အေျမာ္ အျမင္ ႀကီးမားေသာ ေရွးလူႀကီးမ်ား၊ ရေသ့ပညာရွိႀကီးမ်ား၏ အဆိုအမိန္႔အရ ေယာက်္ားတြင္ မွဲ႔စလြယ္ ရွိျခင္းသည္ ယခင္ဘဝေဟာင္းက မင္းျဖစ္ခဲ့သူျဖစ္သည္ဟု အဆိုအမိန္႔ရွိၾက၏။ မွဲ႔စလြယ္ ပါရွိေသာသူ သည္ ဆင္းရဲဒုကၡႏွင့္ မၾကံဳရဘဲ အဆင့္အတန္းျမင့္သည္ ့ဘဝမ်ိဳးႏွင့္ ေနႏို္ိင္ရလိမ့္မည္။ လူအမ်ား၏ ၾကည္ ညိဳေလးစားျခင္းကို ခံ၇တတ္သည္။ ဇနီးမယားအေပၚတြင္ ၾသဇာေညာင္း တတ္ပါသည္။

(၁၇) ဘယ္ဘက္ (သို႔မဟုတ္) ညာဘက္ ေပါင္တြင္ မွဲ႔ရွိလွ်င္ လ်င္ျမန္ဖ်တ္လတ္သူ ျဖစ္တတ္သည္။လူမႈေရးကိစၥ အဝဝကို သိနားလည္ျပီး အကင္းပါးသူ ျဖစ္တတ္သည္။

(၁၈) တင္ပါး၏ ဘယ္ဘက္ (သို႔မဟတု္) ညာဘက္တြင္ မွဲ႔ရွိလွ်င္ အရွက္အေၾကာက္ အလြန္ႀကီးတတ္ပါ သည္။ စိတ္သေဘာထား ႏုတတ္သည္။ ေယာက်္ားျဖစ္ပါလ်က္ႏွင့္ တခါတရံတြင္ မိန္းမဆန္ေသာ အျပဳ အမူ အေနအထိုင္မ်ားကို ေတြ႔ရတတ္သည္။

(၁၉) ေျခဖဝါး အလည္ တည့္တည့္တြင္ မွဲ႔ရွိလွ်င္ တေနရာတည္းတြင္ အတည္တက်ေနႈမရဘဲ ေျခသလံုး အိမ္တိုင္ဘဝျဖင့္ သြားလာေနထိုင္ရကာ ဘဝဆံုးပါး ပ်က္စီးတတ္ပါသည္။

(၂၀) ဘယ္ (သို႔မဟုတ္) ညာ ေျခဖမိုးတြင္ မွဲ ့မ်ားစြာ ပါရွိလွ်င္ သူရဲေကာင္းျဖစ္တတ္သည္။(သို႔မဟုတ္) လူဆိုး၊ ဓားျပ ျဖစ္တတ္ပါသည္။ တုတ္၊ ဓား၊ လွံ စသည့္ လက္နက္ကိရိယာမ်ားကို ေဆာင္ထားတတ္ သည္။ တိုက္ခိုက္ေရး ပညာမ်ားတြင္လည္း ဝါသနာပါ၍ ပညာရွင္ျဖစ္တတ္သည္။

(၂၁) ရင္ညြန္႔ တည့္တည့္တြင္ ထင္ရွားေသာ မွဲ႔ရွိလွ်င္ သူေတာ္ေကာင္း သူျမတ္ေလာင္း ျဖစ္တတ္သည္။တရားဓမၼ ႏွလံုးသြင္းတတ္သည္။ ေလာကီ သမထစ်ာန္တန္ခိုးဘက္သို႔ လိုက္စားတတ္သည္။ သိဒၶိ မဟိဒၶိ တန္ခိုးမ်ားရ၍ ေပါက္ေျမာက္ႏိုင္သည္။

(၂၂) ညာဘက္လက္တြင္ မွဲ႔ပါရွိလွ်င္ ေငြေၾကးကို အေၾကာင္းျပဳ၍ အမႈျဖစ္တတ္ပါသည္။ ကပ္ေစးႏွဲသူ၊ မိမိကိုယ္က်ိဳး တခုတည္းကိုသာ ၾကည့္ျမင္တတ္သူ ျဖစ္တတ္ပါသည္။

(၂၃) လက္ဖဝါးျပင္၏ ဘယ္ညာ ႏွစ္ဖက္စလံုး၏ အလယ္တည့္တည့္တြင္ ထူးထူးျခားျခား မွဲ႔အစိမ္းတလံုး ပါရွိလွ်င္ လူအမ်ား၏ ၾကည္ညိဳေလးစားျခင္း ခံရေသာ ဘုန္းရွင္၊ ကံရွင္၊ ပါရမီရွင္ ျဖစ္တတ္ပါသည္။ဝိဇၨာဓိုရ္၊ သိဒၶိရွင္၊ မဟိဒၶိရွင္ ပုဂၢိဳလ္မ်ားႏွင့္ ပ႒ာန္းဆက္ ရွိသူျဖစ္သည္။ ဝိဇၨာလမ္းသို႔ လိုက္စားလွ်င္ ဆရာသမားေကာင္းႏွင့္ ေတြ႔ျပီး သိဒၶိရတတ္ပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ျမန္မာ.ရိုးရာေဗဒင္ပညာရပ္

#Unicode Version

၁) နဖူးပြင် တည့်တည့်တွင် မှဲ့ရှိလျှင် ငွေကြေးနှင့်ပတ်သက်၍ အစွပ်အစွဲ ခံရတတ်၏။ အပူသောက များလိမ့်မည်။ မိမိတွင် ရှိသည်ထက်ပို၍ လူအများက ချမ်းသာသည်ဟု ထင်မြင်တတ်ခြင်းကြောင့် ဒုက္ခတွေ့ ရတတ်ပါသည်။

(၂) ညာဘက် မျက်ခုံးမွေးပေါ်တွင် ရှိလျှင် ချမ်းသာတတ်ပါသည်။ ပစ္စည်းဥစ္စာ ပြည့်စုံလိမ့်မည်။ လောကီ စည်းစိမ်အဝဝကို သုံးဆောင်ခံစားရတတ်သည်။

(၃) ဘယ်ဘက် မျက်ခုံးမွေးပေါ်တွင် မှဲ့ရှိလျှင် အရက်သမား၊ ကြက်သမား၊ လောင်းကစားသမား ဖြစ်တတ် သည်။ လောင်းကစားမှုကို ဇနီးမယားထက်ပင် ပိုမို၍ ချစ်ချင်စွဲလမ်းနှစ်သက်ပါသည်။

(၄) နှာခေါင်း တည့်တည့် (နှာသီးထိပ်ဖျား)တွင် မှဲ့ရှိလျှင် စာပေ၊ ဇာတ်သဘင်၊ တေးဂီတ အနုပညာ ရပ်များဖြင့် ထင်ရှား၍ အောင်မြင်ကျော်ကြား တတ်ပါသည်။

(၅) ဘယ်ဘက် မျက်ခမ်းအောက်နားတွင် မှဲ့ရှိလျှင် လူမုန်းများတတ်သည်။ အလုပ်လုပ် ကိုင်ရာတွင် အတိုက်အခံနှင့် ကြုံရတတ်သည်။ ငယ်စဉ်အခါက ဆင်းရဲဒုက္ခအမျိုးမျိုး ကြုံတွေ့ခဲ့ရလိမ့်မည်။ အချစ်ရေးတွင် စွန့်စားတတ်သည်။ တဇွတ်ထိုး လုပ်တတ်သည်။ ဇနီးမယားကို ချစ်ခင်သူဖြစ်မည်။ ဇနီးသည်၏ သြဇာ လွှမ်းမိုးမှုကို ခံရတတ်ပါသည်။

(၆) ညာဘက်ပါးမို့တွင် စံပယ်တင်မှဲ့ရှိလျှင် မိန်းကလေးများ စိတ်ဝင်စားခြင်းကို ခံရတတ်သည်။ မျက်နှာ ပွင့်လန်းတတ်ပါသည်။ လောကကို တရားသဘောဖြင့် ရှုမြင်တတ်သောသူ ဖြစ်သည်။ အသက်ကြီးရင့် လာလျှင် ရသေ့ရဟန်း ပြုတတ်သည်။ အများအကျိုးဆောင်သည့် သာသနာပြုပုဂ္ဂိုလ် ဖြစ်တတ်ပါသည်။

(၇) ဘယ်ဘက် ပါးပေါ်တွင် စံပယ်တင်မှဲ့ ရှိလျှင် မိန်းမချောများ (သို့မဟတု်) ထင်ရှားကျော်ကြားသော မိန်းမနှင့် အိမ်ထောင် ကျတတ်ပါသည်။ မိန်းမတို့၏ ချစ်ခင်စွဲခြင်းကို အထူးသဖြင့် ခံယူရတတ်ပါသည်။

(၈) ညာဘက်ပါးပြင်၌ အောက်ဘက်နားတွင် မှဲ့ရှိလျှင် ချမ်းသာလျှင်လည်း ခဏတာမျှသာ ဖြစ်သည်။ဆင်းရဲ ပင်ပန်းတတ်သည်။

(၉) ဘယ်ဘက် ပါးပြင်အောက်တွင် ထင်ရှားစွာ မှဲ့ရှိလျှင် ချမ်းသာကြီးပွားတတ်သည်။ ဘယ်အလုပ်မဆို အောင်မြင်၍ နာမည်ကျော်ကြား တတ်ပါသည်။

(၁၀) မေးစေ့ တည့်တည့်တွင် မှဲ့ရှိလျှင် ကိုယ်ပိုင်လုပ်ငန်းဖြင့် ကြီးပွားချမ်းသာ တတ်ပါသည်။ သတင်း ကောင်းဖြင့် ကျော်ကြားအောင်မြင်မည်။

(၁၁) မေးစေ့နား တဝိုက်တွင် ထင်ရှားသော မှဲ့ရှိလျှင် ဒုက္ခဆင်းရဲ အမျိုးမျိုးတို့ကို ကြုံတွေ့ရတတ်ပြီး နောက်ဆုံးတွင် အောင်မြင်တတ်သည်။ ကမ္ဘာကျော်သည့် ပုဂ္ဂိုလ်ထူးများ တွင်လည်း ပါရှိသည်။

(၁၂) မျက်ရည်စီးကျရာ လမ်းကြောင့်တည့်တည့် (ဝဲ,ယာ)တွင် မှဲ့ရှိလျှင် မယား ဆုံးတတ်သည်။(သို့မဟုတ်) အိမ်ထောင်ရေး ညံ့တတ်သည်။ စီးပွားရှာရာတွင် ပင်ပန်းတတ်ပါသည်။

(၁၄) လည်ပင်းတွင် မှဲ့ရှိလျှင် ချမ်းသာကြီးပွားတတ်သည်။ အလုပ်အကိုင် အကြံအစည် အောင်မြင်တတ် သည်။ ဆင်းရဲလျှင်လည်း တခဏတာဖြစ်၍ မမျှော်လင့် မထင်မှတ်သော အကြောင်းတခုခုဖြင့် ချမ်းသာ တတ်ပါသည်။

(၁၅) ဘယ်, ညာ လက်မောင်း (သို့မဟုတ်) လက်ဖျံ ဘယ်, ညာတွင် မှဲ့ရှိလျှင် ဆင်းရဲသူဖြစ်ပါက လူလတ် တန်းစားဘဝဖြင့် အဆင်ပြေတတ်သည်။ အလယ်အလတ်တန်း အဆင့်ဖြစ်လျှင် ဇောတိက သူဌေးကဲ့သို့ ချမ်းသာကြွယ်ဝသောသူဌေး ဖြစ်တတ်ပါသည်။

(၁၆) ရင်ဘတ် ဘယ်ဘက်နှင့် ညာဘက်တွင် မှဲ့တလုံးစီ ရှိ၍ ရင်ဘတ် အလယ်တည့်တည့်တွင် မှဲ့တလုံး၊ ခါးနားတွင် မှဲ့တလုံး၊ ပါရှိခြင်းကို မှဲ့စလွယ်ဟု ခေါ်ဆိုသည်။ အသက်ရှည်၍ ဗဟုသုတ ဉာဏ်အမြော် အမြင် ကြီးမားသော ရှေးလူကြီးများ၊ ရသေ့ပညာရှိကြီးများ၏ အဆိုအမိန့်အရ ယောကျ်ားတွင် မှဲ့စလွယ် ရှိခြင်းသည် ယခင်ဘဝဟောင်းက မင်းဖြစ်ခဲ့သူဖြစ်သည်ဟု အဆိုအမိန့်ရှိကြ၏။ မှဲ့စလွယ် ပါရှိသောသူ သည် ဆင်းရဲဒုက္ခနှင့် မကြုံရဘဲ အဆင့်အတန်းမြင့်သည့်ဘဝမျိုးနှင့် နေနိိုင်ရလိမ့်မည်။ လူအများ၏ ကြည် ညိုလေးစားခြင်းကို ခံ၇တတ်သည်။ ဇနီးမယားအပေါ်တွင် သြဇာညောင်း တတ်ပါသည်။

(၁၇) ဘယ်ဘက် (သို့မဟုတ်) ညာဘက် ပေါင်တွင် မှဲ့ရှိလျှင် လျင်မြန်ဖျတ်လတ်သူ ဖြစ်တတ်သည်။လူမှုရေးကိစ္စ အဝဝကို သိနားလည်ပြီး အကင်းပါးသူ ဖြစ်တတ်သည်။

(၁၈) တင်ပါး၏ ဘယ်ဘက် (သို့မဟတု်) ညာဘက်တွင် မှဲ့ရှိလျှင် အရှက်အကြောက် အလွန်ကြီးတတ်ပါ သည်။ စိတ်သဘောထား နုတတ်သည်။ ယောကျ်ားဖြစ်ပါလျက်နှင့် တခါတရံတွင် မိန်းမဆန်သော အပြု အမူ အနေအထိုင်များကို တွေ့ရတတ်သည်။

(၁၉) ခြေဖဝါး အလည် တည့်တည့်တွင် မှဲ့ရှိလျှင် တနေရာတည်းတွင် အတည်တကျနှေုမရဘဲ ခြေသလုံး အိမ်တိုင်ဘဝဖြင့် သွားလာနေထိုင်ရကာ ဘဝဆုံးပါး ပျက်စီးတတ်ပါသည်။

(၂၀) ဘယ် (သို့မဟုတ်) ညာ ခြေဖမိုးတွင် မှဲ့များစွာ ပါရှိလျှင် သူရဲကောင်းဖြစ်တတ်သည်။(သို့မဟုတ်) လူဆိုး၊ ဓားပြ ဖြစ်တတ်ပါသည်။ တုတ်၊ ဓား၊ လှံ စသည့် လက်နက်ကိရိယာများကို ဆောင်ထားတတ် သည်။ တိုက်ခိုက်ရေး ပညာများတွင်လည်း ဝါသနာပါ၍ ပညာရှင်ဖြစ်တတ်သည်။

(၂၁) ရင်ညွန့် တည့်တည့်တွင် ထင်ရှားသော မှဲ့ရှိလျှင် သူတော်ကောင်း သူမြတ်လောင်း ဖြစ်တတ်သည်။တရားဓမ္မ နှလုံးသွင်းတတ်သည်။ လောကီ သမထဈာန်တန်ခိုးဘက်သို့ လိုက်စားတတ်သည်။ သိဒ္ဓိ မဟိဒ္ဓိ တန်ခိုးများရ၍ ပေါက်မြောက်နိုင်သည်။

(၂၂) ညာဘက်လက်တွင် မှဲ့ပါရှိလျှင် ငွေကြေးကို အကြောင်းပြု၍ အမှုဖြစ်တတ်ပါသည်။ ကပ်စေးနှဲသူ၊ မိမိကိုယ်ကျိုး တခုတည်းကိုသာ ကြည့်မြင်တတ်သူ ဖြစ်တတ်ပါသည်။

(၂၃) လက်ဖဝါးပြင်၏ ဘယ်ညာ နှစ်ဖက်စလုံး၏ အလယ်တည့်တည့်တွင် ထူးထူးခြားခြား မှဲ့အစိမ်းတလုံး ပါရှိလျှင် လူအများ၏ ကြည်ညိုလေးစားခြင်း ခံရသော ဘုန်းရှင်၊ ကံရှင်၊ ပါရမီရှင် ဖြစ်တတ်ပါသည်။ဝိဇ္ဇာဓိုရ်၊ သိဒ္ဓိရှင်၊ မဟိဒ္ဓိရှင် ပုဂ္ဂိုလ်များနှင့် ပဋ္ဌာန်းဆက် ရှိသူဖြစ်သည်။ ဝိဇ္ဇာလမ်းသို့ လိုက်စားလျှင် ဆရာသမားကောင်းနှင့် တွေ့ပြီး သိဒ္ဓိရတတ်ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: မြန်မာ.ရိုးရာဗေဒင်ပညာရပ်
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top