Kantharyar Centre
×

၁၉၉၀ ျပည့္ႏွစ္တြင္ ေအာင္ျမင္ခဲ့သည့္ ၀တၳဳေဆြလႈိင္ ဦး၏ ‘မေအးပြင့္ ျမင့္ျမင့္စန္း လမ္းသံုးဆယ္’႐ုပ္ရွင္အား သ႐ုပ္ ေဆာင္ေနမင္း၊ ေအးျမတ္သူတို႔ ျဖင့္ ျပန္လည္႐ိုက္ကူးထားသည့္ ႐ုပ္ရွင္ဇာတ္ကားကုိ စက္တင္ဘာ ၃၀ ရက္တြင္ ႐ံုတင္ျပသမည္ျဖစ္ ေၾကာင္း သတင္းရရွိသည္။

‘‘ကၽြန္ေတာ္က အရင္က သီဟေက်ာ္စိုးျဖစ္ခဲ့တာ။ လူေတြ ေမ့သြားတဲ့အခါက်ေတာ့ အခုေန သီဟေက်ာ္စိုးဆုိၿပီး ျပန္လာပါၿပီ။ စိတ္ခ်စြာနဲ႔ ၾကည့္ပါဆုိတာ ျဖစ္ ခ်င္လုိ႔ ဒီကားေလးကို ႐ိုက္ခဲ့့ပါ တယ္။ ကၽြန္ေတာ္ကေတာ့ အရမ္း ႀကိဳက္ၿပီး ပရိသတ္မႀကိဳက္တာ အမ်ိဳးစံုရွိတဲ့အတြက္ ပရိသတ္ဆံုး ျဖတ္တဲ့အေပၚမွာပဲ မူတည္ပါ တယ္။ သီဟေက်ာ္စိုးဆုိတာလည္း ဒီကားေပၚမွာ မူတည္ေနတယ္။ အရင္က ၅၀ ပဲျဖစ္ခဲ့တယ္။ ၁၀၀ ျဖစ္ဖို႔က ဒီကားအေပၚမွာ မူတည္ ေနတယ္’’ဟု ဒါ႐ိုက္တာ သီဟ ေက်ာ္စိုးက ေျပာသည္။

‘မေအးပြင့္ျမင့္ျမင့္စန္း လမ္း သံုးဆယ္’႐ုပ္ရွင္ကို ဒါ႐ိုက္တာ သီဟေက်ာ္စိုးက ျပန္လည္႐ိုက္ ကူးပံုေဖာ္ကာ ယခင္သ႐ုပ္ေဆာင္ မ်ားျဖစ္သည့္ ေနေအာင္ႏွင့္ ခင္ သီတာထြန္းေနရာတြင္ ေနမင္းႏွင့္ ေအးျမတ္သူတို႔က ပါ၀င္သ႐ုပ္ ေဆာင္ထားသည္။

‘‘ဒီကားေလးကစၿပီး ေနာက္ ပိုင္းမွာ အက္ရွင္ကားေလးေတြ ပရိသတ္က ႀကိဳက္လာမယ္လုိ႔ ေမွ်ာ္လင့္တယ္။ ကိုယ္လည္း ပို ၿပီး႐ိုက္ခ်င္ေသးတယ္။ ေရွ႕ကား ရဲ႕ ေအာင္ျမင္မႈကိုေတာ့ မေက်ာ္ ႏုိင္ေလာက္ဘူး။ အဲဒီဘက္ ေခတ္ အခါက တအားကို ေဟာ့ခဲ့တာ။ ဒီဘက္ေခတ္မွာက Social Network တအားမ်ားတယ္။ သိပ္ၿပီး အထူးအဆန္းမဟုတ္ေတာ့ဘူး။ အဲဒီတုန္းကေတာ့ မင္းသမီးတစ္ ေယာက္ ေရခ်ိဳးတယ္ဆုိတာနဲ႔တင္ ထူးထူးဆန္းဆန္းျဖစ္ေနၿပီ’’ဟု သ႐ုပ္ေဆာင္ ေအးျမတ္သူက ေျပာၾကားသည္။

အဆိုပါ႐ုပ္ရွင္သည္ ျမန္မာ အက္ရွင္ဇာတ္လမ္းတစ္ပုဒ္ျဖစ္၍ ပရိသတ္ႏွစ္သက္အားေပးမႈမ်ား ျပားလာပါက လက္ရွိဗီဒီယုိေစ်း ကြက္အေျခအေနမေကာင္းမြန္မႈ ေၾကာင့္ အက္ရွင္ဇာတ္ကား႐ိုက္ ကူးမႈ နည္းပါးေနျခင္းမွ လြတ္ ေျမာက္ႏုိင္ဖြယ္ရွိသည္ဟု သ႐ုပ္ ေဆာင္ေနမင္းက ေျပာသည္။

‘‘ဒီကား အဆင္ေျပသြားခဲ့ ရင္ ေနာက္ထပ္ လမ္းတစ္ခုအေျခ အေနေကာင္းလာႏိုင္တယ္။ ေနာက္တစ္ခုက အက္ရွင္႐ိုက္တဲ့ မင္းသားေတြ၊ ေတာကားေတြ႐ိုက္ ေနတဲ့သူေတြအတြက္လည္း ေကာင္းလာႏုိင္တယ္။ ဗီဒီယုိေစ်း ကြက္က အေျခအေနမေကာင္း ေတာ့ သူတို႔လည္း အေျခအေနမ ေကာင္းဘူး။ ဒီလုိေမွ်ာ္လင့္ခ်က္ရ သြားရင္ သူတုိ႔လည္း ရဲသြားတာ ေပါ့။ ရင္းရက်ိဳးနပ္တာေပါ့’’ဟု ၎က ေျပာသည္။

ပရိသတ္ႏွစ္ၿခိဳက္အားေပးမႈ ရွိသည့္ သီခ်င္း၊ ၀တၳဳ စသည္တို႔ ကို ထိန္းသိမ္းထားသကဲ့သို႔ ေကာင္းမြန္သည့္ ႐ုပ္ရွင္ဇာတ္ လမ္းတစ္ပုဒ္ကိုလည္း ထိန္းသိမ္း ရန္ ျပန္လည္႐ိုက္ကူးပံုေဖာ္သင့္ ေၾကာင္းႏွင့္ ႀကိဳးစားျပန္လည္ပံု ေဖာ္ႏုိင္မႈအေပၚ ဂုဏ္ယူမိသည္ ဟု ယခင္ မေအးပြင့္ျမင့္ျမင့္စန္းေန ရာတြင္ ပါ၀င္သ႐ုပ္ေဆာင္ခဲ့သည့္ ခင္သီတာထြန္းကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

၁၉၉၀ ပြည့်နှစ်တွင် အောင်မြင်ခဲ့သည့် ဝတ္ထုဆွေလှိုင် ဦး၏ ‘မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ်’ရုပ်ရှင်အား သရုပ် ဆောင်နေမင်း၊ အေးမြတ်သူတို့ ဖြင့် ပြန်လည်ရိုက်ကူးထားသည့် ရုပ်ရှင်ဇာတ်ကားကို စက်တင်ဘာ ၃၀ ရက်တွင် ရုံတင်ပြသမည်ဖြစ် ကြောင်း သတင်းရရှိသည်။

‘‘ကျွန်တော်က အရင်က သီဟကျော်စိုးဖြစ်ခဲ့တာ။ လူတွေ မေ့သွားတဲ့အခါကျတော့ အခုနေ သီဟကျော်စိုးဆိုပြီး ပြန်လာပါပြီ။ စိတ်ချစွာနဲ့ ကြည့်ပါဆိုတာ ဖြစ် ချင်လို့ ဒီကားလေးကို ရိုက်ခဲ့ပါ တယ်။ ကျွန်တော်ကတော့ အရမ်း ကြိုက်ပြီး ပရိသတ်မကြိုက်တာ အမျိုးစုံရှိတဲ့အတွက် ပရိသတ်ဆုံး ဖြတ်တဲ့အပေါ်မှာပဲ မူတည်ပါ တယ်။ သီဟကျော်စိုးဆိုတာလည်း ဒီကားပေါ်မှာ မူတည်နေတယ်။ အရင်က ၅၀ ပဲဖြစ်ခဲ့တယ်။ ၁၀၀ ဖြစ်ဖို့က ဒီကားအပေါ်မှာ မူတည် နေတယ်’’ဟု ဒါရိုက်တာ သီဟ ကျော်စိုးက ပြောသည်။

‘မအေးပွင့်မြင့်မြင့်စန်း လမ်း သုံးဆယ်’ရုပ်ရှင်ကို ဒါရိုက်တာ သီဟကျော်စိုးက ပြန်လည်ရိုက် ကူးပုံဖော်ကာ ယခင်သရုပ်ဆောင် များဖြစ်သည့် နေအောင်နှင့် ခင် သီတာထွန်းနေရာတွင် နေမင်းနှင့် အေးမြတ်သူတို့က ပါဝင်သရုပ် ဆောင်ထားသည်။

‘‘ဒီကားလေးကစပြီး နောက် ပိုင်းမှာ အက်ရှင်ကားလေးတွေ ပရိသတ်က ကြိုက်လာမယ်လို့ မျှော်လင့်တယ်။ ကိုယ်လည်း ပို ပြီးရိုက်ချင်သေးတယ်။ ရှေ့ကား ရဲ့ အောင်မြင်မှုကိုတော့ မကျော် နိုင်လောက်ဘူး။ အဲဒီဘက် ခေတ် အခါက တအားကို ဟော့ခဲ့တာ။ ဒီဘက်ခေတ်မှာက Social Network တအားများတယ်။ သိပ်ပြီး အထူးအဆန်းမဟုတ်တော့ဘူး။ အဲဒီတုန်းကတော့ မင်းသမီးတစ် ယောက် ရေချိုးတယ်ဆိုတာနဲ့တင် ထူးထူးဆန်းဆန်းဖြစ်နေပြီ’’ဟု သရုပ်ဆောင် အေးမြတ်သူက ပြောကြားသည်။

အဆိုပါရုပ်ရှင်သည် မြန်မာ အက်ရှင်ဇာတ်လမ်းတစ်ပုဒ်ဖြစ်၍ ပရိသတ်နှစ်သက်အားပေးမှုများ ပြားလာပါက လက်ရှိဗီဒီယိုဈေး ကွက်အခြေအနေမကောင်းမွန်မှု ကြောင့် အက်ရှင်ဇာတ်ကားရိုက် ကူးမှု နည်းပါးနေခြင်းမှ လွတ် မြောက်နိုင်ဖွယ်ရှိသည်ဟု သရုပ် ဆောင်နေမင်းက ပြောသည်။

‘‘ဒီကား အဆင်ပြေသွားခဲ့ ရင် နောက်ထပ် လမ်းတစ်ခုအခြေ အနေကောင်းလာနိုင်တယ်။ နောက်တစ်ခုက အက်ရှင်ရိုက်တဲ့ မင်းသားတွေ၊ တောကားတွေရိုက် နေတဲ့သူတွေအတွက်လည်း ကောင်းလာနိုင်တယ်။ ဗီဒီယိုဈေး ကွက်က အခြေအနေမကောင်း တော့ သူတို့လည်း အခြေအနေမ ကောင်းဘူး။ ဒီလိုမျှော်လင့်ချက်ရ သွားရင် သူတို့လည်း ရဲသွားတာ ပေါ့။ ရင်းရကျိုးနပ်တာပေါ့’’ဟု ၎င်းက ပြောသည်။

ပရိသတ်နှစ်ခြိုက်အားပေးမှု ရှိသည့် သီချင်း၊ ဝတ္ထု စသည်တို့ ကို ထိန်းသိမ်းထားသကဲ့သို့ ကောင်းမွန်သည့် ရုပ်ရှင်ဇာတ် လမ်းတစ်ပုဒ်ကိုလည်း ထိန်းသိမ်း ရန် ပြန်လည်ရိုက်ကူးပုံဖော်သင့် ကြောင်းနှင့် ကြိုးစားပြန်လည်ပုံ ဖော်နိုင်မှုအပေါ် ဂုဏ်ယူမိသည် ဟု ယခင် မအေးပွင့်မြင့်မြင့်စန်းနေ ရာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် ခင်သီတာထွန်းကပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top