Kantharyar Centre
×

ပုိကီမြန္အေကာင္ေလးေတြကုိ တစိုက္မတ္မတ္ဖမ္းၿပီး စြဲလမ္းစြာက စားေနတဲ့ ရုရွားႏုိင္ငံက အသက္ ၂၂ ႏွစ္အရြယ္ ဂိမ္းကစားသမား လူငယ္တစ္ဦးကုိ  ေထာင္ဒဏ္ ၅ ႏွစ္က်ခံရဖုိ႔အတြက္ အမိန္႔ခ်မွတ္ဖုိ႔ နီးစပ္ေနၿပီျဖစ္တယ္လုိ႔ သိရပါတယ္။

ေထာင္ဒဏ္က်ခံရဖြယ္ရွိတဲ့ ဂိမ္းကစားတဲ့လူငယ္ ရုစ္လန္ဆုိကုိလုိဗ္ စကီဆုိသူက ၿပီးခဲ့တဲ့တစ္လအခ်ိန္က ခရစ္ယာန္ဘုရားရွိခုိးေက်ာင္း ထဲဝင္ၿပီး ပုိကီမြန္အေကာင္ေလးေတြ ဖမ္းဆီးကစားတဲ့ ဗီြဒီယုိဖုိင္ကုိ You Tube ေပၚမွာတင္ထားလုိက္ၿပီးတဲ့ ေနာက္မွာ စစ္ေဆးဖမ္းဆီး ျခင္းခံရတာပဲ ျဖစ္ပါတယ္။

ဂိမ္းကစားတဲ့လူငယ္က ယင္းကဲ့သုိ႔ ဘုရားေက်ာင္းဝင္းအတြင္း ဂိမ္း ဝင္ေရာက္ကစားျခင္းက ဘာသာေရးအယူအဆနဲ႔ တားျမစ္ထားတဲ့ ဥပေဒေတြကုိ ခ်ိဳးေဖာက္မႈနဲ႔ ဒဏ္ေၾကးေငြ စတာလင္ေပါင္ ၆ ေထာင္နီးပါးဒဏ္တပ္ခံရၿပီးေတာ့ တရားရံုးေတာ္အမိန္႔နာခံစစ္ ေဆး မႈမျပဳလုပ္ခင္မွာ ၂ လနီးပါးေထာင္အတြင္းေနထုိင္ရမွာလည္း ျဖစ္ပါ တယ္။

ေထာင္ဒဏ္ငါးႏွစ္နီးပါး က်ခံရဖြယ္ရွိတဲ့ လူငယ္ရဲ႕ ဒီလုိမ်ိဳးခရစ္ ယာန္ဘုရားေက်ာင္းဝင္းအတြင္း ပုိကီမြန္ဂိုး ဂိမ္းဝင္ေရာက္ကစားတဲ့ ဗီြဒီယုိဖုိင္နဲ႔ၾကည့္ရႈသူေတြမ်ားျပားၿပီး ျပည္သူေတြနဲ႔ အျခားပုိကီမြန္ ကစားတဲ့ လူငယ္ေတြအတြက္ သတိေပးထားၿပီးသား လည္းျဖစ္ပါ တယ္။

Credit: ဖိုးသူေတာ္ (www.phothutaw.com)
ဖိုးသူေတာ္ Team မွ ဘာသာျပန္သည္။

#Unicode Version
 ပိုကီမွန်အကောင်လေးတွေကို တစိုက်မတ်မတ်ဖမ်းပြီး စွဲလမ်းစွာက စားနေတဲ့ ရုရှားနိုင်ငံက အသက် ၂၂ နှစ်အရွယ် ဂိမ်းကစားသမား လူငယ်တစ်ဦးကို  ထောင်ဒဏ် ၅ နှစ်ကျခံရဖို့အတွက် အမိန့်ချမှတ်ဖို့ နီးစပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။

ထောင်ဒဏ်ကျခံရဖွယ်ရှိတဲ့ ဂိမ်းကစားတဲ့လူငယ် ရုစ်လန်ဆိုကိုလိုဗ် စကီဆိုသူက ပြီးခဲ့တဲ့တစ်လအချိန်က ခရစ်ယာန်ဘုရားရှိခိုးကျောင်း ထဲဝင်ပြီး ပိုကီမွန်အကောင်လေးတွေ ဖမ်းဆီးကစားတဲ့ ဗွီဒီယိုဖိုင်ကို You Tube ပေါ်မှာတင်ထားလိုက်ပြီးတဲ့ နောက်မှာ စစ်ဆေးဖမ်းဆီး ခြင်းခံရတာပဲ ဖြစ်ပါတယ်။

ဂိမ်းကစားတဲ့လူငယ်က ယင်းကဲ့သို့ ဘုရားကျောင်းဝင်းအတွင်း ဂိမ်း ဝင်ရောက်ကစားခြင်းက ဘာသာရေးအယူအဆနဲ့ တားမြစ်ထားတဲ့ ဥပဒေတွေကို ချိုးဖောက်မှုနဲ့ ဒဏ်ကြေးငွေ စတာလင်ပေါင် ၆ ထောင်နီးပါးဒဏ်တပ်ခံရပြီးတော့ တရားရုံးတော်အမိန့်နာခံစစ် ဆေး မှုမပြုလုပ်ခင်မှာ ၂ လနီးပါးထောင်အတွင်းနေထိုင်ရမှာလည်း ဖြစ်ပါ တယ်။

ထောင်ဒဏ်ငါးနှစ်နီးပါး ကျခံရဖွယ်ရှိတဲ့ လူငယ်ရဲ့ ဒီလိုမျိုးခရစ် ယာန်ဘုရားကျောင်းဝင်းအတွင်း ပိုကီမွန်ဂိုး ဂိမ်းဝင်ရောက်ကစားတဲ့ ဗွီဒီယိုဖိုင်နဲ့ကြည့်ရှုသူတွေများပြားပြီး ပြည်သူတွေနဲ့ အခြားပိုကီမွန် ကစားတဲ့ လူငယ်တွေအတွက် သတိပေးထားပြီးသား လည်းဖြစ်ပါ တယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top