Kantharyar Centre
×





#Unicode Version

 အမျိုးသားတစ်ယောက် အိမ်ထောင်ရက်သား မပြုပဲ ကလေး ၁၄ ယောက်ရဲ့ ဖခင်ဖြစ်လာဖို့ဆိုတာ တကယ့်အပြင်လောကကြီးမှာ လုံးဝကို မဖြစ်နိုင်တယ်လို့ ထင်ကြပါလိမ့်မယ်။ သို့ပေမယ့်လည်း ဒါက တကယ့်အပြင် လောကကြီးမှာ တကယ်ဖြစ်ပျက်နေတာက အံ့သြစရာကောင်းလွန်းပါတယ်။ လူသားတွေရဲ့ တီထွင်ဖန်တီးမှု တွေနဲ့ နည်းပညာအဆင့်အတန်း မြင့်မားလာမှုတွေရဲ့ အကျိုးရ လာဒ်တွေက အခုလိုပဲ အံ့သြဆန်းကြယ်မှုတွေကို ဖြစ်လာတာပါပဲ။

ကယ်လီဖိုးနီးယားပြည်နယ်က အသက် ၃၆ နှစ်အရွယ် အမျိုးသား တစ်ဦးက သူ့ကိုယ်သူ ကလေး ၁၄ ယောက်ရဲ့ ဖခင်တစ်ဦးအဖြစ် ခံယူထားပါတယ်။ ကွန်ပျူတာလုံခြုံရေး ပညာရှင်တစ်ဦးဖြစ်တဲ့ တားရက် အာဆန်နော့ဆိုသူက လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်အချိန်က တည်းက စပြီးတော့ အဖိုသုတ်ပိုးကိုအခမဲ့ လှူဒါန်းခြင်းတွေ ပြုလုပ် ခဲ့တာပဲ ဖြစ်ပါတယ်။

ကလေးမရနိုင်တဲ့ အိမ်ထောင်ရှင်စုံတွဲတွေအတွက် အဖိုသုတ်ပိုး တွေကို လှူဒါန်းပေးပြီးတော့ အမသုတ်ပိုးနဲ့ ပေါင်းစပ်ကာ သန္ဓေ ဆောင်ကလေးမွေးဖွားစေခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ သူဟာ အိမ် ထောင်မပြုပဲနဲ့ ကလေး ၁၄ ဦးရဲ့ ဖခင်တစ်ဦးဖြစ်လာပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ဒီလိုမျိုးစေတနာကောင်း ကူညီမှုက နိုင်ငံနဲ့ ဆန့်ကျင်တဲ့ ဥပဒေချိုးဖောက်မှု ဖြစ်တာကြောင့် ထောင်ဒဏ် တစ်နှစ်နဲ့ ဒဏ်ကြေးဒေါ်လာ တစ်သိန်းဆောင်ရဖို့ တော့ရှိနေပါ တယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top