Property Expo
×

ေဝးလ္ႏုိင္ငံမွာ ေနထုိင္တဲ့ အမ်ိဳးသမီးတစ္ဦးဟာ သူမရဲ႕ ဖခင္းအရင္းက မူးယစ္ေဆးေတြ တိုက္ေကၽြးၿပီး အႀကိမ္ႀကိမ္ မတရားက်င့္မႈကို ခံခဲ့ရေၾကာင္း ဖြင့္ဟလာခဲ့ပါတယ္။

အမ္မာလို႔ အမည္ရတဲ့ အဆိုပါဆယ္ေက်ာ္သက္အမ်ိဳးသမီးဟာ အသက္ ၁၅ ႏွစ္အ႐ြယ္မွာမိခင္နဲ႔ စကားမ်ားၿပီးေနာက္ ဖခင္ျဖစ္သူဆီ သြားေရာက္ေနထိုင္ခဲ့ရာကစလို႔ ဒီျဖစ္ရပ္ျဖစ္ပြားခဲ့တာပါ။ အစပိုင္းမွာ သူမရဲ႕ ဖခင္ဟာ သူမကို ေဆးေျခာက္ေတြ ပံုမွန္ေပးၿပီး သံုးစြဲေစခဲ့တယ္လို႔ ဆိုပါတယ္။ ခရစၥတိုဖာလို႔ အမည္ရတဲ့ အဆိုပါအမ်ိဳးသားဟာ စိတ္က်န္းမာေရး ေကာင္းမြန္သူမဟုတ္ဘူးလို႔လည္း သိရပါတယ္။

အဲဒီကစလို႔ ေနာက္ပိုင္းမွာ သူမကို အႏိုင္က်င့္တဲ့ အႀကိမ္ေရမ်ားလာခဲ့ၿပီး ေန႔စဥ္ရက္ဆက္လိုလို မတရားျပဳက်င့္ခဲ့တယ္လို႔ အမ္မာက ေျပာပါတယ္။ အခုေတာ့ ဖခင္ျဖစ္သူကို ရဲတပ္ဖြဲ႔က ဖမ္းဆီးကာ ေထာင္ဒဏ္ ၁၂ ႏွစ္ခ်လိုက္ၿပီလို႔ သိရပါတယ္။ အမ္မာဟာ ၁၇ ႏွစအ႐ြယ္မွာ  ဖခင္ရဲ႕ လက္ေအာင္က လြတ္ေျမာက္လာခဲ့တာလို႔ သိရပါတယ္။

" အစပိုင္းမွာေတာ့ ကၽြန္မအိပ္ေပ်ာ္ခါစ အခ်ိန္ေတြမွာ သူေရာက္လာတတ္ၿပီး ေဆးေျခာက္ေတြ သံုးခုိင္းပါတယ္။ ေနာက္ပိုင္းမွာ ကၽြန္မရဲ႕အေျခအေနက မူးယစ္ေဆးအေပၚ လံုးလံုး မီွခိုေနရတဲ့ အေျခအေနမ်ိဳး ျဖစ္သြားတယ္။ ဘာေတြ ျဖစ္ေနမွန္း မသိေလာက္ေအာင္ကို မူးယစ္ႏြံထဲ ေရာက္ေနမိခဲ့ပါတယ္" လို႔ အမ္မာက ဖြင့္ဟပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun


#Unicode Version

ဝေးလ်နိုင်ငံမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ ဖခင်းအရင်းက မူးယစ်ဆေးတွေ တိုက်ကျွေးပြီး အကြိမ်ကြိမ် မတရားကျင့်မှုကို ခံခဲ့ရကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

အမ်မာလို့ အမည်ရတဲ့ အဆိုပါဆယ်ကျော်သက်အမျိုးသမီးဟာ အသက် ၁၅ နှစ်အရွယ်မှာမိခင်နဲ့ စကားများပြီးနောက် ဖခင်ဖြစ်သူဆီ သွားရောက်နေထိုင်ခဲ့ရာကစလို့ ဒီဖြစ်ရပ်ဖြစ်ပွားခဲ့တာပါ။ အစပိုင်းမှာ သူမရဲ့ ဖခင်ဟာ သူမကို ဆေးခြောက်တွေ ပုံမှန်ပေးပြီး သုံးစွဲစေခဲ့တယ်လို့ ဆိုပါတယ်။ ခရစ္စတိုဖာလို့ အမည်ရတဲ့ အဆိုပါအမျိုးသားဟာ စိတ်ကျန်းမာရေး ကောင်းမွန်သူမဟုတ်ဘူးလို့လည်း သိရပါတယ်။

အဲဒီကစလို့ နောက်ပိုင်းမှာ သူမကို အနိုင်ကျင့်တဲ့ အကြိမ်ရေများလာခဲ့ပြီး နေ့စဉ်ရက်ဆက်လိုလို မတရားပြုကျင့်ခဲ့တယ်လို့ အမ်မာက ပြောပါတယ်။ အခုတော့ ဖခင်ဖြစ်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးကာ ထောင်ဒဏ် ၁၂ နှစ်ချလိုက်ပြီလို့ သိရပါတယ်။ အမ်မာဟာ ၁၇ နှစအရွယ်မှာ  ဖခင်ရဲ့ လက်အောင်က လွတ်မြောက်လာခဲ့တာလို့ သိရပါတယ်။

" အစပိုင်းမှာတော့ ကျွန်မအိပ်ပျော်ခါစ အချိန်တွေမှာ သူရောက်လာတတ်ပြီး ဆေးခြောက်တွေ သုံးခိုင်းပါတယ်။ နောက်ပိုင်းမှာ ကျွန်မရဲ့အခြေအနေက မူးယစ်ဆေးအပေါ် လုံးလုံး မှီခိုနေရတဲ့ အခြေအနေမျိုး ဖြစ်သွားတယ်။ ဘာတွေ ဖြစ်နေမှန်း မသိလောက်အောင်ကို မူးယစ်နွံထဲ ရောက်နေမိခဲ့ပါတယ်" လို့ အမ်မာက ဖွင့်ဟပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top