Property Expo
×

 ျပည္တြင္းေရႊေစ်းသည္ဆက္တိုက္ျမင့္တက္လာၿပီး စက္တင္ဘာ ၂၇ ရက္တြင္ အေခါက္ေရႊ တစ္က်ပ္သားလွ်င္ အဖြင့္ေစ်း က်ပ္ကိုးသိန္းေက်ာ္အထိ ေစ်း ေပါက္ခဲ့ၿပီး ညေနပိုင္း၌ ေစ်း ျပန္ လည္က်ဆင္းခဲ့ေၾကာင္း ျပည္ တြင္းေရႊေစ်းကြက္မွ သတင္းရရွိ သည္။

စံခ်ိန္တင္ေစ်းျမင့္တက္လာ ျခင္းေၾကာင့္ လက္ဝတ္ရတနာေရႊ ထည္မ်ား အဝယ္မရွိဘဲ အေခါက္  ေရႊသာ အေရာင္းအဝယ္ျဖစ္ေန ေၾကာင္း ျပည္တြင္းေရႊေစ်းကြက္ မွ သိရသည္။

‘‘အခုက ေဒၚလာေစ်းတက္ တယ္။ ဒါေၾကာင့္ ေရႊေစ်းတက္ လာတာပါ။ မႏွစ္က ေဒၚလာေစ်း ၁,၃၀၀ ေက်ာ္တယ္။ ျပည္တြင္း ေရႊေစ်းက ရွစ္သိန္းဝန္းက်င္ပဲရွိ တယ္။ ကမၻာ႔ေရႊေစ်းက အဲဒီတုန္း က တစ္ေအာင္စ ေဒၚလာ ၁,၀၅၀ ေက်ာ္ေက်ာ္ပဲရွိေသးတယ္။ အခု က ကမၻာ႔ေရႊေစ်းပါ အျမင့္ပိုင္း ေရာက္ေနလို႔ အခုေစ်းေပါက္ေန တာ’’ဟု ရန္ကုန္တုိင္းေရႊလုပ္ငန္း ရွင္မ်ားအသင္း အတြင္းေရးမွဴး ဦးဝင္းျမင့္က ေျပာသည္။

ျပည္တြင္းအေခါက္ေရႊေစ်း သည္ စက္တင္ဘာ ၂၆ ရက္တြင္ တစ္က်ပ္သားလွ်င္ ၈၉၄,၀၀၀ က်ပ္အထိ ေစ်းေပါက္ခဲ့ၿပီး စက္တင္ဘာ ၂၇ နံနက္ပိုင္းအဖြင့္ေစ်း၌ က်ပ္ ၉၀၀,၀၀၀ ေက်ာ္ရွိခဲ့ကာ ညေနပိုင္းတြင္ က်ပ္ ၈၉၀,၀၀၀ ေအာက္သို႔ ျပန္လည္က်ဆင္းလာ သည္။

‘‘အခုလို ေစ်းျမင့္တက္တာ က ေရာင္းအားေရာ၊ ဝယ္လိုအား ေရာ ပံုမွန္ျဖစ္ေနေတာ့ အသင္း က ဝင္ထိန္းစရာမလိုေသးပါဘူး။ အခုအခ်ိန္မွာ ဝယ္ခ်င္သေလာက္ ဝယ္လို႔ရတယ္။ ေရာင္းခ်င္သ ေလာက္ ေရာင္းလို႔ရတယ္’’ဟု ျမန္မာႏိုင္ငံ ေရႊလုပ္ငန္းရွင္မ်ား အသင္းအတြင္းေရးမွဴး ဦးထံုေရႊ ဆိုင္ပိုင္ရွင္ ဦးေက်ာ္ဝင္းက ေျပာ သည္။

လက္ရွိအခ်ိန္တြင္ ေရႊေစ်း ကြက္အတြင္း အေရာင္းအဝယ္နည္းပါးေနေသာ္လည္း ေနာက္ပိုင္း၌ ပံုမွန္ အေရာင္းအဝယ္ ျဖစ္လာႏိုင္ေၾကာင္း ၎က ဆက္လက္ ေျပာသည္။

ေရႊေစ်းျမင့္တက္လာျခင္း ေၾကာင့္ ေနာက္ပိုင္းတြင္ ေရႊေစ်း အတက္၊ အက်ခန္႔မွန္းမႈမ်ား ခက္ ခဲေနၿပီး ေစ်းတက္ျခင္းမွာ ဝယ္လို အားေၾကာင့္မဟုတ္ဘဲ ေရႊလုပ္ငန္းရွင္မ်ားက ျမႇင့္တင္ေနျခင္း ေၾကာင့္ ျဖစ္ေၾကာင္း ေရႊဝယ္ေရာင္းလုပ္သူ ကိုမင္းမင္းက ေျပာသည္။

၂၀၁၅ က အေခါက္ေရႊေစ်း သည္ က်ပ္ ၈၀၀,၀၀၀ ရွိခဲ့သည္။ ယခု က်ပ္ ၉၀၀,၀၀၀ ေက်ာ္သည္ ျပည္တြင္းေရႊေစ်းသမိုင္းတြင္ စံ ခ်ိန္တင္ေစ်းႏႈန္းျဖစ္ခဲ့သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily





#Unicode Version

 ပြည်တွင်းရွှေဈေးသည်ဆက်တိုက်မြင့်တက်လာပြီး စက်တင်ဘာ ၂၇ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် အဖွင့်ဈေး ကျပ်ကိုးသိန်းကျော်အထိ ဈေး ပေါက်ခဲ့ပြီး ညနေပိုင်း၌ ဈေး ပြန် လည်ကျဆင်းခဲ့ကြောင်း ပြည် တွင်းရွှေဈေးကွက်မှ သတင်းရရှိ သည်။

စံချိန်တင်ဈေးမြင့်တက်လာ ခြင်းကြောင့် လက်ဝတ်ရတနာရွှေ ထည်များ အဝယ်မရှိဘဲ အခေါက်  ရွှေသာ အရောင်းအဝယ်ဖြစ်နေ ကြောင်း ပြည်တွင်းရွှေဈေးကွက် မှ သိရသည်။

‘‘အခုက ဒေါ်လာဈေးတက် တယ်။ ဒါကြောင့် ရွှေဈေးတက် လာတာပါ။ မနှစ်က ဒေါ်လာဈေး ၁,၃၀၀ ကျော်တယ်။ ပြည်တွင်း ရွှေဈေးက ရှစ်သိန်းဝန်းကျင်ပဲရှိ တယ်။ ကမ္ဘာ့ရွှေဈေးက အဲဒီတုန်း က တစ်အောင်စ ဒေါ်လာ ၁,၀၅၀ ကျော်ကျော်ပဲရှိသေးတယ်။ အခု က ကမ္ဘာ့ရွှေဈေးပါ အမြင့်ပိုင်း ရောက်နေလို့ အခုဈေးပေါက်နေ တာ’’ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်း ရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။

ပြည်တွင်းအခေါက်ရွှေဈေး သည် စက်တင်ဘာ ၂၆ ရက်တွင် တစ်ကျပ်သားလျှင် ၈၉၄,၀၀၀ ကျပ်အထိ ဈေးပေါက်ခဲ့ပြီး စက်တင်ဘာ ၂၇ နံနက်ပိုင်းအဖွင့်ဈေး၌ ကျပ် ၉၀၀,၀၀၀ ကျော်ရှိခဲ့ကာ ညနေပိုင်းတွင် ကျပ် ၈၉၀,၀၀၀ အောက်သို့ ပြန်လည်ကျဆင်းလာ သည်။

‘‘အခုလို ဈေးမြင့်တက်တာ က ရောင်းအားရော၊ ဝယ်လိုအား ရော ပုံမှန်ဖြစ်နေတော့ အသင်း က ဝင်ထိန်းစရာမလိုသေးပါဘူး။ အခုအချိန်မှာ ဝယ်ချင်သလောက် ဝယ်လို့ရတယ်။ ရောင်းချင်သ လောက် ရောင်းလို့ရတယ်’’ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းအတွင်းရေးမှူး ဦးထုံရွှေ ဆိုင်ပိုင်ရှင် ဦးကျော်ဝင်းက ပြော သည်။

လက်ရှိအချိန်တွင် ရွှေဈေး ကွက်အတွင်း အရောင်းအဝယ်နည်းပါးနေသော်လည်း နောက်ပိုင်း၌ ပုံမှန် အရောင်းအဝယ် ဖြစ်လာနိုင်ကြောင်း ၎င်းက ဆက်လက် ပြောသည်။

ရွှေဈေးမြင့်တက်လာခြင်း ကြောင့် နောက်ပိုင်းတွင် ရွှေဈေး အတက်၊ အကျခန့်မှန်းမှုများ ခက် ခဲနေပြီး ဈေးတက်ခြင်းမှာ ဝယ်လို အားကြောင့်မဟုတ်ဘဲ ရွှေလုပ်ငန်းရှင်များက မြှင့်တင်နေခြင်း ကြောင့် ဖြစ်ကြောင်း ရွှေဝယ်ရောင်းလုပ်သူ ကိုမင်းမင်းက ပြောသည်။

၂၀၁၅ က အခေါက်ရွှေဈေး သည် ကျပ် ၈၀၀,၀၀၀ ရှိခဲ့သည်။ ယခု ကျပ် ၉၀၀,၀၀၀ ကျော်သည် ပြည်တွင်းရွှေဈေးသမိုင်းတွင် စံ ချိန်တင်ဈေးနှုန်းဖြစ်ခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top