Property Expo
×

 ေျမာက္ကိုရီးယား၏ ႏ်ဴကလီးယား ၿခိမ္းေျခာက္မႈမ်ား ျမင့္တက္လာခ်ိန္၌ ေတာင္ကိုရီးယားႏွင့္ အေမရိကန္ ေရတပ္မ်ား ပူးေပါင္းၿပီး ဂ်ပန္ပင္လယ္ျပင္တြင္ အင္အားျပ စစ္ေရးေလ့က်င့္ခဲ့ၾကသည္။

ေျမာက္ကိုရီးယား၏ တိုက္ခ်င္းပစ္ ဒံုးက်ည္ႏွင့္ ႏ်ဴကလီးယားလက္နက္ စမ္းသပ္မႈမ်ားႏွင့္ ပတ္သက္ၿပီး ႏွစ္ႏုိင္ငံ မဟာမိတ္တပ္မ်ားက မည္သို႔မည္ပံု တံု႔ျပန္ႏုိင္ေၾကာင္း ျပသရန္ စက္တင္ဘာ ၂၆ ရက္တြင္ စတင္ၿပီး ေရတပ္ခ်င္း ပူးေပါင္းေလ့က်င့္မႈ ျပဳလုပ္လာျခင္းဟု သိရသည္။

အဆိုပါ အစီအစဉ္တြင္ အေမရိကန္၏ ပဲ့ထိန္းတပ္ ဖ်က္သေဘၤာ USS Spruanceက ေတာင္ကိုရီးယား ေရတပ္မွာ စစ္သေဘၤာမ်ား၊ ေရငုပ္သေဘၤာမ်ား၊ ေလယာဉ္မ်ားႏွင့္ ပူးေပါင္းေလ့က်င့္ခဲ့သည္။ စစ္ေရးေလ့က်င့္မႈအတြက္ ေနရာကို ကိုရီးယားကၽြန္းဆြယ္ အေ႐ွ႕ပိုင္းရွိ ဂ်ပန္ပင္လယ္ျပင္ကို ေရြးခ်ယ္ခဲ့သည္။

အေမရိကန္သည္ ၿပီးခဲ့သည့္ သီတင္းပတ္ကလည္း ေလတပ္၏ မဟာဗ်ဴဟာ ဗံုးႀကဲေလယာဉ္ B-1မ်ားကို ကိုရီးယား ႏွစ္ႏုိင္ငံ၏ စစ္မဲ့ဇုန္ နယ္နိမိတ္အနီး ပ်ံသန္းကာ ေျမာက္ကိုရီးယားကို အင္အားျပခဲ့ေသးသည္။ ေျမာက္ကိုရီးယားက ဒံုးက်ည္အင္ဂ်င္သစ္ တစ္မ်ိဳးကို ေျမျပင္စမ္းသပ္မႈမ်ား ေအာင္ျမင္စြာ ျပဳလုပ္ႏုိင္ခဲ့ၿပီဟု ေၾကညာၿပီးေနာက္ ဆိုးလ္ၿမိဳ႕ေတာ္ေတာင္ပိုင္း အိုဆန္ ေလတပ္အေျခစိုက္စခန္းတြင္ ရွိေနသည့္ B-1မ်ားကို အေမရိကန္ ေလတပ္က ပ်ံသန္းေစခဲ့ျခင္း ျဖစ္သည္။

“ေန႔စဉ္ေန႔တိုင္း ပခံုးခ်င္းယွဉ္ၿပီး ပူးေပါင္းစစ္ေရးေလ့က်င့္ေနတာဟာ ကၽြန္ေတာ္တို႔ မဟာမိတ္ ေရတပ္ေတြရဲ႕ ပင္လယ္ျပင္ စစ္ေရးစြမ္းရည္ကို ျမႇင့္တင္ဖုိ႔၊ ေျမာက္ကိုရီးယားရဲ႕ ရန္လိုၿခိမ္းေျခာက္မႈေတြကို တံု႔ျပန္ႏုိင္ဖို႔ အရမ္းအေရးႀကီးတယ္ ဆိုတာကို ကၽြန္ေတာ္တို႔ အေသအခ်ာ နားလည္ထားပါတယ္”ဟု အေမရိကန္၏ ေတာင္ကိုရီးယား အေျခစိုက္ ေရတပ္ဖြဲ႕မွ ဦးစီးမွဴး ေနာက္တန္းေသနာပတိ ဘရက္ဒ္ကူးပါးက ေျပာၾကားခဲ့သည္။

ယခုစစ္ေရးေလ့က်င့္မႈတြင္ ေတာင္ကိုရီးယား ေရတပ္၏ အႀကီးဆံုး စစ္သေဘၤာမ်ားျဖစ္ၿပီး Aegis ဒံုးက်ည္မ်ား တပ္ဆင္ထားသည့္ Sejongအဆင့္ ဖ်က္သေဘၤာမ်ားလည္း ပါဝင္ခဲ့သည္။ အဆိုပါ သေဘၤာမ်ားတြင္ ဒံုးက်ည္ ၁၂၈ စင္းထိ ပါရွိၿပီး ကမာၻေပၚတြင္ လက္နက္တပ္ဆင္မႈ အမ်ားဆံုး စစ္ေရယာဉ္မ်ား စာရင္း၌ ပါဝင္ေနသည္။

ေျမာက္ကိုရီးယားသည္ ၿပီးခဲ့သည့္ လပိုင္းမ်ားအတြင္း ႏ်ဴကလီးယား လက္နက္ႏွင့္ တိုက္ခ်င္းပစ္ဒံုးက်ည္ စမ္းသပ္မႈမ်ားကို ပိုမိုျမႇင့္တင္လာၿပီး ဩဂုတ္လကလည္း ေရငုပ္သေဘၤာ အေျခစိုက္ တုိက္ခ်င္းပစ္ ဒံုးက်ည္တစ္စင္းကို ေအာင္ျမင္စြာ စမ္းသပ္ႏုိင္ခဲ့ေၾကာင္း ေၾကညာခဲ့သည္။ ေတာင္ကိုရီးယား ေထာက္လွမ္းေရး ဌာနက ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္မ္ဂ်ံဳအန္းသည္ ၎၏ ႏ်ဴကလီးယားလက္နက္ႏုိင္ငံ ထူေထာင္ေရး ရည္မွန္းခ်က္ကို ယခင္ကထက္ပင္ ပိုမို၍ အရွိန္ျမႇင့္ အေကာင္အထည္ ေဖာ္ေနၿပီဟု ယံုၾကည္ေနေၾကာင္းလည္း သိရွိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 မြောက်ကိုရီးယား၏ နျူကလီးယား ခြိမ်းခြောက်မှုများ မြင့်တက်လာချိန်၌ တောင်ကိုရီးယားနှင့် အမေရိကန် ရေတပ်များ ပူးပေါင်းပြီး ဂျပန်ပင်လယ်ပြင်တွင် အင်အားပြ စစ်ရေးလေ့ကျင့်ခဲ့ကြသည်။


မြောက်ကိုရီးယား၏ တိုက်ချင်းပစ် ဒုံးကျည်နှင့် နျူကလီးယားလက်နက် စမ်းသပ်မှုများနှင့် ပတ်သက်ပြီး နှစ်နိုင်ငံ မဟာမိတ်တပ်များက မည်သို့မည်ပုံ တုံ့ပြန်နိုင်ကြောင်း ပြသရန် စက်တင်ဘာ ၂၆ ရက်တွင် စတင်ပြီး ရေတပ်ချင်း ပူးပေါင်းလေ့ကျင့်မှု ပြုလုပ်လာခြင်းဟု သိရသည်။

အဆိုပါ အစီအစဉ်တွင် အမေရိကန်၏ ပဲ့ထိန်းတပ် ဖျက်သင်္ဘော USS Spruanceက တောင်ကိုရီးယား ရေတပ်မှာ စစ်သင်္ဘောများ၊ ရေငုပ်သင်္ဘောများ၊ လေယာဉ်များနှင့် ပူးပေါင်းလေ့ကျင့်ခဲ့သည်။ စစ်ရေးလေ့ကျင့်မှုအတွက် နေရာကို ကိုရီးယားကျွန်းဆွယ် အရှေ့ပိုင်းရှိ ဂျပန်ပင်လယ်ပြင်ကို ရွေးချယ်ခဲ့သည်။

အမေရိကန်သည် ပြီးခဲ့သည့် သီတင်းပတ်ကလည်း လေတပ်၏ မဟာဗျူဟာ ဗုံးကြဲလေယာဉ် B-1များကို ကိုရီးယား နှစ်နိုင်ငံ၏ စစ်မဲ့ဇုန် နယ်နိမိတ်အနီး ပျံသန်းကာ မြောက်ကိုရီးယားကို အင်အားပြခဲ့သေးသည်။ မြောက်ကိုရီးယားက ဒုံးကျည်အင်ဂျင်သစ် တစ်မျိုးကို မြေပြင်စမ်းသပ်မှုများ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီဟု ကြေညာပြီးနောက် ဆိုးလ်မြို့တော်တောင်ပိုင်း အိုဆန် လေတပ်အခြေစိုက်စခန်းတွင် ရှိနေသည့် B-1များကို အမေရိကန် လေတပ်က ပျံသန်းစေခဲ့ခြင်း ဖြစ်သည်။

“နေ့စဉ်နေ့တိုင်း ပခုံးချင်းယှဉ်ပြီး ပူးပေါင်းစစ်ရေးလေ့ကျင့်နေတာဟာ ကျွန်တော်တို့ မဟာမိတ် ရေတပ်တွေရဲ့ ပင်လယ်ပြင် စစ်ရေးစွမ်းရည်ကို မြှင့်တင်ဖို့၊ မြောက်ကိုရီးယားရဲ့ ရန်လိုခြိမ်းခြောက်မှုတွေကို တုံ့ပြန်နိုင်ဖို့ အရမ်းအရေးကြီးတယ် ဆိုတာကို ကျွန်တော်တို့ အသေအချာ နားလည်ထားပါတယ်”ဟု အမေရိကန်၏ တောင်ကိုရီးယား အခြေစိုက် ရေတပ်ဖွဲ့မှ ဦးစီးမှူး နောက်တန်းသေနာပတိ ဘရက်ဒ်ကူးပါးက ပြောကြားခဲ့သည်။

ယခုစစ်ရေးလေ့ကျင့်မှုတွင် တောင်ကိုရီးယား ရေတပ်၏ အကြီးဆုံး စစ်သင်္ဘောများဖြစ်ပြီး Aegis ဒုံးကျည်များ တပ်ဆင်ထားသည့် Sejongအဆင့် ဖျက်သင်္ဘောများလည်း ပါဝင်ခဲ့သည်။ အဆိုပါ သင်္ဘောများတွင် ဒုံးကျည် ၁၂၈ စင်းထိ ပါရှိပြီး ကမ္ဘာပေါ်တွင် လက်နက်တပ်ဆင်မှု အများဆုံး စစ်ရေယာဉ်များ စာရင်း၌ ပါဝင်နေသည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့် လပိုင်းများအတွင်း နျူကလီးယား လက်နက်နှင့် တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်မှုများကို ပိုမိုမြှင့်တင်လာပြီး ဩဂုတ်လကလည်း ရေငုပ်သင်္ဘော အခြေစိုက် တိုက်ချင်းပစ် ဒုံးကျည်တစ်စင်းကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။ တောင်ကိုရီးယား ထောက်လှမ်းရေး ဌာနက မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းသည် ၎င်း၏ နျူကလီးယားလက်နက်နိုင်ငံ ထူထောင်ရေး ရည်မှန်းချက်ကို ယခင်ကထက်ပင် ပိုမို၍ အရှိန်မြှင့် အကောင်အထည် ဖော်နေပြီဟု ယုံကြည်နေကြောင်းလည်း သိရှိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top