Property Expo
×

ပုသိမ္ၿမိဳ႕ရွိ ေနအိမ္တစ္ အိမ္တြင္ ယိုယြင္းေနသည့္ မီး ပလတ္ခံုကို အသံုးျပဳရာမွ မီးပြား  ပြင့္ထြက္ၿပီးအနီးရွိ ဓာတ္ဆီပံုးကို ကူးစက္၍ မီးေလာင္မႈျဖစ္ပြားခဲ့ သည္။

‘‘တိုင္ကီထဲကဆီကို ပလတ္ စတစ္ပံုးထဲကို လွယ္ထည့္ေန တယ္။ ေရေႏြးအိုးတယ္ဖို႔ ပလတ္ ထိုးေတာ့ မီးေခါင္းကေခ်ာင္ၿပီး မီး ပြားက အဖံုးဖြင့္ထားတဲ့ဆီပံုးေပၚ က်တယ္။ ပိုဆိုးတာက မီးေလာင္ လြယ္တဲ့ ေအာက္တိိန္းဆီျဖစ္ေန တယ္’’ဟု ပုသိမ္ၿမိဳ႕နယ္ မီးသတ္ ဦးစီးမွဴး ဦးေဌးလြင္ကေျပာၾကား သည္။ ပုသိမ္ၿမိဳ႕ အမွတ္ (၄) ရပ္ ကြက္ ငွက္ေပ်ာတန္းလမ္းႏွင့္ ဆီ ဆိုင္လမ္းၾကားေထာင့္ရွိ ေဒၚခင္ မ်ိဳးရီ၏ ေနအိမ္တြင္ စက္တင္ဘာ၁၂ ရက္ နံနက္ ၈ နာရီခဲြခန္႔က ေလာင္ကြၽမ္းျခင္းျဖစ္ၿပီး မီးေလာင္မႈေၾကာင့္ ေပ ၃၀ ပတ္လည္ ဆီဂိုေဒါင္တစ္လံုး၊ ဆိုင္ကယ္ႏွစ္စီး၊ ဓာတ္ဆီပီပါ၊ ဒီဇယ္ပီပါႏွင့္ ေရနံေခ်းမ်ား ေလာင္ကြၽမ္းခဲ့ကာ လုပ္သားတစ္ဦး မီးဟပ္ခံရသျဖင့္ ေျခေထာက္ႏွင့္ လက္တို႔တြင္ ဒဏ္ရာရရွိခဲ့ၿပီး ပုသိမ္ေဆး႐ံုသို႔ အတြင္းလူနာအျဖစ္ တင္ပို႔ထားသည္။

‘‘မီးေလာင္တဲ့အရွိန္နဲ႔ ဒီ ဇယ္ပီပါပံုးက မုိးေပၚကို ေျမာက္ တက္သြားတယ္။ အေပၚေရာက္မွ ၀ုန္းဆိုေပါက္ကြဲၿပီး ဆိုင္ထဲကိုျပန္ က်တာ။ မီးစေတြ တျခားေနရာ ကို ျပန္႔က်ဲမက်တာ ေတာ္ေသး တယ္။ ဒီလမ္းၾကားက ဒီဇယ္နဲ႔ ေရနံခဲေတြ ေရာင္းတဲ့ေနရာဆို ေတာ့ အဲဒီလိုသာက်ရင္ အရမ္း အႏၲရာယ္ရွိတယ္’’ဟု မီးေလာင္ကြၽမ္းသည့္အိမ္ အနီး၌ရွိေနသည့္ ကိုအေသးေလးကေျပာသည္။

မီးေလာင္မႈကို သေႏၶႏွင့္ အရန္ မီးသတ္တပ္ဖြဲ႕၀င္မ်ား၊ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕၀င္မ်ား၊တပ္မေတာ္သားမ်ား၊ ေဒသခံ ျပည္သူမ်ားစုုေပါင္း၍ ၀ိုင္း၀န္းမီးၿငိႇမ္းသတ္ခဲ့ရာ တစ္နာရီအၾကာတြင္ မီးၿငိမ္းသြားခဲ့သည္။

မီးေလာင္မႈ ျဖစ္ပြားရာ ေနအိမ္ပိုင္ရွင္ ေဒၚခင္မ်ိဳးရီ ကို ပုသိမ္နယ္ေျမ ရဲစခန္းက မီး ေပါ့ဆစြာသံုးစြဲမႈ ပုဒ္မ ၂၈၅ ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

ပုသိမ်မြို့ရှိ နေအိမ်တစ် အိမ်တွင် ယိုယွင်းနေသည့် မီး ပလတ်ခုံကို အသုံးပြုရာမှ မီးပွား  ပွင့်ထွက်ပြီးအနီးရှိ ဓာတ်ဆီပုံးကို ကူးစက်၍ မီးလောင်မှုဖြစ်ပွားခဲ့ သည်။

‘‘တိုင်ကီထဲကဆီကို ပလတ် စတစ်ပုံးထဲကို လှယ်ထည့်နေ တယ်။ ရေနွေးအိုးတယ်ဖို့ ပလတ် ထိုးတော့ မီးခေါင်းကချောင်ပြီး မီး ပွားက အဖုံးဖွင့်ထားတဲ့ဆီပုံးပေါ် ကျတယ်။ ပိုဆိုးတာက မီးလောင် လွယ်တဲ့ အောက်တိန်းဆီဖြစ်နေ တယ်’’ဟု ပုသိမ်မြို့နယ် မီးသတ် ဦးစီးမှူး ဦးဌေးလွင်ကပြောကြား သည်။ ပုသိမ်မြို့ အမှတ် (၄) ရပ် ကွက် ငှက်ပျောတန်းလမ်းနှင့် ဆီ ဆိုင်လမ်းကြားထောင့်ရှိ ဒေါ်ခင် မျိုးရီ၏ နေအိမ်တွင် စက်တင်ဘာ၁၂ ရက် နံနက် ၈ နာရီခွဲခန့်က လောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ပေ ၃၀ ပတ်လည် ဆီဂိုဒေါင်တစ်လုံး၊ ဆိုင်ကယ်နှစ်စီး၊ ဓာတ်ဆီပီပါ၊ ဒီဇယ်ပီပါနှင့် ရေနံချေးများ လောင်ကျွမ်းခဲ့ကာ လုပ်သားတစ်ဦး မီးဟပ်ခံရသဖြင့် ခြေထောက်နှင့် လက်တို့တွင် ဒဏ်ရာရရှိခဲ့ပြီး ပုသိမ်ဆေးရုံသို့ အတွင်းလူနာအဖြစ် တင်ပို့ထားသည်။

‘‘မီးလောင်တဲ့အရှိန်နဲ့ ဒီ ဇယ်ပီပါပုံးက မိုးပေါ်ကို မြောက် တက်သွားတယ်။ အပေါ်ရောက်မှ ဝုန်းဆိုပေါက်ကွဲပြီး ဆိုင်ထဲကိုပြန် ကျတာ။ မီးစတွေ တခြားနေရာ ကို ပြန့်ကျဲမကျတာ တော်သေး တယ်။ ဒီလမ်းကြားက ဒီဇယ်နဲ့ ရေနံခဲတွေ ရောင်းတဲ့နေရာဆို တော့ အဲဒီလိုသာကျရင် အရမ်း အန္တရာယ်ရှိတယ်’’ဟု မီးလောင်ကျွမ်းသည့်အိမ် အနီး၌ရှိနေသည့် ကိုအသေးလေးကပြောသည်။

မီးလောင်မှုကို သန္ဓေနှင့် အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊တပ်မတော်သားများ၊ ဒေသခံ ပြည်သူများစုုပေါင်း၍ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ တစ်နာရီအကြာတွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှု ဖြစ်ပွားရာ နေအိမ်ပိုင်ရှင် ဒေါ်ခင်မျိုးရီ ကို ပုသိမ်နယ်မြေ ရဲစခန်းက မီး ပေါ့ဆစွာသုံးစွဲမှု ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top