Kantharyar Centre
×

 အေျပာင္းအေရႊ႕ေစ်း ကြက္မပိတ္မီ ေနာက္ဆံုးမိနစ္၌ စပါးက နယူးကာဆယ္ကြင္းလယ္ လူ ဆစ္ဆုိကုိကုိ ေပါင္သန္း ၃၀ ျဖင့္ လည္းေကာင္း၊ မာေဆးမွ ျပင္ သစ္ယူ-၂၁ လက္ေရြးစင္ ေတာင္ ပံကစားသမား အမ္ကုိဒုိကုိ ေပါင္  ကိုးသန္းျဖင့္လည္းေကာင္း အသီး သီးေခၚယူလုိက္သည္။


၂၀၁၃ က တူေလာက္စ္ အသင္းမွ နယူးကာဆယ္သို႔ ေျပာင္းေရႊ႕လာေသာ မိုဆာဆစ္ ဆုိကိုကုိ အဲဗာတန္အသင္းက ေခၚယူရန္ ႀကိဳးစားမႈကုိ နယူးကာ ဆယ္က လက္ခံခဲ့ေသာ္လည္း ပုဂၢိဳလ္ေရးသေဘာတူညီခ်က္မရ ျဖစ္ခဲ့ၿပီးေနာက္ စပါးက ငါးႏွစ္ စာခ်ဳပ္ျဖင့္ ေခၚယူလုိက္ျခင္းျဖစ္ သည္။

ဆစ္ဆုိကိုက စပါးအသင္း ပရိသတ္မ်ားႏွင့္ အသင္းအတြက္ အရာအားလံုးေပးဆပ္သြားမည္ ဟု ေျပာၾကားၿပီး စပါးႏွင့္အတူ ပြဲအမ်ားအျပားကစားခြင့္ရ၍ ဖလားရရိွမည္ဟု ေမွ်ာ္လင့္ေၾကာင္း ေျပာၾကားသည္။

ျပင္သစ္လက္ေရြးစင္ဆစ္ ဆုိကိုသည္ ယူ႐ုိ ၂၀၁၆ ဗိုလ္လုပြဲ တြင္ ေျခစြမ္းျပခဲ့ၿပီးေနာက္ နယူး ကာဆယ္အသင္းတန္းဆင္းမႈႏွင့္ အတူ အသင္းေျပာင္းေရႊ႕လုိ ေၾကာင္း ယခင္က ထုတ္ေဖာ္ေျပာဆုိခ့ဲသည္။

အဲဗာတန္က ၎၏ အသင္း ေျပာင္းေရႊ႕ေၾကးကို သေဘာတူ ခဲ့ေသာ္လည္း ဆစ္ဆုိကိုႏွင့္ ပုဂၢိဳလ္ေရးသေဘာတူညီမႈ မရရိွ ခဲ့ေပ။ ၎သည္ တူေလာက္စ္ အတြက္ ၁၃၃ ပြဲကစားၿပီး ၁၂ ဂုိး သြင္းယူခဲ့သည္။

ထိုအေတာအတြင္း မာ ေဆးအသင္းမွ အသက္ (၂၁)ႏွစ္ အရြယ္ေတာင္ပံကစားသမား အမ္ကုိဒုိကုိ စပါးက ေပါင္ ကိုးသန္းျဖင့္ေခၚယူလုိက္သည္။ ၎သည္ မာေဆးအတြက္ ၿပီးခဲ့သည့္ရာ သီက ၿပိဳင္ပြဲအရပ္ရပ္ ၄၁ ပြဲကစားၿပီး ၁၀ ဂုိးသြင္းယူခဲ့သည္။ မိမိသည္လ်င္ျမန္ၿပီး လိမ္ေခါက္ကစား တတ္ေသာ ကစားသမားျဖစ္ျခင္း ကို လူတုိင္းသိသည္ဟု အမ္ကိုဒုိက ေျပာၾကားသည္။

ထို႔အျပင္စပါးက အက္စ္ပန္ ညိဳဂုိးသမား ေပါလုိးဗက္ဇ္ (၂၁) ႏွစ္ကိုလည္း တစ္ရာသီအငွားစာ ခ်ဳပ္ျဖင့္ ေခၚယူအားျဖည့္ထား သည္။       

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:BBC

#Unicode Version
 အပြောင်းအရွှေ့ဈေး ကွက်မပိတ်မီ နောက်ဆုံးမိနစ်၌ စပါးက နယူးကာဆယ်ကွင်းလယ် လူ ဆစ်ဆိုကိုကို ပေါင်သန်း ၃၀ ဖြင့် လည်းကောင်း၊ မာဆေးမှ ပြင် သစ်ယူ-၂၁ လက်ရွေးစင် တောင် ပံကစားသမား အမ်ကိုဒိုကို ပေါင်  ကိုးသန်းဖြင့်လည်းကောင်း အသီး သီးခေါ်ယူလိုက်သည်။


၂၀၁၃ က တူလောက်စ် အသင်းမှ နယူးကာဆယ်သို့ ပြောင်းရွှေ့လာသော မိုဆာဆစ် ဆိုကိုကို အဲဗာတန်အသင်းက ခေါ်ယူရန် ကြိုးစားမှုကို နယူးကာ ဆယ်က လက်ခံခဲ့သော်လည်း ပုဂ္ဂိုလ်ရေးသဘောတူညီချက်မရ ဖြစ်ခဲ့ပြီးနောက် စပါးက ငါးနှစ် စာချုပ်ဖြင့် ခေါ်ယူလိုက်ခြင်းဖြစ် သည်။

ဆစ်ဆိုကိုက စပါးအသင်း ပရိသတ်များနှင့် အသင်းအတွက် အရာအားလုံးပေးဆပ်သွားမည် ဟု ပြောကြားပြီး စပါးနှင့်အတူ ပွဲအများအပြားကစားခွင့်ရ၍ ဖလားရရှိမည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။

ပြင်သစ်လက်ရွေးစင်ဆစ် ဆိုကိုသည် ယူရို ၂၀၁၆ ဗိုလ်လုပွဲ တွင် ခြေစွမ်းပြခဲ့ပြီးနောက် နယူး ကာဆယ်အသင်းတန်းဆင်းမှုနှင့် အတူ အသင်းပြောင်းရွှေ့လို ကြောင်း ယခင်က ထုတ်ဖော်ပြောဆိုခဲ့သည်။

အဲဗာတန်က ၎င်း၏ အသင်း ပြောင်းရွှေ့ကြေးကို သဘောတူ ခဲ့သော်လည်း ဆစ်ဆိုကိုနှင့် ပုဂ္ဂိုလ်ရေးသဘောတူညီမှု မရရှိ ခဲ့ပေ။ ၎င်းသည် တူလောက်စ် အတွက် ၁၃၃ ပွဲကစားပြီး ၁၂ ဂိုး သွင်းယူခဲ့သည်။

ထိုအတောအတွင်း မာ ဆေးအသင်းမှ အသက် (၂၁)နှစ် အရွယ်တောင်ပံကစားသမား အမ်ကိုဒိုကို စပါးက ပေါင် ကိုးသန်းဖြင့်ခေါ်ယူလိုက်သည်။ ၎င်းသည် မာဆေးအတွက် ပြီးခဲ့သည့်ရာ သီက ပြိုင်ပွဲအရပ်ရပ် ၄၁ ပွဲကစားပြီး ၁၀ ဂိုးသွင်းယူခဲ့သည်။ မိမိသည်လျင်မြန်ပြီး လိမ်ခေါက်ကစား တတ်သော ကစားသမားဖြစ်ခြင်း ကို လူတိုင်းသိသည်ဟု အမ်ကိုဒိုက ပြောကြားသည်။

ထို့အပြင်စပါးက အက်စ်ပန် ညိုဂိုးသမား ပေါလိုးဗက်ဇ် (၂၁) နှစ်ကိုလည်း တစ်ရာသီအငှားစာ ချုပ်ဖြင့် ခေါ်ယူအားဖြည့်ထား သည်။        


 ဖိုးသူတော် (www.phothutaw.com)
Credit:BBC
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top