Kantharyar Centre
×

ၾသစေတးလ်အမ်ိဳးသားက ဟမ္ဘာဂါနဲ႕ ေဟာ့ေဒ့ါကို ေပါင္းစပ္ၿပီး တီထြင္ထားတဲ့ ဟမ္ေဒါ့ကို မၾကာခင္မွာ အေမရိကားမွာ ေရာင္းခ်သြားေတာ့မွာပါ။

ဟမ္ေဒါ့ ေဖ့ဘုတ္စာမ်က္ႏွာမွာ ဟမ္ေဒါ့ေတြကို အေမရိကားနဲ႕ ၾသစေၾတးလ်ား ေတာင္ပိုင္းေတြမွာ ရရွိႏိုင္မွာျဖစ္ၿပီး လက္လီေရာင္းခ်လိုသူေတြကိုလည္း ရွာေဖြေနတယ္လို႕ ေၾကညာထားပါတယ္။

‘အေမရိကားက တကယ့္ကို ႀကီးမားတဲ့ ေနရာျဖစ္ၿပီး ဘာဂါကို တစ္ႏွစ္မွာ ၅၀ ဘီလီလ်ံနီးပါး စားသံုးၾကပါတယ္။တကယ္လို႕ ကၽြန္ေတာ္တို႕သာ ေစ်းကြက္ရဲ႕ ၁ ရာခိုင္ႏႈန္းကိုသာ ရရွိမယ္ဆိုရင္ေတာင္ တစ္ႏွစ္မွာ ေဒၚလာ ၂.၅ ဘီလီလ်ံနီးပါး ရရွိႏိုင္ပါတယ’္ လို႕ ဖန္းတီးတီထြင္သူ Mark Murrayက CNBC သတင္းဌာနကို ေျပာခဲ့ပါတယ္။

Mark Murrayက ဒီလိုေပါင္းစပ္တီထြင္ဖို႔ကို အေမရိကားကို ၂၀၀၄ ခုႏွစ္က ေရာက္ရွိလည္ပတ္ခဲ့တုန္းက အႀကံရရွိခဲ့တာျဖစ္ပါတယ္။

‘အားလပ္ရက္တစ္ရက္မွာ ဘားကေန ထြက္လာၿပီး ဗိုက္အရမ္းဆာေနတာနဲ႔ ဘာဂါတစ္ခု ေဟာ့ေဒါ့တစ္ခု ၀ယ္လာၿပီး ကားထဲမွာထိုင္ရင္း ႏွစ္ခုလံုးကို တစ္ၿပိဳင္ထဲ စားေနလို႕ ဇနီးျဖစ္သူက အရူးတစ္ေယာက္ကို ၾကည့္သလို အၾကည့္ခံလိုုက္ရေသးတယ္’ လို႕ Mark Murrayက ေျပာပါတယ္။

သူရဲ႕ ဖန္တီးတီထြင္မႈကို ‘Shark Tank’  ဆိုတဲ့ ဖန္တီးတီထြင္မႈေတြမွာ ရင္းႏွီးျမဳပ္ႏွံမႈေပးတဲ့ ပြဲမွာ ၀င္ၿပိဳင္ခဲ့ေပမယ့္ အကဲျဖတ္သူေတြရဲ႕ ၿငင္းပယ္ျခင္းကို ခံခဲ့ရပါတယ္။

ၾသစေၾတးလားက အားကစားပြဲေတြမွာကို တစ္ခုကို ၆ ေဒၚလာနဲ႕ ေရာင္းခ်ေနခဲ့ၿပီးပါၿပီ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
သြစတေးလျအမျိုးသားက ဟမ်ဘာဂါနဲ့ ဟော့ဒေ့ါကို ပေါင်းစပ်ပြီး တီထွင်ထားတဲ့ ဟမ်ဒေါ့ကို မကြာခင်မှာ အမေရိကားမှာ ရောင်းချသွားတော့မှာပါ။

ဟမ်ဒေါ့ ဖေ့ဘုတ်စာမျက်နှာမှာ ဟမ်ဒေါ့တွေကို အမေရိကားနဲ့ သြစတြေးလျား တောင်ပိုင်းတွေမှာ ရရှိနိုင်မှာဖြစ်ပြီး လက်လီရောင်းချလိုသူတွေကိုလည်း ရှာဖွေနေတယ်လို့ ကြေညာထားပါတယ်။

‘အမေရိကားက တကယ့်ကို ကြီးမားတဲ့ နေရာဖြစ်ပြီး ဘာဂါကို တစ်နှစ်မှာ ၅၀ ဘီလီလျံနီးပါး စားသုံးကြပါတယ်။တကယ်လို့ ကျွန်တော်တို့သာ ဈေးကွက်ရဲ့ ၁ ရာခိုင်နှုန်းကိုသာ ရရှိမယ်ဆိုရင်တောင် တစ်နှစ်မှာ ဒေါ်လာ ၂.၅ ဘီလီလျံနီးပါး ရရှိနိုင်ပါတယ’် လို့ ဖန်းတီးတီထွင်သူ Mark Murrayက CNBC သတင်းဌာနကို ပြောခဲ့ပါတယ်။

Mark Murrayက ဒီလိုပေါင်းစပ်တီထွင်ဖို့ကို အမေရိကားကို ၂၀၀၄ ခုနှစ်က ရောက်ရှိလည်ပတ်ခဲ့တုန်းက အကြံရရှိခဲ့တာဖြစ်ပါတယ်။

‘အားလပ်ရက်တစ်ရက်မှာ ဘားကနေ ထွက်လာပြီး ဗိုက်အရမ်းဆာနေတာနဲ့ ဘာဂါတစ်ခု ဟော့ဒေါ့တစ်ခု ဝယ်လာပြီး ကားထဲမှာထိုင်ရင်း နှစ်ခုလုံးကို တစ်ပြိုင်ထဲ စားနေလို့ ဇနီးဖြစ်သူက အရူးတစ်ယောက်ကို ကြည့်သလို အကြည့်ခံလိုုက်ရသေးတယ်’ လို့ Mark Murrayက ပြောပါတယ်။

သူရဲ့ ဖန်တီးတီထွင်မှုကို ‘Shark Tank’  ဆိုတဲ့ ဖန်တီးတီထွင်မှုတွေမှာ ရင်းနှီးမြုပ်နှံမှုပေးတဲ့ ပွဲမှာ ဝင်ပြိုင်ခဲ့ပေမယ့် အကဲဖြတ်သူတွေရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရပါတယ်။

သြစတြေးလားက အားကစားပွဲတွေမှာကို တစ်ခုကို ၆ ဒေါ်လာနဲ့ ရောင်းချနေခဲ့ပြီးပါပြီ။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top