Kantharyar Centre
×

ေလာကမွာ မိမိ အတြက္ ေနရာ တစ္ေနရာေတာ့ ရွိပါတယ္ ။ လူတိုင္း အတြက္ေတာ့ မိမိ က အေရးပါ အရာေရာက္တဲ့လူေတာ့ မျဖစ္နိုင္ပါဘူး ။ တခ်ိဳ႕ေနရာမွာ မိမိ က လူပို ျဖစ္ေနတတ္ေပမယ့္ ၊ တခ်ိဳ႕ ေနရာေတြမွာေတာ့ မရွိ မျဖစ္လိုအပ္တဲ့ လူ ျဖစ္ေနတတ္ပါတယ္ ။ လူမွန္ ေနရာမွန္ မေရာက္တဲ့ အခ်ိန္မွာ ခဏေတာ့ စိတ္ထဲ ဝမ္းနည္း သလို ၊ အေရး မပါ အရာ မေရာက္တဲ့ လူ အျဖစ္ ခံစားရတတ္ပါတယ္ ။ ထိုသို႔ တစ္ေယာက္တည္း စိတ္ထဲ ဝမ္းနည္းလာတာမ်ိဳး ကို ႀကိတ္ၿပီး မခံစားပါနဲ႔ ။ တျခား အရာတစ္ခုခု ကို စိတ္ေျပာင္းသြားေအာင္ ျပဳလုပ္ေပးပါ ။

သူငယ္ခ်င္းေတြနဲ႔ အတူတူ အျပင္ ထြက္လည္ လိုက္တာမ်ိဳး ျဖစ္ျဖစ္ ျပဳလုပ္ေပးပါ ။ ႐ုပ္ရွင္ကား အသစ္ ကို ၾကည့္လိုက္ၿပီး စိတ္ေျပာင္း လိုက္တာမ်ိဳး ၊ အစာ ထြက္စားေပးတာမ်ိဳး လုပ္ေပးပါ ။

ခရီးထြက္ေပး ျခင္း ကလည္း စိတ္ကို ကုသ ေပးနိုင္တဲ့ နည္းေကာင္း တစ္ခု ပါပဲ ။ မိမိအားလပ္ရက္ ေပၚ မူတည္ၿပီး ခရီးကို ထြက္ေပးပါ ။ အခ်ိန္ သိပ္မရွိရင္ ေန႔ခ်င္းျပန္ သြားနိုင္တဲ့ ေနရာေတြကို သြားေရာက္ ေပးနိုင္ပါတယ္ ။ မေရာက္ဖူးတဲ့ ေနရာ အသစ္ေတြကေန အေတြ႕အၾကဳံ အသစ္ေတြ ၊ အစား အစာ ၊ ယဥ္ေက်းမွုေတြကို ေလ့လာေပးပါ ။

မိမိ အကူ အညီ လိုအပ္ေနတဲ့ သူတစ္ေယာက္ ေယာက္ ကို ကူညီေပးပါ ။ သူတပါး ကို ကူညီ လိုက္ၿပႋး ရလာတဲ့ ပီတိက ဘယ္အရာနဲ႔မွ မယဥ္နိုင္ပါဘူး ။ ပီတိကို စား အားရွိဆိုတဲ့ စကား အတိုင္း မိမိ ရဲ့ အျပဳအမူေၾကာင့္ တျခားသူ အဆင္ေၿပ သြားတာကို ျမင္ရတဲ့ အခ်ိန္ခဏ က မိမိစိတ္ထဲ ေအးခ်မ္းေစမွာ ေသခ်ာပါတယ္ ။

သန္႔ရွင္းေရး တစ္ခုခု လုပ္လိုက္ပါ ။ အိမ္တြင္း သန္႔ရွင္းေရး ၊ အိမ္ျပင္ သန္႔ရွင္းေရး လုပ္ေပးပါ ။ မိမိေၾကာင့္ ရွုပ္ပြ ညစ္ပတ္ေနတဲ့ ေနရာတစ္ခု သန္႔ရွင္းသြားတာကို ျမင္ရရင္ မိမိစိတ္ထဲ ခံစားေနရတာေတြ က အနည္းနဲ႔ အမ်ားေတာ့ ေပ်ာက္သြားမွာပါ ။

မိမိကိုယ္ မိမိ ခါတိုင္းထက္ ပို ဂ႐ုစိုက္ေပးပါ ။ အခ်ိန္မွန္ အိပ္ေပး ပါ ။ အစား ပုံမွန္စားပါ ။ တစ္ကိုယ္ရည္ လိုအပ္တာေတြကို ပိုၿပီး ျဖည့္ဆည္းေပးပါ ။ ေဈးဝယ္ ထြက္ေပးျခင္း ၊ မိမိ ဝါသနာ ပါတာ တစ္ခုခု ကို လုပ္ဖို႔ အခ်ိန္ေပးျခင္းမ်ား ကို ျပဳလုပ္ေပးပါ ။ ဝမ္းနည္းျခင္း ဆိုတာကို ခံစားရတဲ့ အခ်ိန္မွာ က်န္းမာေရး ကို အထူး သတိျပဳေပးပါ ။ စိတ္ညစ္တယ္ ဆိုၿပီး ေနခ်င္ သလို ေနလိုက္တာက ေနထိုင္ မေကာင္း ကို အလြယ္တကူ ျဖစ္ေစပါတယ္ ။ စိတ္မေပ်ာ္ တဲ့ အခ်ိန္ ေနမေကာင္း ျဖစ္ရင္ တစ္ပူ ေပၚ ႏွစ္ပူဆင့္ ျဖစ္မွာပါ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : today bago


#Unicode Version

လောကမှာ မိမိ အတွက် နေရာ တစ်နေရာတော့ ရှိပါတယ် ။ လူတိုင်း အတွက်တော့ မိမိ က အရေးပါ အရာရောက်တဲ့လူတော့ မဖြစ်နိုင်ပါဘူး ။ တချို့နေရာမှာ မိမိ က လူပို ဖြစ်နေတတ်ပေမယ့် ၊ တချို့ နေရာတွေမှာတော့ မရှိ မဖြစ်လိုအပ်တဲ့ လူ ဖြစ်နေတတ်ပါတယ် ။ လူမှန် နေရာမှန် မရောက်တဲ့ အချိန်မှာ ခဏတော့ စိတ်ထဲ ဝမ်းနည်း သလို ၊ အရေး မပါ အရာ မရောက်တဲ့ လူ အဖြစ် ခံစားရတတ်ပါတယ် ။ ထိုသို့ တစ်ယောက်တည်း စိတ်ထဲ ဝမ်းနည်းလာတာမျိုး ကို ကြိတ်ပြီး မခံစားပါနဲ့ ။ တခြား အရာတစ်ခုခု ကို စိတ်ပြောင်းသွားအောင် ပြုလုပ်ပေးပါ ။

သူငယ်ချင်းတွေနဲ့ အတူတူ အပြင် ထွက်လည် လိုက်တာမျိုး ဖြစ်ဖြစ် ပြုလုပ်ပေးပါ ။ ရုပ်ရှင်ကား အသစ် ကို ကြည့်လိုက်ပြီး စိတ်ပြောင်း လိုက်တာမျိုး ၊ အစာ ထွက်စားပေးတာမျိုး လုပ်ပေးပါ ။

ခရီးထွက်ပေး ခြင်း ကလည်း စိတ်ကို ကုသ ပေးနိုင်တဲ့ နည်းကောင်း တစ်ခု ပါပဲ ။ မိမိအားလပ်ရက် ပေါ် မူတည်ပြီး ခရီးကို ထွက်ပေးပါ ။ အချိန် သိပ်မရှိရင် နေ့ချင်းပြန် သွားနိုင်တဲ့ နေရာတွေကို သွားရောက် ပေးနိုင်ပါတယ် ။ မရောက်ဖူးတဲ့ နေရာ အသစ်တွေကနေ အတွေ့အကြုံ အသစ်တွေ ၊ အစား အစာ ၊ ယဉ်ကျေးမှုတွေကို လေ့လာပေးပါ ။

မိမိ အကူ အညီ လိုအပ်နေတဲ့ သူတစ်ယောက် ယောက် ကို ကူညီပေးပါ ။ သူတပါး ကို ကူညီ လိုက်င်္ပြိး ရလာတဲ့ ပီတိက ဘယ်အရာနဲ့မှ မယဉ်နိုင်ပါဘူး ။ ပီတိကို စား အားရှိဆိုတဲ့ စကား အတိုင်း မိမိ ရဲ့ အပြုအမူကြောင့် တခြားသူ အဆင်ပြေ သွားတာကို မြင်ရတဲ့ အချိန်ခဏ က မိမိစိတ်ထဲ အေးချမ်းစေမှာ သေချာပါတယ် ။

သန့်ရှင်းရေး တစ်ခုခု လုပ်လိုက်ပါ ။ အိမ်တွင်း သန့်ရှင်းရေး ၊ အိမ်ပြင် သန့်ရှင်းရေး လုပ်ပေးပါ ။ မိမိကြောင့် ရှုပ်ပွ ညစ်ပတ်နေတဲ့ နေရာတစ်ခု သန့်ရှင်းသွားတာကို မြင်ရရင် မိမိစိတ်ထဲ ခံစားနေရတာတွေ က အနည်းနဲ့ အများတော့ ပျောက်သွားမှာပါ ။

မိမိကိုယ် မိမိ ခါတိုင်းထက် ပို ဂရုစိုက်ပေးပါ ။ အချိန်မှန် အိပ်ပေး ပါ ။ အစား ပုံမှန်စားပါ ။ တစ်ကိုယ်ရည် လိုအပ်တာတွေကို ပိုပြီး ဖြည့်ဆည်းပေးပါ ။ ဈေးဝယ် ထွက်ပေးခြင်း ၊ မိမိ ဝါသနာ ပါတာ တစ်ခုခု ကို လုပ်ဖို့ အချိန်ပေးခြင်းများ ကို ပြုလုပ်ပေးပါ ။ ဝမ်းနည်းခြင်း ဆိုတာကို ခံစားရတဲ့ အချိန်မှာ ကျန်းမာရေး ကို အထူး သတိပြုပေးပါ ။ စိတ်ညစ်တယ် ဆိုပြီး နေချင် သလို နေလိုက်တာက နေထိုင် မကောင်း ကို အလွယ်တကူ ဖြစ်စေပါတယ် ။ စိတ်မပျော် တဲ့ အချိန် နေမကောင်း ဖြစ်ရင် တစ်ပူ ပေါ် နှစ်ပူဆင့် ဖြစ်မှာပါ ။

ဖိုးသူတော် (www.phothutaw.com)
Credit : today bago
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top