Property Expo
×

  ျမန္မာႏိုင္ငံသည္ ကမၻာ ေပၚတြင္ ၂၀၁၆ ခုႏွစ္၏ အလွဴ ဒါနအရက္ေရာဆံုးတိုင္းျပည္အ ျဖစ္ သံုးႏွစ္ဆက္တိုက္သတ္မွတ္ ခံရၿပီး ႏိုင္ငံသားမ်ားသည္ ပံုမွန္ ကုသိုလ္ျပဳလွဴဒါန္းမႈမ်ား ေဆာင္ ရြက္ေနၾကေၾကာင္း အေမရိကန္ အေျခစိုက္ Gallup သုေတသန ကုမၸဏီ၏ စစ္တမ္းတြင္ေဖာ္ျပ ထားသည္။

Gallup အင္တာဗ်ဴးေမးျမန္း ေသာ စစ္တမ္းအရ ျမန္မာႏိုင္ငံ သား ၉၁ ရာခိုင္ႏႈန္းသည္ လြန္ခဲ့ ေသာ ရက္ ၃၀ အတြင္း အလွဴ ဒါန ေပးကမ္းမႈရွိခဲ့သည္ဟု ေျဖ ၾကားခဲ့ၾကေသာေၾကာင့္ ကမၻာ ေပၚရွိ အလွဴဒါနအရက္ေရာဆံုး တိုင္းျပည္စာရင္းတြင္ ထိပ္ဆံုးမွ ရပ္တည္ေနျခင္းျဖစ္သည္။


ေထရ၀ါဒဗုဒၶဘာသာ က်င့္ သံုးေသာ ျမန္မာႏိုင္ငံအပါအ၀င္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားတြင္ သံဃဒါနလွဴဒါန္းမႈသည္ အား ေကာင္းေကာင္းျဖင့္ လႊမ္းမုိးလ်က္ရွိၿပီး ေနာင္ဘ၀၌ ပိုမိုေကာင္းမြန္ေသာဘ၀ရရွိရန္ အခြင့္အလမ္းအျဖစ္ ယံုၾကည္လွဴဒါန္းသူမ်ားျပားေနေၾကာင္း Forbes မဂၢဇင္းတြင္ေရးသားထားသည္။

ကမၻာေပၚရွိအလွဴဒါန အ  ရက္ေရာဆံုး တိုင္းျပည္စာရင္း တြင္ အင္ဒိုနီးရွား ႏိုင္ငံသားမ်ားက ၇၁ ရာခိုင္ႏႈန္းျဖင့္ ဒုတိယေနရာ ေရာက္ရွိလာသည္။ ယခင္က ထိပ္တန္းေနရာ၌ ရပ္တည္ခဲ့ေသာ အေမရိကန္ႏိုင္ငံသားမ်ားက ၆၃ ရာခိုင္ႏႈန္းျဖင့္ ထိပ္တန္း ၁၀ ေနရာမွ လြဲေခ်ာ္ခဲ့သည္။

ျမန္မာႏိုင္ငံသည္ ကမၻာ ေပၚတြင္ အလွဴဒါန ေပးကမ္းမႈ အရက္ေရာဆံုးတိုင္းျပည္စာရင္း ၌ ၂၀၁၄ က အေမရိကန္ႏိိုင္ငံႏွင့္ ပူးပြဲပထမ၊ ၂၀၁၅ တြင္ ပထမရရွိၿပီးယခုႏွစ္တြင္ ပထမေနရာကို သံုးႏွစ္ဆက္တိုက္ရရွိျခင္းျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
  မြန်မာနိုင်ငံသည် ကမ္ဘာ ပေါ်တွင် ၂၀၁၆ ခုနှစ်၏ အလှူ ဒါနအရက်ရောဆုံးတိုင်းပြည်အ ဖြစ် သုံးနှစ်ဆက်တိုက်သတ်မှတ် ခံရပြီး နိုင်ငံသားများသည် ပုံမှန် ကုသိုလ်ပြုလှူဒါန်းမှုများ ဆောင် ရွက်နေကြကြောင်း အမေရိကန် အခြေစိုက် Gallup သုတေသန ကုမ္ပဏီ၏ စစ်တမ်းတွင်ဖော်ပြ ထားသည်။

Gallup အင်တာဗျူးမေးမြန်း သော စစ်တမ်းအရ မြန်မာနိုင်ငံ သား ၉၁ ရာခိုင်နှုန်းသည် လွန်ခဲ့ သော ရက် ၃၀ အတွင်း အလှူ ဒါန ပေးကမ်းမှုရှိခဲ့သည်ဟု ဖြေ ကြားခဲ့ကြသောကြောင့် ကမ္ဘာ ပေါ်ရှိ အလှူဒါနအရက်ရောဆုံး တိုင်းပြည်စာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်နေခြင်းဖြစ်သည်။


ထေရဝါဒဗုဒ္ဓဘာသာ ကျင့် သုံးသော မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင် သံဃဒါနလှူဒါန်းမှုသည် အား ကောင်းကောင်းဖြင့် လွှမ်းမိုးလျက်ရှိပြီး နောင်ဘဝ၌ ပိုမိုကောင်းမွန်သောဘဝရရှိရန် အခွင့်အလမ်းအဖြစ် ယုံကြည်လှူဒါန်းသူများပြားနေကြောင်း Forbes မဂ္ဂဇင်းတွင်ရေးသားထားသည်။

ကမ္ဘာပေါ်ရှိအလှူဒါန အ  ရက်ရောဆုံး တိုင်းပြည်စာရင်း တွင် အင်ဒိုနီးရှား နိုင်ငံသားများက ၇၁ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာ ရောက်ရှိလာသည်။ ယခင်က ထိပ်တန်းနေရာ၌ ရပ်တည်ခဲ့သော အမေရိကန်နိုင်ငံသားများက ၆၃ ရာခိုင်နှုန်းဖြင့် ထိပ်တန်း ၁၀ နေရာမှ လွဲချော်ခဲ့သည်။

မြန်မာနိုင်ငံသည် ကမ္ဘာ ပေါ်တွင် အလှူဒါန ပေးကမ်းမှု အရက်ရောဆုံးတိုင်းပြည်စာရင်း ၌ ၂၀၁၄ က အမေရိကန်နိုင်ငံနှင့် ပူးပွဲပထမ၊ ၂၀၁၅ တွင် ပထမရရှိပြီးယခုနှစ်တွင် ပထမနေရာကို သုံးနှစ်ဆက်တိုက်ရရှိခြင်းဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top