Property Expo
×

ပဲခူးတိုင္းေဒသႀကီး ျပည္ ၿမိဳ႕ နဝေဒးလမ္းဆံုေနရာတြင္ စက္တင္ဘာ ၂၈ ရက္က ကုန္တင္ယာဥ္ႏွင့္ ႀကံတုိင္းေအာင္ ခရီးသည္တင္ယာဥ္တို႔ တိုက္မိ၍ ခရီးသည္ ၁၂ ဦး ဒဏ္ရာရရွိေၾကာင္း သတင္းရရွိသည္။

 ယာဥ္တိုက္မႈေၾကာင့္ ခရီး သည္တင္ အျမန္ယာဥ္ေပၚတြင္ လိုက္ပါလာသည့္ ခရီးသည္ရွစ္ဦး ႏွင့္ ေဖာကားေပၚ၌ လိုက္ပါလာသူ ေလးဦး စုစေုပါင္း ၁၂ ဦး ဒဏ္ရာရရွိၿပီး ျပည္ေဆး႐ံုႀကီးသို႔ ပို႔ေဆာင္ကုသေပးခဲ့ေၾကာင္း ျပည္ၿမိဳ႕ ယာဥ္ထိန္းရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

‘‘ဦးစားေပး  လမ္းမႀကီးကို ဦးစားမေပးဘဲ ယာဥ္မဆင္မျခင္ ေမာင္းၿပီး လမ္းမႀကီးေပၚ ျဖတ္ တက္တဲ့ ေဖာကားယာဥ္ေမာင္းကုိ အမႈဖြင့္အေရးယူမွာျဖစ္ပါတယ္။ ယာဥ္ေမာင္းက တိမ္းေရွာင္သြား တဲ့အတြက္ စံုစမ္းဆဲပါ’’ဟု ျပည္ ၿမိဳ႕ ယာဥ္ထိန္းရဲတပ္ဖြဲ႕မွ ဒုရဲမွဴး ဝင္းႏိုင္ဦးက ေျပာသည္။

 ေဖာကားေပၚတြင္  လိုက္ ပါလာသည့္ ဒဏ္ရာရရွိသူ အမ်ဳိးသားတစ္ဦးမွာ စိုးရိမ္ရၿပီး က်န္ဒဏ္ရာ ရရွိသူမ်ားမွာ မစိုးရိမ္ ရေၾကာင္း၊ က်န္ရွိသည့္ခရီးသည္ မ်ားကို သက္ဆုိင္ရာ ယာဥ္လိုင္း က ခရီးဆံုးအထိ ပို႔ေဆာင္ေပးရန္ စီစဥ္မည္ျဖစ္ေၾကာင္း သတင္းရရွိ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ပဲခူးတိုင်းဒေသကြီး ပြည် မြို့ နဝဒေးလမ်းဆုံနေရာတွင် စက်တင်ဘာ ၂၈ ရက်က ကုန်တင်ယာဉ်နှင့် ကြံတိုင်းအောင် ခရီးသည်တင်ယာဉ်တို့ တိုက်မိ၍ ခရီးသည် ၁၂ ဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

 ယာဉ်တိုက်မှုကြောင့် ခရီး သည်တင် အမြန်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်ရှစ်ဦး နှင့် ဖောကားပေါ်၌ လိုက်ပါလာသူ လေးဦး စုစေုပါင်း ၁၂ ဦး ဒဏ်ရာရရှိပြီး ပြည်ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးခဲ့ကြောင်း ပြည်မြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

‘‘ဦးစားပေး  လမ်းမကြီးကို ဦးစားမပေးဘဲ ယာဉ်မဆင်မခြင် မောင်းပြီး လမ်းမကြီးပေါ် ဖြတ် တက်တဲ့ ဖောကားယာဉ်မောင်းကို အမှုဖွင့်အရေးယူမှာဖြစ်ပါတယ်။ ယာဉ်မောင်းက တိမ်းရှောင်သွား တဲ့အတွက် စုံစမ်းဆဲပါ’’ဟု ပြည် မြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူး ဝင်းနိုင်ဦးက ပြောသည်။

 ဖောကားပေါ်တွင်  လိုက် ပါလာသည့် ဒဏ်ရာရရှိသူ အမျိုးသားတစ်ဦးမှာ စိုးရိမ်ရပြီး ကျန်ဒဏ်ရာ ရရှိသူများမှာ မစိုးရိမ် ရကြောင်း၊ ကျန်ရှိသည့်ခရီးသည် များကို သက်ဆိုင်ရာ ယာဉ်လိုင်း က ခရီးဆုံးအထိ ပို့ဆောင်ပေးရန် စီစဉ်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top