Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

သာမန္ ၂နာရီ ဇာတ္လမ္းတြဲၾကည္႔ရင္ေတာင္ တီဗီြၾကည္႔ခ်ိန္က မ်ားတတ္ပါတယ္။ ကိုရီးယားကားလိုမ်ိဳး ဇာတ္ေမ်ာၾကီးေတြ ၾကည္႔ရင္ေတာ႔ မိုးလင္းေပါက္ ၾကည္႔ျဖစ္ပါလိမ္႔မယ္။ တစ္ခါတေလဆို ႏွစ္ရက္ သံုးရက္ ဆက္ၾကည္႔တာမ်ိဳးေတြကိုေတာင္ ကိုရီးယားကား ပရိသတ္ေတြ ၾကံဳဖူးၾကမွာပါ။

တီဗီြသိပ္မၾကည္႔ ၾကပါနဲ႔လို႔ အၾကံေပးရင္ ဘာလို႔လဲဆိုတာကိုေတာ႔ သိခ်င္ၾကမွာပါပဲ။ တီဗြီၾကည္႔ရင္ ေသဆံုးႏုိင္တဲ႔ အေၾကာင္းရင္း ၈ ခ်က္ကေတာ႔ ကင္ဆာ၊ ႏွလံုးေရာဂါ၊ အသက္ရွဴၾကပ္ အဆုတ္ေရာဂါ၊ ဆီးခ်ိဳေရာဂါ၊ အဆုတ္ေရာင္ေရာဂါ၊ ပါကင္ဆန္ေရာဂါ၊ အသည္းေရာဂါနဲ႔ ေသေၾကာင္းၾကံစည္မႈ တို႔ပဲ ျဖစ္ပါတယ္။

တီဗြီၾကည္႔ျခင္းနဲ႔ ေသဆံုးႏိုင္မႈ အႏၱရာယ္ေတြၾကားမွာ ဆက္စပ္မႈရွိတယ္ဆိုတာကို သိပၸံပညာရွင္ေတြက သတိေပး ေျပာၾကားလ်က္ရွိပါတယ္။ နာတာရွည္ေရာဂါမရွိသူ အသက္ ၅၀က ၇၁ႏွစ္အၾကား လူေပါင္း ၂၂၁၀၀၀ ကို ႏုိင္ငံေတာ္ကင္ဆာတကၠသိုလ္မွ သုေတသီေတြက ေလ႔လာမႈေတြ ျပဳခဲ႔ပါတယ္။ ၁၆ႏွစ္ ၾကာတဲ႔အခါမွာ တီဗီြတစ္ေန႔ ၇နာရီနဲ႔အထက္ ၾကည္႔သူေတြဟာ အထက္ပါအေၾကာင္းရင္း တစ္မ်ိဳးမ်ိဳးနဲ႔ ေသဆံုးႏႈန္းဟာ တစ္ေန႔ ၂နာရီေအာက္ ၾကည္႔သူေတြနဲ႔ယွဥ္ရင္ ၄၇ရာခိုင္ႏႈန္း ပိုမ်ားေနတာကို ေတြ႔ရွိခဲ႔ၾကရပါတယ္။

တီဗြီတစ္ေန႔ကို ၄နာရီခန္႔ ၾကည္႔သူေတြဟာ ကင္ဆာေရာဂါနဲ႔ ေသဆံုးႏိုင္ႏႈန္း ၁၅ရာခုိင္ႏႈန္း ပိုမ်ားပါတယ္။ အဲ႔ဒီ႔လူေတြက ေဆးလိပ္ေသာက္လား၊ အရက္ေသာက္လား၊ ကယ္လိုရီအရမ္းစားသံုးလား ဆုိတဲ႔အခ်က္ေတြကို သိပၸံပညာရွင္ေတြက ထည္႔စဥ္းစားခဲ႔ေပမဲ႔လည္း တီဗီြနဲ႔က်န္းမာေရး ဆက္စပ္မႈကို ေတြ႔ရွိခ်က္က မွန္ေနတုန္းပါပဲ။

“အထိုင္အရမ္းမ်ားလြန္းတာဟာ က်န္းမာေရးကို ဆိုးရြားစြာ ထိခိုက္ေစတယ္။” လို႔ ဦးေဆာင္သုေတသီက သတိေပးေျပာၾကားခဲ႔ပါတယ္။

တီဗီြနဲ႔ က်န္းမာေရးအၾကား ဆက္စပ္မႈကို ေလ႔လာတာဟာ ဒါပထမဆံုးအႀကိမ္ျဖစ္တဲ႔အတြက္ ေနာက္ထပ္အေသးစိတ္ ေလ႔လာမႈေတြ အမ်ားႀကီးဖို႔ လိုအပ္ေသးေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
သာမန် ၂နာရီ ဇာတ်လမ်းတွဲကြည့်ရင်တောင် တီဗွီကြည့်ချိန်က များတတ်ပါတယ်။ ကိုရီးယားကားလိုမျိုး ဇာတ်မျောကြီးတွေ ကြည့်ရင်တော့ မိုးလင်းပေါက် ကြည့်ဖြစ်ပါလိမ့်မယ်။ တစ်ခါတလေဆို နှစ်ရက် သုံးရက် ဆက်ကြည့်တာမျိုးတွေကိုတောင် ကိုရီးယားကား ပရိသတ်တွေ ကြုံဖူးကြမှာပါ။

တီဗွီသိပ်မကြည့် ကြပါနဲ့လို့ အကြံပေးရင် ဘာလို့လဲဆိုတာကိုတော့ သိချင်ကြမှာပါပဲ။ တီဗွီကြည့်ရင် သေဆုံးနိုင်တဲ့ အကြောင်းရင်း ၈ ချက်ကတော့ ကင်ဆာ၊ နှလုံးရောဂါ၊ အသက်ရှူကြပ် အဆုတ်ရောဂါ၊ ဆီးချိုရောဂါ၊ အဆုတ်ရောင်ရောဂါ၊ ပါကင်ဆန်ရောဂါ၊ အသည်းရောဂါနဲ့ သေကြောင်းကြံစည်မှု တို့ပဲ ဖြစ်ပါတယ်။

တီဗွီကြည့်ခြင်းနဲ့ သေဆုံးနိုင်မှု အန္တရာယ်တွေကြားမှာ ဆက်စပ်မှုရှိတယ်ဆိုတာကို သိပ္ပံပညာရှင်တွေက သတိပေး ပြောကြားလျက်ရှိပါတယ်။ နာတာရှည်ရောဂါမရှိသူ အသက် ၅၀က ၇၁နှစ်အကြား လူပေါင်း ၂၂၁၀၀၀ ကို နိုင်ငံတော်ကင်ဆာတက္ကသိုလ်မှ သုတေသီတွေက လေ့လာမှုတွေ ပြုခဲ့ပါတယ်။ ၁၆နှစ် ကြာတဲ့အခါမှာ တီဗွီတစ်နေ့ ၇နာရီနဲ့အထက် ကြည့်သူတွေဟာ အထက်ပါအကြောင်းရင်း တစ်မျိုးမျိုးနဲ့ သေဆုံးနှုန်းဟာ တစ်နေ့ ၂နာရီအောက် ကြည့်သူတွေနဲ့ယှဉ်ရင် ၄၇ရာခိုင်နှုန်း ပိုများနေတာကို တွေ့ရှိခဲ့ကြရပါတယ်။

တီဗွီတစ်နေ့ကို ၄နာရီခန့် ကြည့်သူတွေဟာ ကင်ဆာရောဂါနဲ့ သေဆုံးနိုင်နှုန်း ၁၅ရာခိုင်နှုန်း ပိုများပါတယ်။ အဲ့ဒီ့လူတွေက ဆေးလိပ်သောက်လား၊ အရက်သောက်လား၊ ကယ်လိုရီအရမ်းစားသုံးလား ဆိုတဲ့အချက်တွေကို သိပ္ပံပညာရှင်တွေက ထည့်စဉ်းစားခဲ့ပေမဲ့လည်း တီဗွီနဲ့ကျန်းမာရေး ဆက်စပ်မှုကို တွေ့ရှိချက်က မှန်နေတုန်းပါပဲ။

“အထိုင်အရမ်းများလွန်းတာဟာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေတယ်။” လို့ ဦးဆောင်သုတေသီက သတိပေးပြောကြားခဲ့ပါတယ်။

တီဗွီနဲ့ ကျန်းမာရေးအကြား ဆက်စပ်မှုကို လေ့လာတာဟာ ဒါပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် နောက်ထပ်အသေးစိတ် လေ့လာမှုတွေ အများကြီးဖို့ လိုအပ်သေးကြောင်း သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top