Kantharyar Centre
×

နယူးဇီလန္ႏိုင္ငံဟာ သုတ္ပိုး ျပတ္လပ္မႈ နဲ႔ ရင္ဆိုင္ေနရပါတယ္။ The Guardian သတင္းဌာန ရဲ ႔ ေဖာ္ျပခ်က္အရ နယူးဇီလန္ ႏိုင္ငံဟာ မိသားစု ၈၀ ခန္႔ကိုသာ ကူညီေပးႏိုင္ေလာက္တဲ့ သုတ္ပိုး အေရအတြက္ အနည္းငယ္သာ က်န္ရွိေတာ့တယ္လို႔သိရပါတယ္။ ဒါေပမယ့္လည္း လိုအပ္ခ်က္ကေတာ့ က်န္ရွိ အေရအတြက္ ရဲ ႔ ေလးဆ အထိ ရွိေနပါတယ္။

လိုအပ္တဲ့ သုတ္ပိုးေတြ ရရွိႏိုင္ဖို႔အတြက္ ေစာင့္ရမယ့္ ၾကာခ်ိန္ကေတာ့ ၂ ႏွစ္ခန္႔အထိအခ်ိန္ယူရမွာပါ။ မ်ားေသာအားျဖင့္ သုတ္ပိုးလႈဒါန္းမႈကို ရယူၿပီး မိသားစု သစ္ေတြကို စတင္ခ်င္ေနတဲ့ အမ်ိဳးသမီးေတြ ၊ စံုတြဲေတြဟာ အသက္ႀကီးပိုင္းေတြမ်ားၾကပါတယ္။ ဒါေၾကာင့္ ေနာက္ထပ္ ၂ ႏွစ္ေစာင့္ရဖို႔ဆိုတာဟာ သုတ္ပိုးလႈဒါန္းမႈ လိုအပ္ေနသူေတြအတြက္ ေရြးခ်ယ္စရာ တစ္ခု မျဖစ္လာႏိုင္ပါဘူး။ မ်ိဳးပြားမႈဆိုင္ရာ အဖြဲ႔အစည္းတစ္ခုက မ်ိဳးပြား ကၽြမ္းက်င္သူ ေဒါက္တာ Mary Birdsall ရဲ ႔ ေျပာၾကားခ်က္အရေတာ့ နယူးဇီလန္ႏိုင္ငံက သုတ္ပိုးလႈဒါန္းမႈ လိုအပ္ေနသူ အမ်ိဳးသမီးေတြဟာ ေစာင့္ရမယ့္ ၾကာခ်ိန္ကို မႏွစ္သက္တဲ့အတြက္ ျပည္ပ ႏိုင္ငံေတြကို ထြက္ခြာၿပီး သုတ္ပိုးလႈဒါန္းမႈကို ရယူဖို႔ ႀကိဳးစားေနၾကတယ္လို႔ သိရပါတယ္။

"ဒါဟာ အရမ္းကို စိန္ေခၚမႈမ်ားတဲ့ အေနအထားပါ။ လႈဒါန္းမႈေတြကို စည္းရံဳးရွာေဖြဖို႔ စိန္ေခၚေနသလိုပါပဲ။ စိတ္ပညာဆိုင္ရာအရေရာ ၊ ဇီ၀ေဗဒ ဆိုင္ရာ အရပါ မိသားစုတစ္ခုကို စတင္ျခင္ေနတဲ့ အမ်ိဳးသမီးေတြအတြက္ေတာ့ သိပ္ကို ခက္ခဲပါတယ္။ အဲဒီအမ်ိဳးသမီး အမ်ားစုဟာ အသက္ ၄၀ ေက်ာ္ေနပါၿပီ။ အဲဒါေၾကာင့္ အခ်ိန္ဟာ အေရးပါ ေနပါတယ္။ ကေလး တစ္ေယာက္ ရယူဖို႔ ၊ မယူဖို႔ ဆိုတာအတြက္ေတာ့ ေျခာက္လ ဆိုတဲ့အခ်ိန္ကာလဟာလည္း ကြာျခားမႈေတြ ျဖစ္လာေစႏိုင္ပါတယ္" လို႔ ေဒါက္တာ Mary Birdsall က ေျပာျပခဲ့ပါတယ္။

ဒါဆို နယူးဇီလန္ႏိုင္ငံမွာ ဘာလို႔ လႈဒါန္းထားတဲ့ သုတ္ပိုးေတြ ျပတ္လပ္ကုန္တာလဲ။ အေျဖကေတာ့ ၂၀၀၄ ခုႏွစ္မွာ ထုတ္ျပနခဲ့တဲ့ ဥပေဒေၾကာင့္ပါ။ အဲဒီဥပေဒကေတာ့ အမည္မသိ သုတ္ပိုး လႈဒါန္းမႈ ေတြကို တားျမစ္တဲ့ ဥပေဒပဲ ျဖစ္ပါတယ္။ အဲဒီဥပေဒအရ လႈဒါန္းမႈကတဆင့္ ေမြးဖြားလာတဲ့ ကေလးငယ္ဟာ အသက္ ၁၈ ႏွစ္ျပည့္တဲ့အခါမွာ လႈဒါန္းသူ ဘယ္သူလည္းဆိုတာကို သိရွိခြင့္ေပးဖို႔ သေဘာတူမွ သုတ္ပိုးလႈဒါန္းခြင့္ ျပဳပါတယ္။

အဲဒီလို တားျမစ္မႈေတြ ၊ ေဆးပညာဆိုင္ရာ စစ္ေဆးမႈေတြနဲ႔ သုတ္ပိုးအတြက္ ျပန္လည္ရရွိေငြ နည္းပါးမႈေတြေၾကာင့္ အမ်ိဳးသားေတြဟာ သုတ္ပိုး လႈဒါန္းမႈ နည္းပါးသြားခဲ့ပါတယ္။ လက္ရွိမွာေတာ့ ၾသစေၾတးလ် နဲ႔ အဂၤလန္ႏိုင္ငံေတြကေတာ့ ျပည္ပက လႈဒါန္းတဲ့ သုတ္ပိုးေတြကိုပါ တင္သြင္း အသံုးျပဳခြင့္ေပးထားတာေၾကာင့္ နယူးဇီလန္ႏိုင္ငံက အမ်ိဳးသမီးေတြဟာ အဲဒီႏိုင္ငံေတြရဲ ႔ လမ္းစဥ္ကို လိုက္ဖို႔ နယူးဇီလန္ႏိုင္ငံ အာဏာပိုင္ေတြကို ေတာင္းဆိုေနၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: trend Myanmar

#Unicode Version

နယူးဇီလန်နိုင်ငံဟာ သုတ်ပိုး ပြတ်လပ်မှု နဲ့ ရင်ဆိုင်နေရပါတယ်။ The Guardian သတင်းဌာန ရဲ့ ဖော်ပြချက်အရ နယူးဇီလန် နိုင်ငံဟာ မိသားစု ၈၀ ခန့်ကိုသာ ကူညီပေးနိုင်လောက်တဲ့ သုတ်ပိုး အရေအတွက် အနည်းငယ်သာ ကျန်ရှိတော့တယ်လို့သိရပါတယ်။ ဒါပေမယ့်လည်း လိုအပ်ချက်ကတော့ ကျန်ရှိ အရေအတွက် ရဲ့ လေးဆ အထိ ရှိနေပါတယ်။

လိုအပ်တဲ့ သုတ်ပိုးတွေ ရရှိနိုင်ဖို့အတွက် စောင့်ရမယ့် ကြာချိန်ကတော့ ၂ နှစ်ခန့်အထိအချိန်ယူရမှာပါ။ များသောအားဖြင့် သုတ်ပိုးလှုဒါန်းမှုကို ရယူပြီး မိသားစု သစ်တွေကို စတင်ချင်နေတဲ့ အမျိုးသမီးတွေ ၊ စုံတွဲတွေဟာ အသက်ကြီးပိုင်းတွေများကြပါတယ်။ ဒါကြောင့် နောက်ထပ် ၂ နှစ်စောင့်ရဖို့ဆိုတာဟာ သုတ်ပိုးလှုဒါန်းမှု လိုအပ်နေသူတွေအတွက် ရွေးချယ်စရာ တစ်ခု မဖြစ်လာနိုင်ပါဘူး။ မျိုးပွားမှုဆိုင်ရာ အဖွဲ့အစည်းတစ်ခုက မျိုးပွား ကျွမ်းကျင်သူ ဒေါက်တာ Mary Birdsall ရဲ့ ပြောကြားချက်အရတော့ နယူးဇီလန်နိုင်ငံက သုတ်ပိုးလှုဒါန်းမှု လိုအပ်နေသူ အမျိုးသမီးတွေဟာ စောင့်ရမယ့် ကြာချိန်ကို မနှစ်သက်တဲ့အတွက် ပြည်ပ နိုင်ငံတွေကို ထွက်ခွာပြီး သုတ်ပိုးလှုဒါန်းမှုကို ရယူဖို့ ကြိုးစားနေကြတယ်လို့ သိရပါတယ်။

"ဒါဟာ အရမ်းကို စိန်ခေါ်မှုများတဲ့ အနေအထားပါ။ လှုဒါန်းမှုတွေကို စည်းရုံးရှာဖွေဖို့ စိန်ခေါ်နေသလိုပါပဲ။ စိတ်ပညာဆိုင်ရာအရရော ၊ ဇီဝဗေဒ ဆိုင်ရာ အရပါ မိသားစုတစ်ခုကို စတင်ခြင်နေတဲ့ အမျိုးသမီးတွေအတွက်တော့ သိပ်ကို ခက်ခဲပါတယ်။ အဲဒီအမျိုးသမီး အများစုဟာ အသက် ၄၀ ကျော်နေပါပြီ။ အဲဒါကြောင့် အချိန်ဟာ အရေးပါ နေပါတယ်။ ကလေး တစ်ယောက် ရယူဖို့ ၊ မယူဖို့ ဆိုတာအတွက်တော့ ခြောက်လ ဆိုတဲ့အချိန်ကာလဟာလည်း ကွာခြားမှုတွေ ဖြစ်လာစေနိုင်ပါတယ်" လို့ ဒေါက်တာ Mary Birdsall က ပြောပြခဲ့ပါတယ်။

ဒါဆို နယူးဇီလန်နိုင်ငံမှာ ဘာလို့ လှုဒါန်းထားတဲ့ သုတ်ပိုးတွေ ပြတ်လပ်ကုန်တာလဲ။ အဖြေကတော့ ၂၀၀၄ ခုနှစ်မှာ ထုတ်ပြနခဲ့တဲ့ ဥပဒေကြောင့်ပါ။ အဲဒီဥပဒေကတော့ အမည်မသိ သုတ်ပိုး လှုဒါန်းမှု တွေကို တားမြစ်တဲ့ ဥပဒေပဲ ဖြစ်ပါတယ်။ အဲဒီဥပဒေအရ လှုဒါန်းမှုကတဆင့် မွေးဖွားလာတဲ့ ကလေးငယ်ဟာ အသက် ၁၈ နှစ်ပြည့်တဲ့အခါမှာ လှုဒါန်းသူ ဘယ်သူလည်းဆိုတာကို သိရှိခွင့်ပေးဖို့ သဘောတူမှ သုတ်ပိုးလှုဒါန်းခွင့် ပြုပါတယ်။

အဲဒီလို တားမြစ်မှုတွေ ၊ ဆေးပညာဆိုင်ရာ စစ်ဆေးမှုတွေနဲ့ သုတ်ပိုးအတွက် ပြန်လည်ရရှိငွေ နည်းပါးမှုတွေကြောင့် အမျိုးသားတွေဟာ သုတ်ပိုး လှုဒါန်းမှု နည်းပါးသွားခဲ့ပါတယ်။ လက်ရှိမှာတော့ သြစတြေးလျ နဲ့ အင်္ဂလန်နိုင်ငံတွေကတော့ ပြည်ပက လှုဒါန်းတဲ့ သုတ်ပိုးတွေကိုပါ တင်သွင်း အသုံးပြုခွင့်ပေးထားတာကြောင့် နယူးဇီလန်နိုင်ငံက အမျိုးသမီးတွေဟာ အဲဒီနိုင်ငံတွေရဲ့ လမ်းစဉ်ကို လိုက်ဖို့ နယူးဇီလန်နိုင်ငံ အာဏာပိုင်တွေကို တောင်းဆိုနေကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top