Property Expo
×

ရန္ကုန္စေတာ့အိတ္ခ်ိန္းသို႔ ၀င္ေရာက္ၿပီးေျခာက္လ ခန္႔ၾကာျမင့္ခ်ိန္တြင္ FMI ကုမၸဏီ ၏ ရွယ္ယာတန္ဖိုး ထက္၀က္ခန္႔ က်ဆင္းခဲ့ေၾကာင္း သတင္းရရွိသည္။

FMI ကုမၸဏီရွယ္ယာတန္ဖိုး က်ဆင္းျခင္းအျပင္ သီလ၀ါ အထူးစီးပြားေရးဇုန္ အမ်ားပိုင္ ကုမၸ ဏီႏွင့္ ျမန္မာႏိုင္ငံသားမ်ားဘဏ္ (MCB) တို႔၏ ရွယ္ယာမ်ားလည္း ဆက္တိုက္က်ဆင္းလာေၾကာင္း ရန္ကုန္စေတာ့အိတ္ခ်ိန္းမွ သိရ သည္။

FMI ကုမၸဏီသည္ မတ္လ ၂၆ ရက္က ရန္ကုန္စေတာ့အိတ္ ခ်ိန္း၌ ရွယ္ယာစတင္ေရာင္းခ်ခ်ိန္ တြင္ ရွယ္ယာတစ္စုလွ်င္ က်ပ္ ၃၁,၀၀၀ ေပါက္ေစ်းရွိေသာ္ လည္း စက္တင္ဘာ ၂၂ ရက္၌ ရွယ္ယာေပါက္ေစ်း က်ပ္ ၁၆,၀၀၀ ေစ်းသာရွိခဲ့သည္။

FMI ကုမၸဏီႏွင့္အတူ ရွယ္ ယာတစ္စုလွ်င္ က်ပ္ ၁၂,၀၀၀ အထိေပါက္ေစ်းရွိသည့္ ျမန္မာ ႏိုင္ငံသားမ်ားဘဏ္ (MCB) ၏ ရွယ္ယာေစ်းႏႈန္းမ်ား က်ဆင္းခဲ့ ကာ စက္တင္ဘာ ၂၂ ရက္တြင္ ရွယ္ယာတစ္စုလွ်င္ က်ပ္ ၈,၂၀၀ ေစ်းေပါက္ခဲ့သည္။ သီလ၀ါ အ မ်ားပိုင္ကုမၸဏီ ရွယ္ယာေစ်းသည္ က်ပ္ ၄၂,၀၀၀ သို႔ က်ဆင္းခဲ့ သည္။

      ‘‘စေတာ့ရွယ္ယာမွာ အတက္ အက်က အၿမဲရွိတတ္ပါတယ္။ ကုမၸဏီရဲ႕ လုပ္ေဆာင္ခ်က္ကို ေသခ်ာလုပ္ေဆာင္ၿပီးမွ ရင္းႏွီး ျမႇဳပ္ႏွံမႈေတြ လုပ္သင့္တယ္။ အ ထူးသျဖင့္ ျမန္မာႏိုင္ငံလို အ ေရာင္းအ၀ယ္ပါးတဲ့ စေတာ့အိတ္ ခ်ိန္းမ်ိဳးကုမၸဏီရဲ႕ လုပ္ေဆာင္ ခ်က္နဲ႔ မဆိုင္ဘဲနဲ႔ အတက္အက် ရွိတတ္ပါတယ္’’ဟုThura Swiss   အမႈေဆာင္အရာရွိခ်ဳပ္ ေဒါက္ တာေအာင္သူရကေျပာသည္။

ရွယ္ယာေစ်းက်ဆင္းျခင္း သည္ ရန္ကုန္စေတာ့အိတ္ခ်ိန္း ရွယ္ယာကို ရင္းႏွီးျမႇဳပ္ႏွံသူမ်ားက စိတ္၀င္စားမႈ မရွိေတာ့၍ျဖစ္ၿပီး လက္ရွိတြင္ အစိုးရအေျပာင္းအလဲတြင္ အိမ္္ၿခံေျမဘက္ကို ရင္းႏွီးျမႇဳပ္ႏွံရန္ စိတ္၀င္စားေနျခင္းေၾကာင့္ျဖစ္သည္ဟု ရွယ္ယာရွင္တစ္ဦးကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  7 day daily

#Unicode Version

ရန်ကုန်စတော့အိတ် ချိန်းသို့ ဝင်ရောက်ပြီးခြောက်လ ခန့်ကြာမြင့်ချိန်တွင် FMI ကုမ္ပဏီ ၏ ရှယ်ယာတန်ဖိုး ထက်ဝက်ခန့် ကျဆင်းခဲ့ကြောင်း သတင်းရရှိ သည်။

FMI ကုမ္ပဏီရှယ်ယာတန်ဖိုး ကျဆင်းခြင်းအပြင် သီလဝါ အ ထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပ ဏီနှင့် မြန်မာနိုင်ငံသားများဘဏ် (MCB) တို့၏ ရှယ်ယာများလည်း ဆက်တိုက်ကျဆင်းလာကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ သိရ သည်။

FMI ကုမ္ပဏီသည် မတ်လ ၂၆ ရက်က ရန်ကုန်စတော့အိတ် ချိန်း၌ ရှယ်ယာစတင်ရောင်းချချိန် တွင် ရှယ်ယာတစ်စုလျှင် ကျပ် ၃၁,၀၀၀ ပေါက်ဈေးရှိသော် လည်း စက်တင်ဘာ ၂၂ ရက်၌ ရှယ်ယာပေါက်ဈေး ကျပ် ၁၆,၀၀၀ ဈေးသာရှိခဲ့သည်။

FMI ကုမ္ပဏီနှင့်အတူ ရှယ် ယာတစ်စုလျှင် ကျပ် ၁၂,၀၀၀ အထိပေါက်ဈေးရှိသည့် မြန်မာ နိုင်ငံသားများဘဏ် (MCB) ၏ ရှယ်ယာဈေးနှုန်းများ ကျဆင်းခဲ့ ကာ စက်တင်ဘာ ၂၂ ရက်တွင် ရှယ်ယာတစ်စုလျှင် ကျပ် ၈,၂၀၀ ဈေးပေါက်ခဲ့သည်။ သီလဝါ အ များပိုင်ကုမ္ပဏီ ရှယ်ယာဈေးသည် ကျပ် ၄၂,၀၀၀ သို့ ကျဆင်းခဲ့ သည်။

      ‘‘စတော့ရှယ်ယာမှာ အတက် အကျက အမြဲရှိတတ်ပါတယ်။ ကုမ္ပဏီရဲ့ လုပ်ဆောင်ချက်ကို သေချာလုပ်ဆောင်ပြီးမှ ရင်းနှီး မြှုပ်နှံမှုတွေ လုပ်သင့်တယ်။ အ ထူးသဖြင့် မြန်မာနိုင်ငံလို အ ရောင်းအဝယ်ပါးတဲ့ စတော့အိတ် ချိန်းမျိုးကုမ္ပဏီရဲ့ လုပ်ဆောင် ချက်နဲ့ မဆိုင်ဘဲနဲ့ အတက်အကျ ရှိတတ်ပါတယ်’’ဟုThura Swiss   အမှုဆောင်အရာရှိချုပ် ဒေါက် တာအောင်သူရကပြောသည်။

ရှယ်ယာဈေးကျဆင်းခြင်း သည် ရန်ကုန်စတော့အိတ်ချိန်း ရှယ်ယာကို ရင်းနှီးမြှုပ်နှံသူများက စိတ်ဝင်စားမှု မရှိတော့၍ဖြစ်ပြီး လက်ရှိတွင် အစိုးရအပြောင်းအလဲတွင် အိမ်ခြံမြေဘက်ကို ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေခြင်းကြောင့်ဖြစ်သည်ဟု ရှယ်ယာရှင်တစ်ဦးကပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:  7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top