Property Expo
×

ရန္ကုန္ၿမိဳ႕တြင္က်င္းပခဲ့ေသာ ကားၿပိဳင္ပြဲတစ္ခု၌ တာလႊတ္ရင္ျပင္ဆင္ေနစဥ္ (ဓာတ္ပုံ-နစ္ကီ)

ကားအစီးေရငါးဆယ္ ခန္႔ပါ၀င္ယွဥ္ၿပိဳင္မည့္ Professi-onal ကားၿပိဳင္ပြဲကို မႏၲေလး- ျပင္ဦးလြင္လမ္းမရွိ ရတနာပံု Cyber City တြင္ က်င္းပမည္ ျဖစ္ေၾကာင္း သတင္းရရွိသည္။

ယင္းကားၿပိဳင္ပြဲကို ေအာက္ တိုဘာ ၁ ရက္မွ ၂ ရက္အထိ က်င္းပမည္ျဖစ္ၿပီး ႏိုင္ငံတစ္၀န္းမွ ၿပိဳင္ပြဲ၀င္မ်ားပါ၀င္ယွဥ္ၿပိဳင္ႏိုင္ေၾကာင္း အဆိုပါကားၿပိဳင္ပြဲကို ဦးေဆာင္ ျပဳလုပ္သည့္ Turbo Nos Associ-ation Mdy မွ တာ၀န္ရွိသူ ဦး၀ဏၰက ေျပာသည္။

‘‘ႏိုင္ငံတကာအဆင့္မီ ၿပိဳင္ ပြဲတစ္ရပ္အေနနဲ႔ က်င္းပသြားမွာ ပါ။ ၿပိဳင္ပြဲ၀င္ေၾကးကိုေတာ့ မၾကာခင္ထုတ္ျပန္ေၾကညာေပးသြားမွာ ျဖစ္ၿပီးေတာ့ ၿပိဳင္ပြဲ၀င္ေတြအေနနဲ႔ ၿပိဳင္ပြဲ၀င္စာခ်ဳပ္ခ်ဳပ္ဆိုၿပီးမွ ပါ၀င္ ယွဥ္ၿပိဳင္ခြင့္ေပးမွာ ျဖစ္ပါတယ္’’ ဟု ဦး၀ဏၰက ေျပာသည္။

အဆိုပါကားၿပိဳင္ပြဲတြင္ အဓိကအေနျဖင့္ Time Attack ႏွင့္ Drift Race ႏွစ္မ်ဳိးယွဥ္ၿပိဳင္ရ မည္ျဖစ္သည္။ အဆိုပါၿပိဳင္ပြဲ ႏွစ္ခုကို ၿပိဳင္ပြဲ ဒုတိယေန႔တြင္ က်င္းပမည္ျဖစ္ကာ ၿပိဳင္ပြဲပထမေန႔၌ကားအလွၿပိဳင္ပြဲႏွင့္ သ႐ုပ္ျပေမာင္းႏွင္မႈပြဲမ်ားက်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

‘‘ကားအစီးေရ ငါးဆယ္ ေလာက္အထိ ပါ၀င္ယွဥ္ၿပိဳင္သြား ဖို႔ စီစဥ္ထားပါတယ္။ လက္ရွိမွာ စပြန္ဆာေပးမယ့္ ကုမၸဏီနဲ႔ ညႇိႏိႈင္းေနတုန္းျဖစ္တဲ့အတြက္ အေသး စိတ္အခ်က္အလက္ေတြကိုေတာ့ အနားနီးမွ ထုတ္ျပန္ေပးသြားမွာ ျဖစ္ပါတယ္’’ဟု ဦး၀ဏၰက ေျပာ သည္။ကားၿပိဳင္ပြဲကို အလ်ား ေပ ၄၈၀ ႏွင့္ အနံေပ ၂၄၀ က်ယ္၀န္း သည့္ ကြင္းအတြင္း က်င္းပမည္ျဖစ္ၿပီး Time Attack ၿပိဳင္ပြဲအတြက္ ကားအစီးေရ ငါးဆယ္ခန္႔ျဖင့္ Class A, B, C သံုးစုခြဲကာယွဥ္ၿပိဳင္ ေစမည္ျဖစ္ၿပီး Drift Race အတြက္Car Modifined ျပဳလုပ္ၿပီးDrift Type Car မ်ားျဖစ္ရန္ လိုအပ္ ေၾကာင္း ဦးစီးက်င္းပမည့္ TurboNos Association Mdy မွ စံုစမ္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ရန်ကုန်မြို့တွင်ကျင်းပခဲ့သော ကားပြိုင်ပွဲတစ်ခု၌ တာလွှတ်ရင်ပြင်ဆင်နေစဉ် (ဓာတ်ပုံ-နစ်ကီ)

ကားအစီးရေငါးဆယ် ခန့်ပါဝင်ယှဉ်ပြိုင်မည့် Professi-onal ကားပြိုင်ပွဲကို မန္တလေး- ပြင်ဦးလွင်လမ်းမရှိ ရတနာပုံ Cyber City တွင် ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းကားပြိုင်ပွဲကို အောက် တိုဘာ ၁ ရက်မှ ၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး နိုင်ငံတစ်ဝန်းမှ ပြိုင်ပွဲဝင်များပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း အဆိုပါကားပြိုင်ပွဲကို ဦးဆောင် ပြုလုပ်သည့် Turbo Nos Associ-ation Mdy မှ တာဝန်ရှိသူ ဦးဝဏ္ဏက ပြောသည်။

‘‘နိုင်ငံတကာအဆင့်မီ ပြိုင် ပွဲတစ်ရပ်အနေနဲ့ ကျင်းပသွားမှာ ပါ။ ပြိုင်ပွဲဝင်ကြေးကိုတော့ မကြာခင်ထုတ်ပြန်ကြေညာပေးသွားမှာ ဖြစ်ပြီးတော့ ပြိုင်ပွဲဝင်တွေအနေနဲ့ ပြိုင်ပွဲဝင်စာချုပ်ချုပ်ဆိုပြီးမှ ပါဝင် ယှဉ်ပြိုင်ခွင့်ပေးမှာ ဖြစ်ပါတယ်’’ ဟု ဦးဝဏ္ဏက ပြောသည်။

အဆိုပါကားပြိုင်ပွဲတွင် အဓိကအနေဖြင့် Time Attack နှင့် Drift Race နှစ်မျိုးယှဉ်ပြိုင်ရ မည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲ နှစ်ခုကို ပြိုင်ပွဲ ဒုတိယနေ့တွင် ကျင်းပမည်ဖြစ်ကာ ပြိုင်ပွဲပထမနေ့၌ကားအလှပြိုင်ပွဲနှင့် သရုပ်ပြမောင်းနှင်မှုပွဲများကျင်းပမည်ဖြစ်ကြောင်း သိရသည်။

‘‘ကားအစီးရေ ငါးဆယ် လောက်အထိ ပါဝင်ယှဉ်ပြိုင်သွား ဖို့ စီစဉ်ထားပါတယ်။ လက်ရှိမှာ စပွန်ဆာပေးမယ့် ကုမ္ပဏီနဲ့ ညှိနှိုင်းနေတုန်းဖြစ်တဲ့အတွက် အသေး စိတ်အချက်အလက်တွေကိုတော့ အနားနီးမှ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်’’ဟု ဦးဝဏ္ဏက ပြော သည်။ကားပြိုင်ပွဲကို အလျား ပေ ၄၈၀ နှင့် အနံပေ ၂၄၀ ကျယ်ဝန်း သည့် ကွင်းအတွင်း ကျင်းပမည်ဖြစ်ပြီး Time Attack ပြိုင်ပွဲအတွက် ကားအစီးရေ ငါးဆယ်ခန့်ဖြင့် Class A, B, C သုံးစုခွဲကာယှဉ်ပြိုင် စေမည်ဖြစ်ပြီး Drift Race အတွက်Car Modifined ပြုလုပ်ပြီးDrift Type Car များဖြစ်ရန် လိုအပ် ကြောင်း ဦးစီးကျင်းပမည့် TurboNos Association Mdy မှ စုံစမ်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top