Property Expo
×

 မစၥတာ ကိုဖီအာနန္ ဦးေဆာင္ေသာ ရခုိင္ျပည္နယ္ ဆုိင္ရာ အႀကံေပးေကာ္မရွင္ ဖြဲ႕စည္းခဲ့ျခင္းသည္ ရခုိင္ျပည္နယ္ ရွိ ရခုိင္အပါအဝင္ တုိင္းရင္းသား၊ႏုိင္ငံသားမ်ား၏ သေဘာတူညီ ခ်က္ကို ရယူဖြဲ႕စည္းခဲ့ျခင္းမဟုတ္၍ ေကာ္မရွင္၏ ဖြဲ႕စည္းျဖစ္တည္မႈႏွင့္ လုပ္ေဆာင္ခ်က္မ်ားအား လံုးကို အသိအမွတ္မျပဳသင့္ ေၾကာင္း အေရးႀကီးအဆုိကို ရခိုင္ ျပည္နယ္လႊတ္ေတာ္၌ ေဆြးေႏြး မည္ျဖစ္ေၾကာင္း သတင္းရရွိ သည္။


စက္တင္ဘာ ၁၂ ရက္က ျပဳလုပ္သည့္ ရခုိင္ျပည္နယ္လႊတ္ ေတာ္ အထူးအစည္းအေဝးပထမ ေန႔တြင္ စစ္ေတြမဲဆႏၵနယ္ အမွတ္(၂)မွ ျပည္နယ္လႊတ္ေတာ္ကိုယ္ စားလွယ္ ဦးေက်ာ္ေဇာဦးက အ ထက္ပါအဆိုကို တင္သြင္းျခင္း ျဖစ္ၿပီး ေပါက္ေတာမဲဆႏၵနယ္ အမွတ္ (၁)မွ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးသာထြန္းေအာင္က ေထာက္ခံခဲ့သည္။

‘‘အဆိုထဲမွာ အပိုင္းငါးပိုင္း ခြဲၿပီး တင္ျပထားပါတယ္။ အဲဒါ ေတြကေတာ့ ရခုိင္ျပည္နယ္လႊတ္ ေတာ္ရဲ႕ အခန္းက႑၊ ဘယ္သူက ကိုယ့္ႏုိင္ငံသားဆုိတာကို ကိုယ္ တုိင္ဆံုးျဖတ္ခြင့္၊ အာနန္ေကာ္ မရွင္ရဲ႕ တျခားျပစ္ခ်က္မ်ား၊ ဆုိး က်ိဳးျဖစ္လာႏုိင္ေျခအလားအလာ နဲ႔ နိဂံုးပိုင္းဆိုၿပီးေတာ့ ျဖစ္ပါ တယ္။ အဓိကကေတာ့ ေကာ္မရွင္ဖြဲ႕စည္းျခင္းျဖစ္တည္မႈနဲ႔ လုပ္ ေဆာင္ခ်က္မ်ားအားလံုးကို ရခုိင္ ျပည္နယ္လႊတ္ေတာ္က အသိအ မွတ္မျပဳေၾကာင္း သေဘာထား ႁမြက္ဟေဖာ္ျပခ်က္ကို ဆံုးျဖတ္ၿပီး ေၾကညာႏုိင္ဖို႔ အခုလို အေရးႀကီး အဆိုကို တင္သြင္းရတာျဖစ္ပါ တယ္’’ဟု ဦးေက်ာ္ေဇာဦးက ဆုိ သည္။

ရခုိင္ျပည္နယ္ဆုိင္ရာ အႀကံ ေပးေကာ္မရွင္ႏွင့္ပတ္သက္၍ အ ေရးႀကီးအဆိုမ်ား တင္သြင္းရန္ ျပည္နယ္လႊတ္ေတာ္ အထူးအ စည္္းအေဝးျပဳလုပ္ရန္ ရခုိင္အမ်ိဳး သားပါတီကိုယ္စားျပဳ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားက ဩဂုတ္ ၂၆ ရက္၌ ျပည္နယ္လႊတ္ေတာ္ဥကၠ႒ ထံသို႔ တင္ျပေတာင္းဆိုခဲ့သည္။

စက္တင္ဘာ ၆ ရက္ႏွင့္ ၇ ရက္တြင္ ရခုိင္ျပည္နယ္ စစ္ေတြ ၿမိဳ႕သို႔ ေရာက္ရွိေသာ ရခုိင္ျပည္ နယ္ဆုိင္ရာ အႀကံေပးေကာ္မရွင္ ဥကၠ႒ မစၥတာ ကိုဖီအာနန္သည္ႏွစ္ဖက္လူ႔အဖြဲ႕အစည္းမ်ားႏွင့္ ေတြ႕ဆံုစဥ္က ရခုိင္ျပည္နယ္သူ၊ ျပည္နယ္သားမ်ားအေနျဖင့္ မိမိ တုိ႔၏ အနာဂတ္ကို မိမိတို႔ကသာ ေဖာ္ေဆာင္ရမည္ျဖစ္ၿပီး ေကာ္မရွင္အေနျဖင့္ စိတ္ကူးစိတ္သန္းမ်ား၊ အႀကံဉာဏ္မ်ား ျဖည့္ဆည္း ေပးရန္သာျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

အဆုိပါ ရခိုင္ေကာ္မရွင္ႏွင့္ ပတ္သက္၍ ျပည္သူ႔လႊတ္ေတာ္ တြင္ ရခုိင္အမ်ိဳးသားပါတီမွ ေပါက္ေတာၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ ေက်ာ္ဇံက ရခုိင္ျပည္နယ္ဆုိင္ရာ အႀကံေပးေကာ္မရွင္ကို ႏုိင္ငံသား မ်ားျဖင့္ ျပင္ဆင္ဖြဲ႕စည္းရန္ အ ေရးႀကီးအဆုိတင္သြင္းခဲ့ၿပီး လႊတ္ေတာ္၌ ေဆြးေႏြးဆံုးျဖတ္ရာ ႐ႈံးနိမ့္ခဲ့သည္။ ထို႔ေနာက္ ျပည္နယ္လႊတ္ေတာ္တြင္ ျပန္လည္တင္သြင္းမည့္သတင္းမ်ား ထြက္ေပၚလာခဲ့ေသာ္ လည္း လက္ရွိအာဏာရပါတီ ဒီ ခ်ဳပ္၏ ထိပ္ပိုင္းေခါင္းေဆာင္တစ္ ဦးျဖစ္သည့္ ဦးဝင္းထိန္က အဆို ကို ျပည္နယ္လႊတ္ေတာ္တြင္ တင္ သြင္းခြင့္မရွိေတာ့ေၾကာင္း ေျပာ ၾကားထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 မစ္စတာ ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင် ဖွဲ့စည်းခဲ့ခြင်းသည် ရခိုင်ပြည်နယ် ရှိ ရခိုင်အပါအဝင် တိုင်းရင်းသား၊နိုင်ငံသားများ၏ သဘောတူညီ ချက်ကို ရယူဖွဲ့စည်းခဲ့ခြင်းမဟုတ်၍ ကော်မရှင်၏ ဖွဲ့စည်းဖြစ်တည်မှုနှင့် လုပ်ဆောင်ချက်များအား လုံးကို အသိအမှတ်မပြုသင့် ကြောင်း အရေးကြီးအဆိုကို ရခိုင် ပြည်နယ်လွှတ်တော်၌ ဆွေးနွေး မည်ဖြစ်ကြောင်း သတင်းရရှိ သည်။


စက်တင်ဘာ ၁၂ ရက်က ပြုလုပ်သည့် ရခိုင်ပြည်နယ်လွှတ် တော် အထူးအစည်းအဝေးပထမ နေ့တွင် စစ်တွေမဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးကျော်ဇောဦးက အ ထက်ပါအဆိုကို တင်သွင်းခြင်း ဖြစ်ပြီး ပေါက်တောမဲဆန္ဒနယ် အမှတ် (၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသာထွန်းအောင်က ထောက်ခံခဲ့သည်။

‘‘အဆိုထဲမှာ အပိုင်းငါးပိုင်း ခွဲပြီး တင်ပြထားပါတယ်။ အဲဒါ တွေကတော့ ရခိုင်ပြည်နယ်လွှတ် တော်ရဲ့ အခန်းကဏ္ဍ၊ ဘယ်သူက ကိုယ့်နိုင်ငံသားဆိုတာကို ကိုယ် တိုင်ဆုံးဖြတ်ခွင့်၊ အာနန်ကော် မရှင်ရဲ့ တခြားပြစ်ချက်များ၊ ဆိုး ကျိုးဖြစ်လာနိုင်ခြေအလားအလာ နဲ့ နိဂုံးပိုင်းဆိုပြီးတော့ ဖြစ်ပါ တယ်။ အဓိကကတော့ ကော်မရှင်ဖွဲ့စည်းခြင်းဖြစ်တည်မှုနဲ့ လုပ် ဆောင်ချက်များအားလုံးကို ရခိုင် ပြည်နယ်လွှတ်တော်က အသိအ မှတ်မပြုကြောင်း သဘောထား မြွက်ဟဖော်ပြချက်ကို ဆုံးဖြတ်ပြီး ကြေညာနိုင်ဖို့ အခုလို အရေးကြီး အဆိုကို တင်သွင်းရတာဖြစ်ပါ တယ်’’ဟု ဦးကျော်ဇောဦးက ဆို သည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပေးကော်မရှင်နှင့်ပတ်သက်၍ အ ရေးကြီးအဆိုများ တင်သွင်းရန် ပြည်နယ်လွှတ်တော် အထူးအ စည်းအဝေးပြုလုပ်ရန် ရခိုင်အမျိုး သားပါတီကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်များက ဩဂုတ် ၂၆ ရက်၌ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ထံသို့ တင်ပြတောင်းဆိုခဲ့သည်။

စက်တင်ဘာ ၆ ရက်နှင့် ၇ ရက်တွင် ရခိုင်ပြည်နယ် စစ်တွေ မြို့သို့ ရောက်ရှိသော ရခိုင်ပြည် နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ မစ္စတာ ကိုဖီအာနန်သည်နှစ်ဖက်လူ့အဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ်က ရခိုင်ပြည်နယ်သူ၊ ပြည်နယ်သားများအနေဖြင့် မိမိ တို့၏ အနာဂတ်ကို မိမိတို့ကသာ ဖော်ဆောင်ရမည်ဖြစ်ပြီး ကော်မရှင်အနေဖြင့် စိတ်ကူးစိတ်သန်းများ၊ အကြံဉာဏ်များ ဖြည့်ဆည်း ပေးရန်သာဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ရခိုင်ကော်မရှင်နှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် တွင် ရခိုင်အမျိုးသားပါတီမှ ပေါက်တောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင် ကျော်ဇံက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို နိုင်ငံသား များဖြင့် ပြင်ဆင်ဖွဲ့စည်းရန် အ ရေးကြီးအဆိုတင်သွင်းခဲ့ပြီး လွှတ်တော်၌ ဆွေးနွေးဆုံးဖြတ်ရာ ရှုံးနိမ့်ခဲ့သည်။ ထို့နောက် ပြည်နယ်လွှတ်တော်တွင် ပြန်လည်တင်သွင်းမည့်သတင်းများ ထွက်ပေါ်လာခဲ့သော် လည်း လက်ရှိအာဏာရပါတီ ဒီ ချုပ်၏ ထိပ်ပိုင်းခေါင်းဆောင်တစ် ဦးဖြစ်သည့် ဦးဝင်းထိန်က အဆို ကို ပြည်နယ်လွှတ်တော်တွင် တင် သွင်းခွင့်မရှိတော့ကြောင်း ပြော ကြားထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily





 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top