Kantharyar Centre
×

“ဒီေန႔ဘယ္လိုလဲ?” ဒီလိုစကားမ်ိဳးဟာ အရမ္းကို ေယဘူယ်ဆန္ပါတယ္။ မေျပာသင့္တဲ့ စကားမ်ိဳးလည္း မဟုတ္ေပမယ့္ ခ်စ္သူ ၂ ေယာက္ၾကားက သံေယာဇဥ္ကို ပိုမို ခိုင္မာလာေစမယ့္ အေၾကာင္း အရာ မ်ိဳးကို ေျပာဖို႔ မႀကိဳးစားၾကည့္သင့္ဘူးလား။

နယူးေယာ့္ခ္ အေျခစိုက္ အခ်စ္ေရးနဲ႔ လိင္ပိုင္းဆိုင္ရာ ပညာရွင္ ေဒါက္တာ ဂ်ိန္းဂရီယာ ကေတာ့ ခ်စ္သူ ၂ ေယာက္ၾကားက ခံစားခ်က္ဆိုင္ရာ လိုအပ္ခ်က္ေတြကို စိတ္မွာ ေတြးထားတာက ပိုအလုပ္ျဖစ္တယ္လို႔ဆိုပါတယ္။ ကိုယ့္လက္တြဲေဖာ္ရဲ ႔ခံစားခ်က္ကို ဖတ္ႏိုင္ဖို႔လိုပါတယ္။ ဒါေၾကာင့္ ညစာစားတဲ့အခါမ်ိဳးေတြမွာ ကိုယ့္လက္တြဲေဖာ္နဲ႔ ေန႔စဥ္ စကားေျပာသင့္တဲ့ အေၾကာင္းအရာ တစ္ခ်ိဳ ႔ကိုေဖာ္ျပေပးလိုက္ပါတယ္။

၁။ ပန္းတိုင္ေတြအေၾကာင္း

လူတိုင္းမွာ ပန္းတိုင္ တစ္ခုစီေတာ့ ရွိၾကပါတယ္။တစ္ဘ၀လံုးစာအတြက္လည္း ျဖစ္ႏိုင္သလို တစ္ေန႔တာ အတြက္လည္း ရွိႏိုင္ပါတယ္။ဥပမာ ဒီတစ္ပတ္လံုး ေန႔တိုင္း ေယာဂ က်င့္မယ္လို႔ေတြးထားတာလည္း လက္ရွိ ပန္းတိုင္တစ္ခုျဖစ္ေနႏိုင္ပါတယ္။ ဘာပဲျဖစ္ျဖစ္ အဲဒါေတြကို ကိုယ့္ခ်စ္သူနဲ႔အတူ ေ၀မွ် သင့္ပါတယ္။ ဒါေတြကို ပြင့္ပြင့္လင္းလင္း ေျပာျပျခင္းဟာ ခ်စ္သူနားကို အလိုလိုေရာက္သြားေစမွာပါ။

၂။ ခက္ခဲမႈေတြအေၾကာင္း

ကိုယ့္လက္တြဲေဖာ္ကို ဒီတစ္ပတ္လံုး ကိုယ္ႀကံဳေတြ႔ခဲ့ရတဲ့ အခက္ခဲဆံုး အရာေတြအေၾကာင္းေျပာျပပါ။ အလုပ္ထဲက အာရံုေနာက္စရာ ကိစၥ တစ္ခုခု ၊ အိမ္မွာ ေမာင္ႏွမ ခ်င္း စကားမ်ားတာ စသျဖင့္ ခက္ခဲတဲ့ အရာတိုင္းကို ဖြင့္ေျပာၾကည့္လိုက္ပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ ဘယ္လိုေတြ ရုန္းကန္ေနရတဲ့အေၾကာင္းေတြ ေျပာေနျခင္းဟာ ပိုမို နီးကပ္မႈ ရွိလာေစပါတယ္။

၃။ က်န္းမာေရး အေၾကာင္း

ညက အိပ္ယာ၀င္ေနာက္က်တာလား။ ေနာက္ေက်ာက ထူးထူးဆန္းဆန္းနာေနတာလား။ဘာပဲျဖစ္ျဖစ္ ကိုယ့္က်န္းမာေရးအေၾကာင္းေျပာျပပါ။ သူ႔က်န္းမာေရးအေၾကာင္းကို နားေထာင္ၿပီး ဂရုစိုက္ေပးပါ။ အဲဒီလို က်န္းမာေရးအေၾကာင္းေတြ အျပန္အလွန္ေျပာျပျခင္းဟာ ခ်စ္သူ ၂ ဦးၾကားမွာ သံေယာဇဥ္ထက္ပိုတဲ့ အၾကင္နာ ၊ ေမတၱာ ၊ ကရုဏာ ေတြကို ပိုမို ခိုင္မာလာေစပါတယ္။

၄။ ၂ ေယာက္ၾကားက ေပ်ာ္စရာအခ်ိန္ေလးေတြအေၾကာင္း

PhD ဘဲြ႕ရထားတဲ့ အိမ္ေထာင္ေရးနဲ႔ မိသားစုဆိုင္ရာ ပညာရွင္ ေဒါက္တာ တီနာတတ္ဆီနာ ရဲ ႔ေျပာၾကားခ်က္အရေတာ့ အရင္တုန္းက အတူ ဖန္တီးခဲ့ဖူးတဲ့ ေပ်ာ္စရာ အခ်ိန္ေလးေတြအေၾကာင္း ေအာက္ေမ့ သတိရၿပီး ျပန္ေျပာျဖစ္ျခင္းဟာ အခ်စ္ေရးမွာ ေကာင္းမြန္တဲ့ သက္ေရာက္မႈေတြရွိလာေစပါတယ္။ ရည္းစားျဖစ္ကာစက အေၾကာင္း ၊ မဂၤလာေဆာင္တဲ့ေန႔အေၾကာင္း ၊ ပထမဆံုး အိမ္၀ယ္တဲ့ေန႔ကအေၾကာင္း ဘာပဲျဖစ္ျဖစ္ ျပန္ေျပာၾကည့္ပါ။ ခိုင္မာတဲ့ ရာဇ၀င္တစ္ခုကို အတူတူ ေရးထိုးခဲ့တဲ့အေၾကာင္း ေတြ ဟာ ခ်စ္သူ ၂ ေယာက္ၾကားမွာ သံေယာဇဥ္ ပိုတိုးေစႏိုင္ပါတယ္။

၅။ အနာဂါတ္အေၾကာင္း

အနာဂါတ္အေၾကာင္း ေျပာပါ။တစ္ေယာက္ခ်င္းစီ ရဲ ႔ စီမံကိန္းေတြကို အျပန္အလွန္တိုင္ပင္ပါ။ အနာဂါတ္တစ္ခုကို ၂ေယာက္အတူ ေ၀မွ် ၿပီး စိတ္ကူးယဥ္ျခင္းဟာ စံုတြဲတစ္တြဲ ထက္ပိုၿပီး စည္းလံုးမႈ ရွိေစပါတယ္။

၆။ ေက်းဇူးသိတတ္မႈအေၾကာင္း

သင့္ခ်စ္သူနဲ႔ ပတ္သက္ၿပီး သင္အသိအမွတ္ အျပဳခဲ့ဆံုးလုပ္ရပ္ဟာ ဘာလဲ။ ဒီတစ္ပတ္(သို႔)ဒီတစ္လ အတြင္း သင့္ခ်စ္သူကို ေက်းဇူးတင္စရာ ဘာရွိလဲ။ ကိုယ္က ေက်းဇူးသိတတ္ရင္ သူက လည္း ေက်းဇူးသိတတ္လာမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar


#Unicode Version

“ဒီနေ့ဘယ်လိုလဲ?” ဒီလိုစကားမျိုးဟာ အရမ်းကို ယေဘူယျဆန်ပါတယ်။ မပြောသင့်တဲ့ စကားမျိုးလည်း မဟုတ်ပေမယ့် ချစ်သူ ၂ ယောက်ကြားက သံယောဇဉ်ကို ပိုမို ခိုင်မာလာစေမယ့် အကြောင်း အရာ မျိုးကို ပြောဖို့ မကြိုးစားကြည့်သင့်ဘူးလား။

နယူးယော့်ခ် အခြေစိုက် အချစ်ရေးနဲ့ လိင်ပိုင်းဆိုင်ရာ ပညာရှင် ဒေါက်တာ ဂျိန်းဂရီယာ ကတော့ ချစ်သူ ၂ ယောက်ကြားက ခံစားချက်ဆိုင်ရာ လိုအပ်ချက်တွေကို စိတ်မှာ တွေးထားတာက ပိုအလုပ်ဖြစ်တယ်လို့ဆိုပါတယ်။ ကိုယ့်လက်တွဲဖော်ရဲ့ခံစားချက်ကို ဖတ်နိုင်ဖို့လိုပါတယ်။ ဒါကြောင့် ညစာစားတဲ့အခါမျိုးတွေမှာ ကိုယ့်လက်တွဲဖော်နဲ့ နေ့စဉ် စကားပြောသင့်တဲ့ အကြောင်းအရာ တစ်ချို့ကိုဖော်ပြပေးလိုက်ပါတယ်။

၁။ ပန်းတိုင်တွေအကြောင်း

လူတိုင်းမှာ ပန်းတိုင် တစ်ခုစီတော့ ရှိကြပါတယ်။တစ်ဘဝလုံးစာအတွက်လည်း ဖြစ်နိုင်သလို တစ်နေ့တာ အတွက်လည်း ရှိနိုင်ပါတယ်။ဥပမာ ဒီတစ်ပတ်လုံး နေ့တိုင်း ယောဂ ကျင့်မယ်လို့တွေးထားတာလည်း လက်ရှိ ပန်းတိုင်တစ်ခုဖြစ်နေနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒါတွေကို ကိုယ့်ချစ်သူနဲ့အတူ ဝေမျှ သင့်ပါတယ်။ ဒါတွေကို ပွင့်ပွင့်လင်းလင်း ပြောပြခြင်းဟာ ချစ်သူနားကို အလိုလိုရောက်သွားစေမှာပါ။

၂။ ခက်ခဲမှုတွေအကြောင်း

ကိုယ့်လက်တွဲဖော်ကို ဒီတစ်ပတ်လုံး ကိုယ်ကြုံတွေ့ခဲ့ရတဲ့ အခက်ခဲဆုံး အရာတွေအကြောင်းပြောပြပါ။ အလုပ်ထဲက အာရုံနောက်စရာ ကိစ္စ တစ်ခုခု ၊ အိမ်မှာ မောင်နှမ ချင်း စကားများတာ စသဖြင့် ခက်ခဲတဲ့ အရာတိုင်းကို ဖွင့်ပြောကြည့်လိုက်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုတွေ ရုန်းကန်နေရတဲ့အကြောင်းတွေ ပြောနေခြင်းဟာ ပိုမို နီးကပ်မှု ရှိလာစေပါတယ်။

၃။ ကျန်းမာရေး အကြောင်း

ညက အိပ်ယာဝင်နောက်ကျတာလား။ နောက်ကျောက ထူးထူးဆန်းဆန်းနာနေတာလား။ဘာပဲဖြစ်ဖြစ် ကိုယ့်ကျန်းမာရေးအကြောင်းပြောပြပါ။ သူ့ကျန်းမာရေးအကြောင်းကို နားထောင်ပြီး ဂရုစိုက်ပေးပါ။ အဲဒီလို ကျန်းမာရေးအကြောင်းတွေ အပြန်အလှန်ပြောပြခြင်းဟာ ချစ်သူ ၂ ဦးကြားမှာ သံယောဇဉ်ထက်ပိုတဲ့ အကြင်နာ ၊ မေတ္တာ ၊ ကရုဏာ တွေကို ပိုမို ခိုင်မာလာစေပါတယ်။

၄။ ၂ ယောက်ကြားက ပျော်စရာအချိန်လေးတွေအကြောင်း

PhD ဘွဲ့ရထားတဲ့ အိမ်ထောင်ရေးနဲ့ မိသားစုဆိုင်ရာ ပညာရှင် ဒေါက်တာ တီနာတတ်ဆီနာ ရဲ့ပြောကြားချက်အရတော့ အရင်တုန်းက အတူ ဖန်တီးခဲ့ဖူးတဲ့ ပျော်စရာ အချိန်လေးတွေအကြောင်း အောက်မေ့ သတိရပြီး ပြန်ပြောဖြစ်ခြင်းဟာ အချစ်ရေးမှာ ကောင်းမွန်တဲ့ သက်ရောက်မှုတွေရှိလာစေပါတယ်။ ရည်းစားဖြစ်ကာစက အကြောင်း ၊ မင်္ဂလာဆောင်တဲ့နေ့အကြောင်း ၊ ပထမဆုံး အိမ်ဝယ်တဲ့နေ့ကအကြောင်း ဘာပဲဖြစ်ဖြစ် ပြန်ပြောကြည့်ပါ။ ခိုင်မာတဲ့ ရာဇဝင်တစ်ခုကို အတူတူ ရေးထိုးခဲ့တဲ့အကြောင်း တွေ ဟာ ချစ်သူ ၂ ယောက်ကြားမှာ သံယောဇဉ် ပိုတိုးစေနိုင်ပါတယ်။

၅။ အနာဂါတ်အကြောင်း

အနာဂါတ်အကြောင်း ပြောပါ။တစ်ယောက်ချင်းစီ ရဲ့ စီမံကိန်းတွေကို အပြန်အလှန်တိုင်ပင်ပါ။ အနာဂါတ်တစ်ခုကို ၂ယောက်အတူ ဝေမျှ ပြီး စိတ်ကူးယဉ်ခြင်းဟာ စုံတွဲတစ်တွဲ ထက်ပိုပြီး စည်းလုံးမှု ရှိစေပါတယ်။

၆။ ကျေးဇူးသိတတ်မှုအကြောင်း

သင့်ချစ်သူနဲ့ ပတ်သက်ပြီး သင်အသိအမှတ် အပြုခဲ့ဆုံးလုပ်ရပ်ဟာ ဘာလဲ။ ဒီတစ်ပတ်(သို့)ဒီတစ်လ အတွင်း သင့်ချစ်သူကို ကျေးဇူးတင်စရာ ဘာရှိလဲ။ ကိုယ်က ကျေးဇူးသိတတ်ရင် သူက လည်း ကျေးဇူးသိတတ်လာမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top