Property Expo
×

ၿဗိတ္ိန္ႏိုင္ငံသူ အသက္ ၂၇ ႏွစ္အရြယ္ ကင္မ္ဘာေလ မိုင္းနားစ္ဟာ လူၿပိန္းႀကိဳက္ သတင္းစာေတြျဖစ္တဲ့ သည္ဆန္းလို စာေစာင္ေတြမွာ စြဲမက္ဖြယ္ အေဖာ္အခၽြတ္ပံုေတြနဲ႔ ေဖာ္ျပျခင္း ခံရၿပီးတဲ့ေနာက္ နာမည္ေက်ာ္ၾကားလာတဲ့ ေမာ္ဒယ္တဦးပါ။
သူဟာ ဆီးရီးယားမွ ၿဗိတိသွ် အိုင္အက္စ္တိုက္ခိုက္ေရးသမားတဦးနဲ႔ အဆက္အသြယ္ ရွိေနတယ္လို႔ ယူဆရၿပီး ရဲေတြကေတာ့ လတ္တေလာမွာ စိုးရိမ္ပူပန္ေနေၾကာင္း မက္ထ႐ုိသတင္းတပုဒ္မွာ ေဖာ္ျပပါတယ္။

ဆီးရီးယားနဲ႔ အီရတ္မွာ “ကာလီဖိတ္” လို႔ အရပ္ေခၚ ေခၚေ၀ၚၾကတဲ့ အဖြဲ႔နဲ႔ ဆက္သြယ္ဖို႔ မိုင္းနားစ္ကို ၿဗိတိန္ကေန ေခၚထုတ္ဖို႔ အဲဒီတိုက္ခိုက္ေရးသမားက အလိုရွိေနတာလို႔ ရဲေတြက ယူဆေနၾကတာပါ။

မိုင္းနားစ္ဟာ ဘရက္ဒ္ဖို႔ဒ္မွာ ေနထိုင္တာျဖစ္ၿပီး ေဖ့စ္ဘြတ္ခ္ လူမႈကြန္ရက္ စာမ်က္ႏွာေတြေပၚမွာ ႐ုိင္ဖယ္နဲ႔ တျခားလက္နက္ေတြ ကိုင္ေဆာင္ကာ ဂ်ီဟဒ္အမ်ိဳးသမီးတဦးပံုစံ ဓာတ္ပံုေတြနဲ႔အတူ ထြက္ေပၚလာခဲ့တာပါ။

ဂ်ီဟဒ္တဦးနဲ႔ လက္ထပ္လိမ့္မယ္ဆိုတဲ့ သတင္းကိုေတာ့ မိုင္းနားစ္က ျငင္းဆိုထားခဲ့ေပမယ့္ လက္ရွိမွာေတာ့ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာေပၚက သူ႔ပရိသတ္ေတြဟာ အိုင္အက္စ္ အၾကမ္းဖက္သမားေတြနဲ႔ ပတ္သက္တဲ့ ႐ုပ္ပံုေတြ၊ ဗြီဒီိယိုဖိုင္ေတြကို သူ႔ရဲ႕ စာမ်က္ႏွာေတြေပၚမွာ မွ်ေ၀မႈေတြ လုပ္ေဆာင္ေနၾကတာပါ။

ဒါေပမယ့္ မိုင္းနားစ္က သူမဟာ အဘူ အူစ္မာ အယ္လ္ ဘရစ္တ္နီဆိုသူ အိုင္အက္စ္ အဖြဲ႔၀င္တဦးနဲ႔ ေဖ့စ္ဘြတ္ခ္ေပၚမွတဆင့္ အဆက္အသြယ္ရွိေနတယ္ ဆုိတာကိုေတာ့ ၀န္ခံထားပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္တုန္းကေတာ့ အဘူ အူစ္မာဟာ ရွီးယုိက္မြတ္ဆလင္ေတြကို ဗံုးခြဲတိုက္ခိုက္မယ့္ စာတမ္းပါ အေသခံဗံုးခြဲ၀တ္စုံ ၀တ္ဆင္ထားတဲ့ ေၾကာင္ကေလးတေကာင္ရဲ႕ ပံုကို ေဖ့စ္ဘြတ္ခ္ေပၚ တင္ခဲ့ခ်ိန္မွာ မိုင္းနားစ္က ရယ္္စရာ အီမိုဂ်ီနဲ႔ တံု႔ျပန္ခဲ့တယ္လို႔ ဆိုပါတယ္။

“က်မ ဗံုးေဖာက္ခြဲမႈေတြနဲ႔ ပတ္သက္တဲ့ အေၾကာင္းအရာေတြ၊ ႐ုပ္သံဗြီဒီယိုဖိုင္ေတြ အမ်ားႀကီး မွ်ေ၀ခဲ့ပါတယ္။ က်မတို႔ ေျပာၾကတယ္။ အိုင္အက္စ္ေတြဟာ သူတို႔ရဲ႕ ဘာသာေရးယံုၾကည္မႈအတြက္ ကာကြယ္မႈေတြ လုပ္ၾကတယ္။ ဒါေပမယ့္ က်မ ေသခ်ာမသိပါဘူး” လို႔ မိုင္းနားစ္က သူမရဲ႕ ဘရက္ဒ္ဖို႔ဒ္ေနအိမ္မွာ မက္ထ႐ုိသတင္းဌာနနဲ႔ ေတြ႔ဆုံစဥ္ ေျပာပါတယ္။

ၿပီးခဲ့တဲ့လကလည္း သူမဟာ အဘူ အူစ္မာနဲ႔ ဆက္သြယ္ခဲ့တယ္လို႔ ၀န္ခံထားခဲ့တာပါ။

“သူက က်မကိုေျပာတယ္။ အဂၤလန္ကေန ထြက္လာႏိုင္ရင္ ထြက္လာ႐ုံပါပဲတဲ့။”


ဖိုးသူေတာ္ (www.phothutaw.com)
Credit:DVB

#Unicode Version
ဗြိတိန်နိုင်ငံသူ အသက် ၂၇ နှစ်အရွယ် ကင်မ်ဘာလေ မိုင်းနားစ်ဟာ လူပြိန်းကြိုက် သတင်းစာတွေဖြစ်တဲ့ သည်ဆန်းလို စာစောင်တွေမှာ စွဲမက်ဖွယ် အဖော်အချွတ်ပုံတွေနဲ့ ဖော်ပြခြင်း ခံရပြီးတဲ့နောက် နာမည်ကျော်ကြားလာတဲ့ မော်ဒယ်တဦးပါ။
သူဟာ ဆီးရီးယားမှ ဗြိတိသျှ အိုင်အက်စ်တိုက်ခိုက်ရေးသမားတဦးနဲ့ အဆက်အသွယ် ရှိနေတယ်လို့ ယူဆရပြီး ရဲတွေကတော့ လတ်တလောမှာ စိုးရိမ်ပူပန်နေကြောင်း မက်ထရိုသတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ဆီးရီးယားနဲ့ အီရတ်မှာ “ကာလီဖိတ်” လို့ အရပ်ခေါ် ခေါ်ဝေါ်ကြတဲ့ အဖွဲ့နဲ့ ဆက်သွယ်ဖို့ မိုင်းနားစ်ကို ဗြိတိန်ကနေ ခေါ်ထုတ်ဖို့ အဲဒီတိုက်ခိုက်ရေးသမားက အလိုရှိနေတာလို့ ရဲတွေက ယူဆနေကြတာပါ။

မိုင်းနားစ်ဟာ ဘရက်ဒ်ဖို့ဒ်မှာ နေထိုင်တာဖြစ်ပြီး ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ရိုင်ဖယ်နဲ့ တခြားလက်နက်တွေ ကိုင်ဆောင်ကာ ဂျီဟဒ်အမျိုးသမီးတဦးပုံစံ ဓာတ်ပုံတွေနဲ့အတူ ထွက်ပေါ်လာခဲ့တာပါ။

ဂျီဟဒ်တဦးနဲ့ လက်ထပ်လိမ့်မယ်ဆိုတဲ့ သတင်းကိုတော့ မိုင်းနားစ်က ငြင်းဆိုထားခဲ့ပေမယ့် လက်ရှိမှာတော့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်က သူ့ပရိသတ်တွေဟာ အိုင်အက်စ် အကြမ်းဖက်သမားတွေနဲ့ ပတ်သက်တဲ့ ရုပ်ပုံတွေ၊ ဗွီဒီယိုဖိုင်တွေကို သူ့ရဲ့ စာမျက်နှာတွေပေါ်မှာ မျှဝေမှုတွေ လုပ်ဆောင်နေကြတာပါ။

ဒါပေမယ့် မိုင်းနားစ်က သူမဟာ အဘူ အူစ်မာ အယ်လ် ဘရစ်တ်နီဆိုသူ အိုင်အက်စ် အဖွဲ့ဝင်တဦးနဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှတဆင့် အဆက်အသွယ်ရှိနေတယ် ဆိုတာကိုတော့ ဝန်ခံထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ အဘူ အူစ်မာဟာ ရှီးယိုက်မွတ်ဆလင်တွေကို ဗုံးခွဲတိုက်ခိုက်မယ့် စာတမ်းပါ အသေခံဗုံးခွဲဝတ်စုံ ဝတ်ဆင်ထားတဲ့ ကြောင်ကလေးတကောင်ရဲ့ ပုံကို ဖေ့စ်ဘွတ်ခ်ပေါ် တင်ခဲ့ချိန်မှာ မိုင်းနားစ်က ရယ်စရာ အီမိုဂျီနဲ့ တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျမ ဗုံးဖောက်ခွဲမှုတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ရုပ်သံဗွီဒီယိုဖိုင်တွေ အများကြီး မျှဝေခဲ့ပါတယ်။ ကျမတို့ ပြောကြတယ်။ အိုင်အက်စ်တွေဟာ သူတို့ရဲ့ ဘာသာရေးယုံကြည်မှုအတွက် ကာကွယ်မှုတွေ လုပ်ကြတယ်။ ဒါပေမယ့် ကျမ သေချာမသိပါဘူး” လို့ မိုင်းနားစ်က သူမရဲ့ ဘရက်ဒ်ဖို့ဒ်နေအိမ်မှာ မက်ထရိုသတင်းဌာနနဲ့ တွေ့ဆုံစဉ် ပြောပါတယ်။

ပြီးခဲ့တဲ့လကလည်း သူမဟာ အဘူ အူစ်မာနဲ့ ဆက်သွယ်ခဲ့တယ်လို့ ဝန်ခံထားခဲ့တာပါ။

“သူက ကျမကိုပြောတယ်။ အင်္ဂလန်ကနေ ထွက်လာနိုင်ရင် ထွက်လာရုံပါပဲတဲ့။”



ဖိုးသူတော် (www.phothutaw.com)
Credit:DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top