Royal Maung Bamar Residence
×

ကၽြန္မတို႔အားလုံး ခ်စ္သူရဲ႕ ဂရုစိုက္မႈကို ခံရဖုိ႔အတြက္ နည္းအမ်ဳိးမ်ဳိးနဲ႔ ၾကိဳးစားတတ္ၾကေပမဲ့ ေထာင္က်ခံရတဲ့အထိ ၾကိဳးစားတာေတာ့ မရွိေလာက္ဘူးထင္ပါတယ္။ ဒါေပမဲ့ ဖေလာ္ရီဒါက Janet Elena Brooks ဆိုတဲ့ မိန္းကေလးက ခ်စ္သူရဲ႕ ဂရုစိုက္ခံရဖုိ႔အတြက္ ျပန္ေပးဆြဲခံရတယ္လို႔ ဟန္ေဆာင္ျပီး စမ္းသပ္ခဲ့ပါတယ္။

သူမက သူမရဲ႕ တုိက္ခန္းကေန လူတစ္ေယာက္က ေသနတ္နဲ႔ေထာက္ျပီး အဲ့ဒီလူရဲ႕ ကားေနာက္ခန္းထဲကို အတင္းဝင္ခုိင္းျပီး ေခၚသြားေၾကာင္းနဲ႔ Polk County ပန္းျခံထဲမွာ ပစ္ထားခဲ့တယ္လုိ႔ ရည္းစားျဖစ္သူန႔ဲ ရဲစခန္းကို ဖုန္းဆက္ေျပာခဲ့ပါတယ္။ ရည္းစားျဖစ္သူကလည္း ရဲစခန္းကို အေၾကာင္းၾကားခဲ့ျပီး ရဲေတြက ကယ္တင္ဖို႔ စျပီး စုံစမ္းခဲ့ၾကပါတယ္။

ရည္းစားတစ္ေယာက္ ဂရုစိုက္မစိုက္ သိခ်င္ရုံနဲ႔ ဒီလုိ အႏၱရာယ္ျဖစ္ေစႏုိင္တဲ့ လိမ္ညာမႈမ်ဳိး ဘာေၾကာင့္က်ဴးလြန္ခဲ့ပါသလဲ။ ဒီလုိလိမ္ရေလာက္ေအာင္ တန္လို႔လား ဆုိတာ အရင္စဥ္းစားသင့္ဘူးလား။ Brooks ကေတာ့ မစဥ္းစားခဲ့ပါဘူး။ သူလုပ္ခ်င္တာကို ဆုံးျဖတ္ျပီး လုပ္ခဲ့ေပမဲ့ ရဲအရာရွိေတြက သူ႔အခန္းအျပင္က လုံျခဳံေရးကင္မရာကို စစ္ေဆးၾကည့္တဲ့အခါမွာ ထူးျခားေနတာတစ္ခုကို ေတြ႔ခဲ့ျပီးေနာက္မွာ Brooks ျပႆနာစတာပဲ ျဖစ္ပါတယ္။

ကင္မရာမွာ Brooks ကသူ႔အခန္းကေန သူကိုယ္တုိင္ ဘာအႏၱရာယ္မွ မရွိဘဲ လမ္းေလွ်ာက္ထြက္လာျပီး သူျပန္ေပးဆြဲခံရတယ္လို႔ ေျပာတဲ့ေနရာရဲ႕ ဦးတည္ဘက္ကို ထြက္သြားတာကို ေတြ႔ခဲ့ၾကတဲ့အတြက္ သူ႔အလိမ္ေပၚသြားခဲ့ပါတယ္။ သူက ျပန္ေပးဆြဲသမားေခၚသြားတယ္လုိ႔ေျပာတဲ့ ပန္းျခံကို သူ႔သူငယ္ခ်င္းတစ္ေယာက္ရဲ႕ ကားနဲ႔သြားခဲ့တာျဖစ္ပါတယ္လုိ႔ ေနာက္မွ ဝန္ခံေျပာၾကားခဲ့ပါတယ္။

Palm Beach Post ရဲ႕ အဆုိအရ Brooks ကသူဒီလုိ ျပန္ေပးဆြဲခံရတယ္လို႔ ဟန္ေဆာင္ရတာက သူ႔ရည္းစားက တျခားမိန္းကေလးတစ္ေယာက္ကို စိတ္ဝင္စားေနတယ္လို႔ ယုံၾကည္ေနလို႔ သူ႔ဆီက ဂရုစိုက္မႈေတြျပန္ရဖုိ႔ အတြက္ ဟန္ေဆာင္ရျခင္း ျဖစ္ပါတယ္လို႔ ေျပာျပခဲ့ပါတယ္။

ရဲေတြကိုေရာ ဘာေၾကာင့္လိမ္ခဲ့ပါသလဲလို႔ ေမးတဲ့အခါ သူ႔ေကာင္ေလးက တကယ္ဂရုစိုက္ရဲ႕လားဆုိတာ သိခ်င္လို႔ပါလုိ႔ ေျပာခဲ့ပါတယ္။ အခုအခ်ိန္မွာေတာ့ အခ်စ္စမ္းခ်င္တဲ့ မိန္းကေလးကို ရဲဌာနက မဟုတ္မမွန္ဘဲ သတင္းေပးတုိင္ၾကားမႈနဲ႔ တရားစြဲထားျပီး ေထာင္ဒဏ္က်ခံရေတာ့မွာ ျဖစ္ပါတယ္။


 ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar


#Unicode Version

ကျွန်မတို့အားလုံး ချစ်သူရဲ့ ဂရုစိုက်မှုကို ခံရဖို့အတွက် နည်းအမျိုးမျိုးနဲ့ ကြိုးစားတတ်ကြပေမဲ့ ထောင်ကျခံရတဲ့အထိ ကြိုးစားတာတော့ မရှိလောက်ဘူးထင်ပါတယ်။ ဒါပေမဲ့ ဖလော်ရီဒါက Janet Elena Brooks ဆိုတဲ့ မိန်းကလေးက ချစ်သူရဲ့ ဂရုစိုက်ခံရဖို့အတွက် ပြန်ပေးဆွဲခံရတယ်လို့ ဟန်ဆောင်ပြီး စမ်းသပ်ခဲ့ပါတယ်။

သူမက သူမရဲ့ တိုက်ခန်းကနေ လူတစ်ယောက်က သေနတ်နဲ့ထောက်ပြီး အဲ့ဒီလူရဲ့ ကားနောက်ခန်းထဲကို အတင်းဝင်ခိုင်းပြီး ခေါ်သွားကြောင်းနဲ့ Polk County ပန်းခြံထဲမှာ ပစ်ထားခဲ့တယ်လို့ ရည်းစားဖြစ်သူနဲ့ ရဲစခန်းကို ဖုန်းဆက်ပြောခဲ့ပါတယ်။ ရည်းစားဖြစ်သူကလည်း ရဲစခန်းကို အကြောင်းကြားခဲ့ပြီး ရဲတွေက ကယ်တင်ဖို့ စပြီး စုံစမ်းခဲ့ကြပါတယ်။

ရည်းစားတစ်ယောက် ဂရုစိုက်မစိုက် သိချင်ရုံနဲ့ ဒီလို အန္တရာယ်ဖြစ်စေနိုင်တဲ့ လိမ်ညာမှုမျိုး ဘာကြောင့်ကျူးလွန်ခဲ့ပါသလဲ။ ဒီလိုလိမ်ရလောက်အောင် တန်လို့လား ဆိုတာ အရင်စဉ်းစားသင့်ဘူးလား။ Brooks ကတော့ မစဉ်းစားခဲ့ပါဘူး။ သူလုပ်ချင်တာကို ဆုံးဖြတ်ပြီး လုပ်ခဲ့ပေမဲ့ ရဲအရာရှိတွေက သူ့အခန်းအပြင်က လုံခြုံရေးကင်မရာကို စစ်ဆေးကြည့်တဲ့အခါမှာ ထူးခြားနေတာတစ်ခုကို တွေ့ခဲ့ပြီးနောက်မှာ Brooks ပြဿနာစတာပဲ ဖြစ်ပါတယ်။

ကင်မရာမှာ Brooks ကသူ့အခန်းကနေ သူကိုယ်တိုင် ဘာအန္တရာယ်မှ မရှိဘဲ လမ်းလျှောက်ထွက်လာပြီး သူပြန်ပေးဆွဲခံရတယ်လို့ ပြောတဲ့နေရာရဲ့ ဦးတည်ဘက်ကို ထွက်သွားတာကို တွေ့ခဲ့ကြတဲ့အတွက် သူ့အလိမ်ပေါ်သွားခဲ့ပါတယ်။ သူက ပြန်ပေးဆွဲသမားခေါ်သွားတယ်လို့ပြောတဲ့ ပန်းခြံကို သူ့သူငယ်ချင်းတစ်ယောက်ရဲ့ ကားနဲ့သွားခဲ့တာဖြစ်ပါတယ်လို့ နောက်မှ ဝန်ခံပြောကြားခဲ့ပါတယ်။

Palm Beach Post ရဲ့ အဆိုအရ Brooks ကသူဒီလို ပြန်ပေးဆွဲခံရတယ်လို့ ဟန်ဆောင်ရတာက သူ့ရည်းစားက တခြားမိန်းကလေးတစ်ယောက်ကို စိတ်ဝင်စားနေတယ်လို့ ယုံကြည်နေလို့ သူ့ဆီက ဂရုစိုက်မှုတွေပြန်ရဖို့ အတွက် ဟန်ဆောင်ရခြင်း ဖြစ်ပါတယ်လို့ ပြောပြခဲ့ပါတယ်။

ရဲတွေကိုရော ဘာကြောင့်လိမ်ခဲ့ပါသလဲလို့ မေးတဲ့အခါ သူ့ကောင်လေးက တကယ်ဂရုစိုက်ရဲ့လားဆိုတာ သိချင်လို့ပါလို့ ပြောခဲ့ပါတယ်။ အခုအချိန်မှာတော့ အချစ်စမ်းချင်တဲ့ မိန်းကလေးကို ရဲဌာနက မဟုတ်မမှန်ဘဲ သတင်းပေးတိုင်ကြားမှုနဲ့ တရားစွဲထားပြီး ထောင်ဒဏ်ကျခံရတော့မှာ ဖြစ်ပါတယ်။

 ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top