Property Expo
×

ရွမ္းျပည္နယ္ေျမာက္ပိုင္း နမ့္ခမ္းၿမိဳ႕ ေပါက္တင္မရပ္ကြက္၌ ေဖေဖာ္ဝါရီလ အတြင္းက ေငြလဲလုပ္ငန္းလုပ္ကိုင္လ်က္ရွိေသာ ဦးစိုင္းေမာင္လွ၊ ေဒၚနန္းတင္ရီတို႔၏ ေနအိမ္ အတြင္း ေသနတ္တစ္လက္၊ စတီးဓားရွည္တစ္လက္ကိုင္ေဆာင္ၿပီး လုယက္ရန္ ဝင္ေရာက္သူ သံုးဦးအား ရပ္ကြက္ေနျပည္သူမ်ား၊ အိမ္နီးနားခ်င္းမ်ားႏွင့္ ရဲတပ္ဖြဲ႕ဝင္ မ်ားပူးေပါင္း၍ ဖမ္းဆီးရာ ဖမ္းဆီးရမိခဲ့သူႏွစ္ဦးကို ၿမိဳ႕နယ္တရား႐ုံး၌ စစ္ေဆးခဲ့ရာ ျပစ္မႈထင္ရွားသျဖင့္ စက္တင္ဘာ ၁၆ ရက္က ၿမိဳ႕နယ္တရား႐ုံးက အလုပ္ႏွင့္ ေထာင္ဒဏ္ခ်မွတ္လိုက္ေၾကာင္း သိရသည္။

အဆိုပါျပစ္ဒဏ္က်ခံရသူႏွစ္ဦးမွာ ကြတ္ခိုင္ၿမိဳ႕နယ္ မိုင္းယုအုပ္စု ကုန္စုံရြာေန လာခိုင္ခ်ဳံ(ခ)အိုက္စိုင္း(၂ဝ ႏွစ္) အား ရာဇသတ္ႀကီးပုဒ္မ(၃ဝ၇)အရ အလုပ္ႏွင့္ ေထာင္ဒဏ္ သံုးႏွစ္၊ ပုဒ္မ(၃၉၄) အရ အလုပ္ႏွင့္ ေထာင္ဒဏ္ ငါးႏွစ္၊၂ဝ၁၂ ခုႏွစ္ ပို႔ကုန္သြင္းကုန္ပုဒ္မ (၈)အရ အလုပ္ႏွင့္ေထာင္ဒဏ္သံုးလ၊ ရွမ္းလက္နက္အမိန္႔ အပိုဒ္-၁၂ အရ အလုပ္ႏွင့္ေထာင္ဒဏ္ေျခာက္လ စုစုေပါင္း ရွစ္ႏွစ္ကိုးလက်ခံေစရန္၊ နမ့္ခမ္းၿမိဳ႕ ေအာင္ေမတၱာရပ္ကြက္ေန ရန္႐ိုးနိမ့္(ခ) လိုက္နိမ့္ (၂ဝ ႏွစ္) အား ရာဇသတ္ႀကီးပုဒ္မ(၃၉၄)အရ အလုပ္ႏွင့္ေထာင္ဒဏ္ ငါးႏွစ္၊၂ဝ၁၂ ခုႏွစ္ ပို႔ကုန္ သြင္းကုန္ဥပေဒအရ အလုပ္ႏွင့္ေထာင္ဒဏ္သုံးလ စုစုေပါင္း ငါးႏွစ္သံုးလက်ခံေစရန္ ၿမိဳ႕နယ္တရား႐ုံးက အမိန္႔ခ်လိုက္ၿပီး ထြက္ေျပးတရားခံ ေလာက္ဖ်င္႔အား တရားခံေျပး အျဖစ္ ေၾကညာ၍ အေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:MOI Webportal Myanmar

#Unicode Version
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ ပေါက်တင်မရပ်ကွက်၌ ဖေဖော်ဝါရီလ အတွင်းက ငွေလဲလုပ်ငန်းလုပ်ကိုင်လျက်ရှိသော ဦးစိုင်းမောင်လှ၊ ဒေါ်နန်းတင်ရီတို့၏ နေအိမ် အတွင်း သေနတ်တစ်လက်၊ စတီးဓားရှည်တစ်လက်ကိုင်ဆောင်ပြီး လုယက်ရန် ဝင်ရောက်သူ သုံးဦးအား ရပ်ကွက်နေပြည်သူများ၊ အိမ်နီးနားချင်းများနှင့် ရဲတပ်ဖွဲ့ဝင် များပူးပေါင်း၍ ဖမ်းဆီးရာ ဖမ်းဆီးရမိခဲ့သူနှစ်ဦးကို မြို့နယ်တရားရုံး၌ စစ်ဆေးခဲ့ရာ ပြစ်မှုထင်ရှားသဖြင့် စက်တင်ဘာ ၁၆ ရက်က မြို့နယ်တရားရုံးက အလုပ်နှင့် ထောင်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။

အဆိုပါပြစ်ဒဏ်ကျခံရသူနှစ်ဦးမှာ ကွတ်ခိုင်မြို့နယ် မိုင်းယုအုပ်စု ကုန်စုံရွာနေ လာခိုင်ချုံ(ခ)အိုက်စိုင်း(၂ဝ နှစ်) အား ရာဇသတ်ကြီးပုဒ်မ(၃ဝ၇)အရ အလုပ်နှင့် ထောင်ဒဏ် သုံးနှစ်၊ ပုဒ်မ(၃၉၄) အရ အလုပ်နှင့် ထောင်ဒဏ် ငါးနှစ်၊၂ဝ၁၂ ခုနှစ် ပို့ကုန်သွင်းကုန်ပုဒ်မ (၈)အရ အလုပ်နှင့်ထောင်ဒဏ်သုံးလ၊ ရှမ်းလက်နက်အမိန့် အပိုဒ်-၁၂ အရ အလုပ်နှင့်ထောင်ဒဏ်ခြောက်လ စုစုပေါင်း ရှစ်နှစ်ကိုးလကျခံစေရန်၊ နမ့်ခမ်းမြို့ အောင်မေတ္တာရပ်ကွက်နေ ရန်ရိုးနိမ့်(ခ) လိုက်နိမ့် (၂ဝ နှစ်) အား ရာဇသတ်ကြီးပုဒ်မ(၃၉၄)အရ အလုပ်နှင့်ထောင်ဒဏ် ငါးနှစ်၊၂ဝ၁၂ ခုနှစ် ပို့ကုန် သွင်းကုန်ဥပဒေအရ အလုပ်နှင့်ထောင်ဒဏ်သုံးလ စုစုပေါင်း ငါးနှစ်သုံးလကျခံစေရန် မြို့နယ်တရားရုံးက အမိန့်ချလိုက်ပြီး ထွက်ပြေးတရားခံ လောက်ဖျင့်အား တရားခံပြေး အဖြစ် ကြေညာ၍ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:MOI Webportal Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top