Kantharyar Centre
×

ပဲခူးတိုင္​း​ေဒသႀကီး ​ေက်ာက္​တံခါးၿမိဳ႕နယ္​ ပဲႏႊယ္​ကုန္​းနယ္​​ေျမ ရဲစခန္​းအပိုင္​တြင္​ စက္​တင္​ဘာလ(၂၂)ရက္​​ေန႔ည(၉)နာရီခန္႔က လမ္​းျဖတ္​ကူးသူ​ အမ်ိဳးသားတစ္​ဦးအား (၆)ဘီးယာဥ္​မွ ဝင္​တိုက္​မိ၍ ပြဲခ်င္​းၿပီး​ေသဆုံးခဲ့ရ​ေၾကာင္​း သိရသည္​။

ျဖစ္​စဥ္​မွာ နယ္​​ေျမရဲစခန္​းတြင္​ ရဲတပ္​ၾကပ္​ႀကီးစိုးပိုင္​ တာဝန္​မႈဳး အျဖစ္​​ ေဆာင္​႐ြက္​​ေနခ်ိန္​တြင္​ စခန္​း၏ အ​ေနာက္​​ေျမာက္​ဘက္​ (၅)ဖာလုံခန္​႔အကြာ ရန္​ကုန္​-မႏၱ​ေလး ကားလမ္​း​ေဟာင္​း မိုင္​တိုင္​အမွတ္​ ၁၂၁/၀ႏွင့္ ၁၂၁/၁ တပင္​​ေ႐ႊထီးရပ္​ကြက္​အနီးတြင္ ​ယာဥ္​တိုက္​မႈျဖစ္​ပြား​ေၾကာင္​း သတင္​းအရ ​ေခတၲ စခန္​းမႈဳးရဲအုပ္​ျမတ္​မင္​းသူ ဦး​ေဆာင္​​ေသာ ရဲတပ္​ဖြဲ႕ဝင္​မ်ား သက္​​ေသမ်ားႏွင့္အတူ သြား​ေရာက္​စစ္​​ေဆးခဲ့ပါသည္။

ကားလမ္​း၏ အ​ေနာက္​ဘက္​ျခမ္​းမွ အ​ေရွ႕ဘက္​သို႔ လမ္​းျဖတ္​ကူး​ေန​သူ ​ေအးဝင္​း(၄၅)ႏွစ္ ​(ဘ)ဦးညိဳ ႀကီး ဇလုပ္​​ႀကီး​ေက်း႐ြာ​ေနသူအား ယာဥ္​​ေမာင္​းဘိုဘိုစိုး(ဘ)ဦးစိုးျမင့္ ​ေအာင္​​ေတာ္​မူလမ္​း ​ေျမနီကုန္​း စမ္​း​ေခ်ာင္​းၿမိဳ႕နယ္​ ရန္​ကုန္တိုင္​း​ေဒသႀကီး​ေနသူ ​ေမာင္​းႏွင္​းလာ​ေသာ ဒိုင္​နာ(ကိုယ္​ထည္​မပါ / နံပါတ္​ျပားမပါ လိုင္​စင္​စိစစ္​ဆဲ) အျဖဴ​ေရာင္​ယာဥ္​မွ အရွိန္​မထိန္​းႏိုင္​ပဲ ဝင္​​ေရာက္​တိုက္​မိခဲ့ေၾကာင္း သိရသည္။

​ေအးဝင္​းမွာ ​ေနရာတြင္ ​ပြဲခ်င္​းၿပီး ​ေသဆုံးခဲ့ရၿပီး ​ေသဆုံးသူတြင္​ ဝဲ​ေျခက်င္​းဝတ္​​ေပါက္​ၿပဲ ဝဲဒူး​ေအာက္​ ​ေျခသလုံးႂကြက္​သား ​ေပါက္​ၿပဲ ႏွာ​ေခါင္​း​ေပါက္​ၿပဲ နား​ေသြးထြက္​ဒဏ္​ရာမ်ား ရရွိခဲ့ၿပီး ယာဥ္​မွာ​ေရွ႕​ေလကာမွန္​ကြဲ ဝိုင္​ဖိုင္​က်ိဳး ဦး​ေခါင္​းပိန္​ခ်ိဳင္​့ပ်က္​ဆီးခဲ့ရၿပီး ျဖစ္​စဥ္​ႏွင့္ပါတ္သက္​၍ နယ္​​ေျမရဲစခန္​းမွ ယာဥ္​(ပ)၂၂/၂၀၁၆ရာဇသတ္​ႀကီး ပုဒ္​မ၃၀၄-ကျဖင့္ အမႈဖြင့္လွစ္​အ​ေရးယူ ​ေဆာင္​႐ြက္​ထား​ေၾကာင္​း သိရသည္​။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:S.H-MEDIA GROUP

#Unicode Version
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပဲနွှယ်ကုန်းနယ်မြေ ရဲစခန်းအပိုင်တွင် စက်တင်ဘာလ(၂၂)ရက်နေ့ည(၉)နာရီခန့်က လမ်းဖြတ်ကူးသူ အမျိုးသားတစ်ဦးအား (၆)ဘီးယာဉ်မှ ဝင်တိုက်မိ၍ ပွဲချင်းပြီးသေဆုံးခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ နယ်မြေရဲစခန်းတွင် ရဲတပ်ကြပ်ကြီးစိုးပိုင် တာဝန်မှုုး အဖြစ် ဆောင်ရွက်နေချိန်တွင် စခန်း၏ အနောက်မြောက်ဘက် (၅)ဖာလုံခန့်အကွာ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၂၁/ဝနှင့် ၁၂၁/၁ တပင်ရွှေထီးရပ်ကွက်အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ခေတ္တ စခန်းမှုုးရဲအုပ်မြတ်မင်းသူ ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ပါသည်။

ကားလမ်း၏ အနောက်ဘက်ခြမ်းမှ အရှေ့ဘက်သို့ လမ်းဖြတ်ကူးနေသူ အေးဝင်း(၄၅)နှစ် (ဘ)ဦးညို ကြီး ဇလုပ်ကြီးကျေးရွာနေသူအား ယာဉ်မောင်းဘိုဘိုစိုး(ဘ)ဦးစိုးမြင့် အောင်တော်မူလမ်း မြေနီကုန်း စမ်းချောင်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီးနေသူ မောင်းနှင်းလာသော ဒိုင်နာ(ကိုယ်ထည်မပါ / နံပါတ်ပြားမပါ လိုင်စင်စိစစ်ဆဲ) အဖြူရောင်ယာဉ်မှ အရှိန်မထိန်းနိုင်ပဲ ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

အေးဝင်းမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ရပြီး သေဆုံးသူတွင် ဝဲခြေကျင်းဝတ်ပေါက်ပြဲ ဝဲဒူးအောက် ခြေသလုံးကြွက်သား ပေါက်ပြဲ နှာခေါင်းပေါက်ပြဲ နားသွေးထွက်ဒဏ်ရာများ ရရှိခဲ့ပြီး ယာဉ်မှာရှေ့လေကာမှန်ကွဲ ဝိုင်ဖိုင်ကျိုး ဦးခေါင်းပိန်ချိုင့်ပျက်ဆီးခဲ့ရပြီး ဖြစ်စဉ်နှင့်ပါတ်သက်၍ နယ်မြေရဲစခန်းမှ ယာဉ်(ပ)၂၂/၂၀၁၆ရာဇသတ်ကြီး ပုဒ်မ၃၀၄-ကဖြင့် အမှုဖွင့်လှစ်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:S.H-MEDIA GROUP
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top