Kantharyar Centre
×

အာဆင္နယ္အသင္းမွ ေ၀းလ္စ္ကြင္းလယ္လူ ရမ္ေဆး တံေကာက္ေၾကာဒဏ္ရာမွ မသက္သာေသးသျဖင့္ ယေန႔ည ဟူးလ္စီးတီးႏွင့္ပြဲမပါ၀င္ဘဲ ဂုိးသမား ပီတာဆက္ခ်္အသင္းတြင္ ပါ၀င္မည္ဟု အာဆင္နယ္နည္း ျပ အာစင္၀င္းဂါးက အတည္ျပဳ လုိက္သည္။ ၀ဲလ္ေကာ့လည္း ယင္းပြဲ၌ ပါ၀င္လာႏုိင္သည္။

ရမ္ေဆးသည္ ဟူးလ္စီးတီး ႏွင့္ပြဲတြင္ ျပန္ကစားႏုိင္မည္ဟု ေမွ်ာ္လင့္ခဲ့ေသာ္လည္း ကြင္း လယ္လူ၏ ဒဏ္ရာကုိ သတိထား ေနရသည္ဟု ၀င္းဂါးက ထုတ္ ေဖာ္ေျပာသည္။ ၿပီးခဲ့သည့္လက လီဗာပူးကုိ ႐ႈံးခဲ့ေသာ အဖြင့္ပြဲစဥ္ တြင္ တံေကာက္ေၾကာဒဏ္ရာရ ၿပီးခ်ိန္မွစ၍ ရမ္ေဆး (၂၅) ႏွစ္ သည္ ေဆးကုသမႈခံယူေနရ သည္။

‘‘သူ႔ဒဏ္ရာကုိ ထပ္ထိမွာ မ်ိဳး မလုိခ်င္တဲ့အတြက္ ကြၽန္ ေတာ္တုိ႔ သတိထားေနရပါတယ္’’ ဟု ၀င္းဂါးက ေျပာသည္။

လီဗာပူးႏွင့္ပြဲတြင္ ရမ္ေဆး ၏ ႀကံ႕ခိုင္မႈ အဆင္သင့္မျဖစ္ ေသးသည္ကုိ သိရိွေသာ္လည္း ပါ၀င္ကစားခိုင္းခဲ့သည္ဟု ၀င္းဂါး က ၀န္ခံခဲ့သည္။ ထိုစဥ္ကပင္ ေ၀းလ္စ္နည္းျပ ကိုးလ္မန္းက ၀င္းဂါးအား ေ၀ဖန္ခဲ့သည္။

အဂၤါေန႔က ပီအက္စ္ဂ်ီႏွင့္ ခ်န္ပီယံလိဂ္ပြဲတြင္ ခ်န္လွပ္ခံခဲ့ရ ေသာ ပီတာဆက္ခ်္သည္ ဟူးလ္စီးတီးႏွင့္ပြဲ၌ ျပန္လည္ပါ၀င္လာ မည္ဟု အာဆင္နယ္နည္းျပက အတည္ျပဳသည္။ ယေန႔ညပြဲတြင္ ဆက္ခ်္ျပန္ပါလာမည္ျဖစ္ေသာ္ လည္း အဂၤါေန႔က အနည္းငယ္ ထိခိုက္မိခဲ့ေသာ ဂ်ီေရာ့ဒ္ကစား ႏုိင္မည္လားဆုိသည္ကုိ ေစာင့္ ၾကည့္ရဦးမည္ဟု ၀င္းဂါးက ဆုိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

အာဆင်နယ်အသင်းမှ ဝေးလ်စ်ကွင်းလယ်လူ ရမ်ဆေး တံကောက်ကြောဒဏ်ရာမှ မသက်သာသေးသဖြင့် ယနေ့ည ဟူးလ်စီးတီးနှင့်ပွဲမပါဝင်ဘဲ ဂိုးသမား ပီတာဆက်ချ်အသင်းတွင် ပါဝင်မည်ဟု အာဆင်နယ်နည်း ပြ အာစင်ဝင်းဂါးက အတည်ပြု လိုက်သည်။ ဝဲလ်ကော့လည်း ယင်းပွဲ၌ ပါဝင်လာနိုင်သည်။

ရမ်ဆေးသည် ဟူးလ်စီးတီး နှင့်ပွဲတွင် ပြန်ကစားနိုင်မည်ဟု မျှော်လင့်ခဲ့သော်လည်း ကွင်း လယ်လူ၏ ဒဏ်ရာကို သတိထား နေရသည်ဟု ဝင်းဂါးက ထုတ် ဖော်ပြောသည်။ ပြီးခဲ့သည့်လက လီဗာပူးကို ရှုံးခဲ့သော အဖွင့်ပွဲစဉ် တွင် တံကောက်ကြောဒဏ်ရာရ ပြီးချိန်မှစ၍ ရမ်ဆေး (၂၅) နှစ် သည် ဆေးကုသမှုခံယူနေရ သည်။

‘‘သူ့ဒဏ်ရာကို ထပ်ထိမှာ မျိုး မလိုချင်တဲ့အတွက် ကျွန် တော်တို့ သတိထားနေရပါတယ်’’ ဟု ဝင်းဂါးက ပြောသည်။

လီဗာပူးနှင့်ပွဲတွင် ရမ်ဆေး ၏ ကြံ့ခိုင်မှု အဆင်သင့်မဖြစ် သေးသည်ကို သိရှိသော်လည်း ပါဝင်ကစားခိုင်းခဲ့သည်ဟု ဝင်းဂါး က ဝန်ခံခဲ့သည်။ ထိုစဉ်ကပင် ဝေးလ်စ်နည်းပြ ကိုးလ်မန်းက ဝင်းဂါးအား ဝေဖန်ခဲ့သည်။

အင်္ဂါနေ့က ပီအက်စ်ဂျီနှင့် ချန်ပီယံလိဂ်ပွဲတွင် ချန်လှပ်ခံခဲ့ရ သော ပီတာဆက်ချ်သည် ဟူးလ်စီးတီးနှင့်ပွဲ၌ ပြန်လည်ပါဝင်လာ မည်ဟု အာဆင်နယ်နည်းပြက အတည်ပြုသည်။ ယနေ့ညပွဲတွင် ဆက်ချ်ပြန်ပါလာမည်ဖြစ်သော် လည်း အင်္ဂါနေ့က အနည်းငယ် ထိခိုက်မိခဲ့သော ဂျီရော့ဒ်ကစား နိုင်မည်လားဆိုသည်ကို စောင့် ကြည့်ရဦးမည်ဟု ဝင်းဂါးက ဆိုသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top