Property Expo
×

ကမၻာ့ေရနံစိမ္းေစ်းႏွင့္ ႏိုင္ငံတကာေငြလဲေစ်းျမင့္တက္ လာျခင္းေၾကာင့္ ျပည္တြင္းစက္ သံုးဆီေစ်းမွာ ရက္ပိုင္းအတြင္း တစ္ေက်ာ့ျပန္  ျမင့္တက္လာ ေၾကာင္း သတင္းရရွိသည္။

ကမၻာ့ေရနံစိမ္း ေစ်းမွာ စက္ တင္ဘာကစ၍ တျဖည္းျဖည္း တက္လာရာ တစ္စည္လွ်င္ ၅၄ ေဒၚလာသို႔ ေရာက္ရွိလာခဲ့၍ ေဒၚလာ ၅၀ ေအာက္တြင္ တစ္ႏွစ္ေက်ာ္ၾကာ ရွိေနရာမွ ျပန္လည္ျမင့္တက္လာျခင္းျဖစ္သည္။

 ကမၻာ့ေရနံစိမ္းေစ်းသည္ ၂၀၁၅ စက္တင္ဘာ လကုန္က တစ္စည္လွ်င္ ၄၃ ေဒၚလာျဖင့္ အေရာင္းအဝယ္ ျဖစ္ေနၿပီး ယခု ႏွစ္ စက္တင္ဘာ မတိုင္မီအထိ ေဒၚလာ ၅၀ ေအာက္တြင္ ရွိေနခဲ့ ေၾကာင္း သိရသည္။

ႏိုင္ငံျခားေငြလဲႏႈန္းမွာလည္း ယခုလဆန္းက ဗဟိုဘဏ္ရည္ ၫႊန္းႏႈန္း အေမရိကန္တစ္ေဒၚ လာလွ်င္ ၁,၂၀၈ က်ပ္မွ စက္တင္ ဘာ ၂၄ ရက္တြင္ ၁,၂၃၂ က်ပ္ အထိ ျမင့္တက္လာသည္။

ေရနံစိမ္းေစ်းႏွင့္ ေငြလဲေစ်း ျမင့္တက္လာျခင္းႏွင့္ ဆက္စပ္၍ ျပည္တြင္း စက္သံုးဆီ ေစ်းႏႈန္းမ်ားပါ လႈပ္ခတ္လာသည္ဟု စက္ သံုးဆီေရာင္းဝယ္ေရးလုပ္ငန္း မ်ားက ဆုိသည္။

ျပည္တြင္း စက္သုံးဆီေစ်း ကြက္တြင္ စက္တင္ဘာက ဒီဇယ္တစ္လီတာ က်ပ္ ၅၃၀ ခန္႔၊ အဆင့္ျမင့္ဒီဇယ္တစ္လီတာ ၅၅၀ ခန္႔၊ ေအာက္တိန္း-92 တစ္လီတာ က်ပ္ ၅၁၀ ခန္႔၊ ေအာက္တိန္း-95 တစ္လီတာ က်ပ္ ၆၀၀ ခန္႔ရွိခဲ့ရာမွ စက္တင္ဘာ ၂၄ ရက္တြင္ ဒီဇယ္တစ္လီတာ က်ပ္ ၅၇၀ ခန္႔၊ အဆင့္ျမင့္ဒီဇယ္တစ္လီတာ က်ပ္ ၆၀၀ ခန္႔၊ ေအာက္တိန္း-92 တစ္လီတာ က်ပ္ ၅၇၀ ခန္႔ႏွင့္ ေအာက္တိန္း- 95 တစ္လီတာ က်ပ္ ၆၄၀ ခန္႔သို႔ ေစ်းႏႈန္း ေျပာင္းလဲလာခဲ့သည္။

‘‘ကမၻာ့ေရနံစိမ္းေစ်းနဲ႔ ေငြ လဲေစ်းေတြ ထပ္တက္ရင္ေတာ့ ျပည္တြင္း စက္သံုးဆီေစ်းက အေျပာင္းအလဲ  ထပ္ရွိႏိုင္ေသး တယ္။ အခုအခ်ိန္ကေတာ့ ဘယ္ ေလာက္  ေျပာင္းလဲမႈ ရွိမလဲဆို တာ ခန္႔မွန္းဖို႔ခက္ေနေသးတယ္’’ ဟု စက္သံုးဆီေစ်းကြက္ ကြၽမ္း က်င္သူ တစ္ဦးက မွတ္ခ်က္ျပဳ သည္။

၂၀၁၅ စက္တင္ဘာလကုန္ က ျပည္တြင္း  ေစ်းကြက္တြင္ ေအာက္တိန္း-92 တစ္လီတာ က်ပ္ ၇၀၀ ခန္႔၊ ေအာက္တိန္း-95 တစ္လီတာ က်ပ္၈၀၀ ခန္႔၊ ဒီဇယ္ တစ္လီတာ က်ပ္ ၆၆၀ ခန္႔ႏွင့္ အဆင့္ျမင့္ဒီဇယ္တစ္လီတာ က်ပ္ ၇၀၀ ခန္႔ ရွိခဲ့ရာ ယခုတက္လာသည့္ စက္သံုးဆီေစ်းမွာ သက္သာေနေသးသည္ဟု စက္သံုးဆီေရာင္းဝယ္ေရး လုပ္ငန္းမ်ားက ဆိုသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily


#Unicode Version

ကမ္ဘာ့ရေနံစိမ်းဈေးနှင့် နိုင်ငံတကာငွေလဲဈေးမြင့်တက် လာခြင်းကြောင့် ပြည်တွင်းစက် သုံးဆီဈေးမှာ ရက်ပိုင်းအတွင်း တစ်ကျော့ပြန်  မြင့်တက်လာ ကြောင်း သတင်းရရှိသည်။

ကမ္ဘာ့ရေနံစိမ်း ဈေးမှာ စက် တင်ဘာကစ၍ တဖြည်းဖြည်း တက်လာရာ တစ်စည်လျှင် ၅၄ ဒေါ်လာသို့ ရောက်ရှိလာခဲ့၍ ဒေါ်လာ ၅၀ အောက်တွင် တစ်နှစ်ကျော်ကြာ ရှိနေရာမှ ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။

 ကမ္ဘာ့ရေနံစိမ်းဈေးသည် ၂၀၁၅ စက်တင်ဘာ လကုန်က တစ်စည်လျှင် ၄၃ ဒေါ်လာဖြင့် အရောင်းအဝယ် ဖြစ်နေပြီး ယခု နှစ် စက်တင်ဘာ မတိုင်မီအထိ ဒေါ်လာ ၅၀ အောက်တွင် ရှိနေခဲ့ ကြောင်း သိရသည်။

နိုင်ငံခြားငွေလဲနှုန်းမှာလည်း ယခုလဆန်းက ဗဟိုဘဏ်ရည် ညွှန်းနှုန်း အမေရိကန်တစ်ဒေါ် လာလျှင် ၁,၂၀၈ ကျပ်မှ စက်တင် ဘာ ၂၄ ရက်တွင် ၁,၂၃၂ ကျပ် အထိ မြင့်တက်လာသည်။

ရေနံစိမ်းဈေးနှင့် ငွေလဲဈေး မြင့်တက်လာခြင်းနှင့် ဆက်စပ်၍ ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းများပါ လှုပ်ခတ်လာသည်ဟု စက် သုံးဆီရောင်းဝယ်ရေးလုပ်ငန်း များက ဆိုသည်။

ပြည်တွင်း စက်သုံးဆီဈေး ကွက်တွင် စက်တင်ဘာက ဒီဇယ်တစ်လီတာ ကျပ် ၅၃၀ ခန့်၊ အဆင့်မြင့်ဒီဇယ်တစ်လီတာ ၅၅၀ ခန့်၊ အောက်တိန်း-92 တစ်လီတာ ကျပ် ၅၁၀ ခန့်၊ အောက်တိန်း-95 တစ်လီတာ ကျပ် ၆၀၀ ခန့်ရှိခဲ့ရာမှ စက်တင်ဘာ ၂၄ ရက်တွင် ဒီဇယ်တစ်လီတာ ကျပ် ၅၇၀ ခန့်၊ အဆင့်မြင့်ဒီဇယ်တစ်လီတာ ကျပ် ၆၀၀ ခန့်၊ အောက်တိန်း-92 တစ်လီတာ ကျပ် ၅၇၀ ခန့်နှင့် အောက်တိန်း- 95 တစ်လီတာ ကျပ် ၆၄၀ ခန့်သို့ ဈေးနှုန်း ပြောင်းလဲလာခဲ့သည်။

‘‘ကမ္ဘာ့ရေနံစိမ်းဈေးနဲ့ ငွေ လဲဈေးတွေ ထပ်တက်ရင်တော့ ပြည်တွင်း စက်သုံးဆီဈေးက အပြောင်းအလဲ  ထပ်ရှိနိုင်သေး တယ်။ အခုအချိန်ကတော့ ဘယ် လောက်  ပြောင်းလဲမှု ရှိမလဲဆို တာ ခန့်မှန်းဖို့ခက်နေသေးတယ်’’ ဟု စက်သုံးဆီဈေးကွက် ကျွမ်း ကျင်သူ တစ်ဦးက မှတ်ချက်ပြု သည်။

၂၀၁၅ စက်တင်ဘာလကုန် က ပြည်တွင်း  ဈေးကွက်တွင် အောက်တိန်း-92 တစ်လီတာ ကျပ် ၇၀၀ ခန့်၊ အောက်တိန်း-95 တစ်လီတာ ကျပ်၈၀၀ ခန့်၊ ဒီဇယ် တစ်လီတာ ကျပ် ၆၆၀ ခန့်နှင့် အဆင့်မြင့်ဒီဇယ်တစ်လီတာ ကျပ် ၇၀၀ ခန့် ရှိခဲ့ရာ ယခုတက်လာသည့် စက်သုံးဆီဈေးမှာ သက်သာနေသေးသည်ဟု စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းများက ဆိုသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top