Kantharyar Centre
×




Credit : Duwun

#Unicode Version

စက်တင်ဘာလ ၁၇ ရက်နေ့က မောင်တောခရိုင် ရဲတပ်ဖွဲ့မှူးရုံးနဲ့ မူးယစ်တပ်ဖွဲ့စု (၄၆)က မောင်တော့မြို့၊ ဘူးသီးတောင်-မောင်တော ကားလမ်းမပေါ်က ကျောက်ခွဲစက်ဝင်းထဲမှာ စိတ်ကြွဆေးပြား ခုနစ်သိန်းနီးပါး ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဒီလိုဝင်ရောက်ရှာဖွေခဲ့ရာမှာ ညီချစ်ဆိုသူရဲ့ ခြံဝင်းထဲက သဲတွေတင်ထားတဲ့ကားကို မသင်္ကာလို့ သဲတွေကိုသွန်ချစစ်ဆေးခဲ့ရာမှာ သဲတွေအောက်မှာဝှက်ထားတဲ့ ပီနံအိတ်သုံးအိတ်ထဲကနေ စိတ်ကြွရူးသွပ်ဆေးပြား ၆ ဒသမ ၈၂၅ သိန်းကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဒီစိတ်ကြွဆေးပြားတွေနဲ့ ပတ်သတ်ပြီး ခြံပိုင်ရှင်ညီချစ်နဲ့အတူတွေ့ခဲ့ရတဲ့ ရှောင်ရှုဇူဟာရ်နဲ့ မိုးဇော်ဦးတို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ စစ်ဆေးအရေးယူနေတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top