Kantharyar Centre
×

ကၽြန္ေတာ္တို႔ သိထားခဲ့တာက မတ္မတ္ထုိင္ၿပီး အလုပ္လုပ္တာက က်န္းမာေရးကို အေထာက္အကူျပဳတယ္လို႔ သိခဲ့တာပါ။ ဒါေပမယ့္ ေနာက္ဆံုးေလ့လာခ်က္ေတြအရလည္း မတ္မတ္မထုိင္ဘဲ ေပ်ာ့ေပ်ာ့ေခြေခြေနတာက အလုပ္လုပ္ႏႈန္းပိုျမန္ေစၿပီး  ကၽြန္ေတာ္တို႔ ေမွ်ာ္လင့္မထားတဲ့ တစ္ျခားေသာ ေကာင္းက်ိဳးေတြလည္း ရွိေနေသးတာကို ေနာက္ဆံုး ေလ့လာမႈေတြက သက္ေသျပလိုက္ၿပီျဖစ္ပါတယ္။

မတ္မတ္ထုိင္ၿပီး အလုပ္လုပ္တာက ကၽြန္ေတာ္တို႔ရဲ႕ ခႏၵာကိုယ္တြင္းက အဂၤါေတြအတြက္ ေကာင္းက်ိဳးမ်ားေစၿပီး ေက်ာရုိးတစ္ေလွ်ာက္နဲ႔ ခါးရိုးေတြကို ၾကံ့ခိုင္သန္စြမ္းေစတယ္လို႔ ယခင္ေလ့လာမႈေတြ အရ သိရွိခဲ့ရပါတယ္။ အခုဆုိရင္ေတာ့ ေပ်ာ့ေခြေနၿပီး အလုပ္လုပ္ခ်ိန္မွာ ျဖစ္ေပၚလာတဲ့ အက်ိဳးဆက္ေတြကိုလည္း သူတို႔က ေလ့လာခဲ့ၾကပါတယ္။

လူေတြဟာ ေပ်ာ့ေခြေနတဲ့ အခ်ိန္မွာ ကိုယ္လုပ္ေနတဲ့ အလုပ္ေပၚကို အာရံုပိုစိုက္ႏုိင္ၿပီး ျပႆနာေတြကို ေျဖရွင္းဖို႔အတြက္လည္း အေကာင္းဆံုး စဥ္းစားေတြးေခၚႏုိင္ၾကတယ္လို႔ သိရပါတယ္။ အာရံုစူးစိုက္မႈပိုေကာင္းေနတာေၾကာင့္ ျဖစ္ေပၚလာတဲ့ အေၾကာင္းအရာေတြေပၚမူတည္ၿပီးေတာ့လည္း ျဖတ္ထုိးဥာဏ္ေကာင္းေကာင္းနဲ႔ ေျဖရွင္းႏုိင္တာကို
 ေတြ႕ခဲ့ရတယ္လုိ႔ သိရပါတယ္။

ေလ့လာမႈေတြကိုေတာ့ ေက်ာင္းသားေတြၾကားမွာ ျပဳလုပ္ခဲ့တာပါ။ ေက်ာင္းသားေတြကို
 ေတာင့္ေတာင့္တင္းတင္းမေနခိုင္းဘဲ ၾကြက္သားေတြကို ေျဖေလွ်ာ့ခိုင္းထားၿပီး ပ်င္းရိပ်င္းတြဲ ပံုစံမ်ိဳး ေရာက္ရွိေအာင္ ေစာင့္ၾကည့္ခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာ ခက္ခဲတဲ့ သခ်ၤာပုစၦာေတြကို ေျဖရွင္းခုိင္းခဲ့ၿပီး ေက်ာင္းသားေတြကေတာ့ အခက္အခဲမရွိ ေျဖရွင္းႏုိင္ခဲ့ပါတယ္။

ဒီလိုမ်ိဳး ျဖစ္ပြားလာရတာဟာ တိုက္ဆုိင္မႈမဟုတ္ဘူးလုိ႔ ပညာရွင္ေတြက ယံုၾကည္ထားၿပီး ေစာင့္ၾကည့္ခဲ့ၾကပါတယ္။

လူေတြဟာ ၾကြက္သားေတြကို ေျဖေလွ်ာ့ထားၿပီး အလုပ္လုပ္ေနခ်ိန္မွာေတာ့ ဦးေႏွာက္ရဲ႕ အလုပ္ႏႈန္းက ပိုမိုတိုးတက္လာခဲ့တာကို ေတြ႕ရပါတယ္။ ဒါ့ေၾကာင့္ ေပ်ာ့ေခြၿပီးေနတာက ျဖတ္ထုိးဥာဏ္ပိုေကာင္းလာၿပီး စြမ္းေဆာင္ရည္ ပိုေကာင္းလာတာကိုေတြ႕ရတယ္လို႔ ပညာရွင္ေတြက ေျပာပါတယ္။

ဒီလုိ ေလ့လာမႈေတြကေတာ့ ရူးေၾကာင္ေၾကာင္ႏုိင္တယ္ဆိုေပမယ့္လည္း သူတို႔ကေတာ့ အဆုိးဘက္က အေကာင္းေတြသိရဖို႔အတြက္ ဆက္လက္ေလ့လာသြားမယ္လုိ႔ ဆုိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : thithtoolwin

#Unicode Verison

ကျွန်တော်တို့ သိထားခဲ့တာက မတ်မတ်ထိုင်ပြီး အလုပ်လုပ်တာက ကျန်းမာရေးကို အထောက်အကူပြုတယ်လို့ သိခဲ့တာပါ။ ဒါပေမယ့် နောက်ဆုံးလေ့လာချက်တွေအရလည်း မတ်မတ်မထိုင်ဘဲ ပျော့ပျော့ခွေခွေနေတာက အလုပ်လုပ်နှုန်းပိုမြန်စေပြီး  ကျွန်တော်တို့ မျှော်လင့်မထားတဲ့ တစ်ခြားသော ကောင်းကျိုးတွေလည်း ရှိနေသေးတာကို နောက်ဆုံး လေ့လာမှုတွေက သက်သေပြလိုက်ပြီဖြစ်ပါတယ်။

မတ်မတ်ထိုင်ပြီး အလုပ်လုပ်တာက ကျွန်တော်တို့ရဲ့ ခန္ဒာကိုယ်တွင်းက အင်္ဂါတွေအတွက် ကောင်းကျိုးများစေပြီး ကျောရိုးတစ်လျှောက်နဲ့ ခါးရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေတယ်လို့ ယခင်လေ့လာမှုတွေ အရ သိရှိခဲ့ရပါတယ်။ အခုဆိုရင်တော့ ပျော့ခွေနေပြီး အလုပ်လုပ်ချိန်မှာ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကိုလည်း သူတို့က လေ့လာခဲ့ကြပါတယ်။

လူတွေဟာ ပျော့ခွေနေတဲ့ အချိန်မှာ ကိုယ်လုပ်နေတဲ့ အလုပ်ပေါ်ကို အာရုံပိုစိုက်နိုင်ပြီး ပြဿနာတွေကို ဖြေရှင်းဖို့အတွက်လည်း အကောင်းဆုံး စဉ်းစားတွေးခေါ်နိုင်ကြတယ်လို့ သိရပါတယ်။ အာရုံစူးစိုက်မှုပိုကောင်းနေတာကြောင့် ဖြစ်ပေါ်လာတဲ့ အကြောင်းအရာတွေပေါ်မူတည်ပြီးတော့လည်း ဖြတ်ထိုးဉာဏ်ကောင်းကောင်းနဲ့ ဖြေရှင်းနိုင်တာကို
 တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

လေ့လာမှုတွေကိုတော့ ကျောင်းသားတွေကြားမှာ ပြုလုပ်ခဲ့တာပါ။ ကျောင်းသားတွေကို
 တောင့်တောင့်တင်းတင်းမနေခိုင်းဘဲ ကြွက်သားတွေကို ဖြေလျှော့ခိုင်းထားပြီး ပျင်းရိပျင်းတွဲ ပုံစံမျိုး ရောက်ရှိအောင် စောင့်ကြည့်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ခက်ခဲတဲ့ သချၤာပုစ္ဆာတွေကို ဖြေရှင်းခိုင်းခဲ့ပြီး ကျောင်းသားတွေကတော့ အခက်အခဲမရှိ ဖြေရှင်းနိုင်ခဲ့ပါတယ်။

ဒီလိုမျိုး ဖြစ်ပွားလာရတာဟာ တိုက်ဆိုင်မှုမဟုတ်ဘူးလို့ ပညာရှင်တွေက ယုံကြည်ထားပြီး စောင့်ကြည့်ခဲ့ကြပါတယ်။

လူတွေဟာ ကြွက်သားတွေကို ဖြေလျှော့ထားပြီး အလုပ်လုပ်နေချိန်မှာတော့ ဦးနှောက်ရဲ့ အလုပ်နှုန်းက ပိုမိုတိုးတက်လာခဲ့တာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ပျော့ခွေပြီးနေတာက ဖြတ်ထိုးဉာဏ်ပိုကောင်းလာပြီး စွမ်းဆောင်ရည် ပိုကောင်းလာတာကိုတွေ့ရတယ်လို့ ပညာရှင်တွေက ပြောပါတယ်။

ဒီလို လေ့လာမှုတွေကတော့ ရူးကြောင်ကြောင်နိုင်တယ်ဆိုပေမယ့်လည်း သူတို့ကတော့ အဆိုးဘက်က အကောင်းတွေသိရဖို့အတွက် ဆက်လက်လေ့လာသွားမယ်လို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : thithtoolwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top