Kantharyar Centre
×

 ငလ်င္ဒဏ္သင့္ ပုဂံ ေဒသသို႔ လာေရာက္လည္ပတ္ သည့္ ကမၻာလွည့္ခရီးသြားမ်ား ဘုရားေပၚတက္၍ ေနဝင္ခ်ိန္ ၾကည့္ရန္ ေကာင္းမြန္ေသာ ေရႊဆံ ေတာ္၊ ျပႆဒ္ႀကီးႏွင့္ ေတာင္ဂူ နီ စသည့္ဘုရားသံုးဆူကို ျပန္ဖြင့္ ေပးလိုက္ေၾကာင္း ပုဂံေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ ဦးစီးဌာန ၫႊန္ၾကားေရးမွဴး ဦးေအာင္ေအာင္ေက်ာ္က ေျပာသည္။

‘‘ေရႊဆံေတာ္၊ ျပႆဒ္ႀကီး နဲ႔ ေတာင္ဂူနီ အဲဒီဘုရားသံုးဆူကို ျပန္ဖြင့္ေပးလိုက္ပါၿပီ။ ငလ်င္ဒဏ္ခံခဲ့ရေပမယ့္ ၾကည့္လုိ႔ရတဲ့ အေန အထားေလးမွာရွိလို႔ ျပန္ဖြင့္ေပးခဲ့ တာပါ။ သို႔ေသာ္လည္း ငလ်င္ ဒဏ္ခံထားရတာဆုိေတာ့ ၾကည့္ တဲ့သူေတြအေနနဲ႔ေတာ့ သတိဝီရိ ယေလးထားတက္ဖို႔ေတာ့ လုိတာ ေပါ့’’ဟု ၫႊန္ၾကားေရးမွဴး ဦးေအာင္ေအာင္ေက်ာ္က ေျပာသည္။

ပုဂံတြင္ ဘုရားေပၚတက္ၿပီး ေနဝင္ခ်ိန္ၾကည့္႐ႈႏုိင္ေသာ ေရႊဆံ ေတာ္၊ ျပႆဒ္ႀကီး၊ ေတာင္ဂူနီ၊ ေျမာက္ဂူနီႏွင့္ သစၥာဝတီစသည့္ ေစတီပုထိုးမ်ားသည္ ငလ်င္ဒဏ္ ခံခဲ့ရ၍ မူလက ေခတၱပိတ္ထားခဲ့ ၿပီး စက္တင္ဘာ ၈ ရက္မွစ၍ ယင္းတို႔အနက္ ေရႊဆံေတာ္၊ ျပႆဒ္ႀကီးႏွင့္ ေတာင္ဂူနီဘုရားတုိ႔ကို ျပန္ဖြင့္ေပးခဲ့ျခင္းျဖစ္သည္။


 ငလ်င္ဒဏ္ခံစားခဲ့ရသည့္ ပုဂံေဒသရွိ ေစတီပုထိုးမ်ား စစ္ ေဆးရန္ လုိအပ္ေသာေၾကာင့္ ဘုရားေပၚတက္၍ ေနဝင္ခ်ိန္ မၾကည့္သင့္ေသးေၾကာင္း ယူနက္စကိုမွ ပညာရွင္ မစၥတာကိုင္းဝိႈက္ဇ္က အႀကံျပဳေျပာၾကားထားသည္။

လက္ရွိတြင္ ေခမဂၤအုတ္ ေက်ာင္း၊ ေရႊနန္းရင္ေတာ္၊ အိုး ဖုတ္ကုန္း၊ အိုးထိန္ေတာင္၊ ထီးလိုမင္းလို အုတ္ေက်ာင္း စသည့္ ေစတီပုထိုးမ်ားေပၚသို႔လည္း ေန ဝင္ခ်ိန္ကို တက္ေရာက္ၾကည့္႐ႈ၍ ရေၾကာင္း သတင္းရရွိသည္။

‘‘အရင္လာေနက် ဧည့္သည္ ေတြက ဟုိဘုရားပိတ္ထား သလား၊ ဒီဘုရားပိတ္ထားသလား ဆုိၿပီး လွမ္းေမးတာေတြရွိတယ္။ ဘုရားေတြကို ပိတ္သင့္တာလည္း ပိတ္ေပါ့။ ဖြင့္လို႔ရတဲ့ဟာေတြ လည္း အျမန္ျပန္ဖြင့္ေပးရမယ္။ သူတုိ႔က ပုဂံကိုလာရင္ ဘုရားေပၚတက္ၿပီး ေနဝင္ခ်ိန္ၾကည့္ခ်င္ၾက တာေလ’’ဟု ပုဂံေဒသမွ ဧည့္လမ္းၫႊန္ ဦးေဇာ္ဝင္းခ်ိဳက ေျပာသည္။

၂၀၁၅ အတြင္း ပုဂံေဒသုိ႔ ကမၻာလွည့္ခရီးသည္ ႏွစ္သိန္းေျခာက္ေသာင္း လာေရာက္ခဲ့ သည္။ အဆုိပါအေရအတြက္ သည္ တစ္ႏွစ္အတြင္း ျမန္မာႏုိင္ငံ သို႔ လာေရာက္လည္ပတ္သည့္ ခရီးသြားစုစုေပါင္း၏ ၁၀ ပံုတစ္ပံု ခန္႔ျဖစ္သည္။ ထိုပမာဏကို အခ်ိဳးခ်ၾကည့္ပါက ကမၻာလွည့္ခရီး သည္ ၁၀ ဦးလာတုိင္း ႏွစ္ဦးမွာ ပုဂံသို႔ သြားေရာက္ျခင္းျဖစ္သည္။

လက္ရွိတြင္ ပုဂံေဒသသို႔ တစ္ရက္လွ်င္ ကမၻာလွည့္ခရီး သြား ၃၀၀ ခန္႔ လာေရာက္လည္ ပတ္ေနေၾကာင္း သတင္းရရွိသည္။

လက္ရိွတြင္ ပုဂံဘုရားမ်ား ေပၚသို႔ တက္ေရာက္ကာ ေနဝင္ ခ်ိန္ၾကည့္႐ႈေနျခင္းကို ေလွ်ာ့ခ်ႏုိင္ ရန္ အေနာက္ဖြားေစာအနီးရွိ ကိုေမာက္ေရကန္၏ ကန္ေဘာင္ အား ေတာင္ကုန္းတစ္ခုအေနျဖင့္ ျမႇင့္တင္ကာ ေနဝင္ခ်ိန္ၾကည့္႐ႈႏုိင္ မည့္ ေနရာတစ္ခုအျဖစ္ တည္ ေဆာက္ေပးရန္ ဂ်ပန္အျပည္ျပည္ဆုိင္ရာ ဖြံ႕ၿဖိဳးေရးေအဂ်င္စီ JICA က စီစဥ္လ်က္ရွိေၾကာင္း သတင္း ရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily
Unicode Version

 ငလျင်ဒဏ်သင့် ပုဂံ ဒေသသို့ လာရောက်လည်ပတ် သည့် ကမ္ဘာလှည့်ခရီးသွားများ ဘုရားပေါ်တက်၍ နေဝင်ချိန် ကြည့်ရန် ကောင်းမွန်သော ရွှေဆံ တော်၊ ပြဿဒ်ကြီးနှင့် တောင်ဂူ နီ စသည့်ဘုရားသုံးဆူကို ပြန်ဖွင့် ပေးလိုက်ကြောင်း ပုဂံရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောသည်။

‘‘ရွှေဆံတော်၊ ပြဿဒ်ကြီး နဲ့ တောင်ဂူနီ အဲဒီဘုရားသုံးဆူကို ပြန်ဖွင့်ပေးလိုက်ပါပြီ။ ငလျင်ဒဏ်ခံခဲ့ရပေမယ့် ကြည့်လို့ရတဲ့ အနေ အထားလေးမှာရှိလို့ ပြန်ဖွင့်ပေးခဲ့ တာပါ။ သို့သော်လည်း ငလျင် ဒဏ်ခံထားရတာဆိုတော့ ကြည့် တဲ့သူတွေအနေနဲ့တော့ သတိဝီရိ ယလေးထားတက်ဖို့တော့ လိုတာ ပေါ့’’ဟု ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောသည်။

ပုဂံတွင် ဘုရားပေါ်တက်ပြီး နေဝင်ချိန်ကြည့်ရှုနိုင်သော ရွှေဆံ တော်၊ ပြဿဒ်ကြီး၊ တောင်ဂူနီ၊ မြောက်ဂူနီနှင့် သစ္စာဝတီစသည့် စေတီပုထိုးများသည် ငလျင်ဒဏ် ခံခဲ့ရ၍ မူလက ခေတ္တပိတ်ထားခဲ့ ပြီး စက်တင်ဘာ ၈ ရက်မှစ၍ ယင်းတို့အနက် ရွှေဆံတော်၊ ပြဿဒ်ကြီးနှင့် တောင်ဂူနီဘုရားတို့ကို ပြန်ဖွင့်ပေးခဲ့ခြင်းဖြစ်သည်။


 ငလျင်ဒဏ်ခံစားခဲ့ရသည့် ပုဂံဒေသရှိ စေတီပုထိုးများ စစ် ဆေးရန် လိုအပ်သောကြောင့် ဘုရားပေါ်တက်၍ နေဝင်ချိန် မကြည့်သင့်သေးကြောင်း ယူနက်စကိုမှ ပညာရှင် မစ္စတာကိုင်းဝှိုက်ဇ်က အကြံပြုပြောကြားထားသည်။

လက်ရှိတွင် ခေမင်္ဂအုတ် ကျောင်း၊ ရွှေနန်းရင်တော်၊ အိုး ဖုတ်ကုန်း၊ အိုးထိန်တောင်၊ ထီးလိုမင်းလို အုတ်ကျောင်း စသည့် စေတီပုထိုးများပေါ်သို့လည်း နေ ဝင်ချိန်ကို တက်ရောက်ကြည့်ရှု၍ ရကြောင်း သတင်းရရှိသည်။

‘‘အရင်လာနေကျ ဧည့်သည် တွေက ဟိုဘုရားပိတ်ထား သလား၊ ဒီဘုရားပိတ်ထားသလား ဆိုပြီး လှမ်းမေးတာတွေရှိတယ်။ ဘုရားတွေကို ပိတ်သင့်တာလည်း ပိတ်ပေါ့။ ဖွင့်လို့ရတဲ့ဟာတွေ လည်း အမြန်ပြန်ဖွင့်ပေးရမယ်။ သူတို့က ပုဂံကိုလာရင် ဘုရားပေါ်တက်ပြီး နေဝင်ချိန်ကြည့်ချင်ကြ တာလေ’’ဟု ပုဂံဒေသမှ ဧည့်လမ်းညွှန် ဦးဇော်ဝင်းချိုက ပြောသည်။

၂၀၁၅ အတွင်း ပုဂံဒေသို့ ကမ္ဘာလှည့်ခရီးသည် နှစ်သိန်းခြောက်သောင်း လာရောက်ခဲ့ သည်။ အဆိုပါအရေအတွက် သည် တစ်နှစ်အတွင်း မြန်မာနိုင်ငံ သို့ လာရောက်လည်ပတ်သည့် ခရီးသွားစုစုပေါင်း၏ ၁၀ ပုံတစ်ပုံ ခန့်ဖြစ်သည်။ ထိုပမာဏကို အချိုးချကြည့်ပါက ကမ္ဘာလှည့်ခရီး သည် ၁၀ ဦးလာတိုင်း နှစ်ဦးမှာ ပုဂံသို့ သွားရောက်ခြင်းဖြစ်သည်။

လက်ရှိတွင် ပုဂံဒေသသို့ တစ်ရက်လျှင် ကမ္ဘာလှည့်ခရီး သွား ၃၀၀ ခန့် လာရောက်လည် ပတ်နေကြောင်း သတင်းရရှိသည်။

လက်ရှိတွင် ပုဂံဘုရားများ ပေါ်သို့ တက်ရောက်ကာ နေဝင် ချိန်ကြည့်ရှုနေခြင်းကို လျှော့ချနိုင် ရန် အနောက်ဖွားစောအနီးရှိ ကိုမောက်ရေကန်၏ ကန်ဘောင် အား တောင်ကုန်းတစ်ခုအနေဖြင့် မြှင့်တင်ကာ နေဝင်ချိန်ကြည့်ရှုနိုင် မည့် နေရာတစ်ခုအဖြစ် တည် ဆောက်ပေးရန် ဂျပန်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီ JICA က စီစဉ်လျက်ရှိကြောင်း သတင်း ရရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top