Property Expo
×



Credit:The Messager


#Unicode Version
စပိန်နိုင်ငံ မှာရှိတဲ့ အသက် ၉၁ နှစ်အရွယ် အဘိုး ဒန်မက် အမ်ဘရိုစီနဲ့ သူ့ရဲ့အဖော် အ သက် ၈၇ နှစ်အရွယ်ရှိ အဘွားအို လွိုင်းစီတို့ ဟာ သာမန်ထက် ၁၀ နှစ်လောက် ငယ်နေပြီး ကျန်းကျန်းမာမာနဲ့ နေထိုင် နေကြပါတယ်။ သူ တို့ စုံတွဲကို ကြည့်လိုက်ရင် အမြဲတမ်း တက်ကြွ နေပါတယ်။ သူတို့မှာ ကျန်းမာခြင်း ဆိုင်ရာ လျှို့ဝှက်ချက် တစ်ခု ရှိခဲ့ပါတယ်။
အဲဒါကတော့ သူတို့ဟာ ကိုယ့်ကျင်ငယ်ရည်ကို ကိုယ်ပြန် သောက်ခြင်း ဖြစ် ပါတယ်။ ကျင်ငယ်ရည်ဟာ ဆေးပညာအရ ကြည့်မယ် ဆိုရင် အလွန်ကောင်း မွန်ပြီး နေ့စဉ် သောက်သုံးပါက အသက်ရှည် အနာကင်းမဲ့ စေတယ်လို့ သိရပါတယ်။ အိန်္ဒိယ နဲ့ တရုတ်တို့မှာ ကျင်ငယ်ရည် ကုထုံး ဆိုပြီး ရောဂါ ဝေဒနာတွေကို ကျင်ငယ်ရည်နဲ့ ပျောက် ကင်းအောင် ကုသပေး လျက်ရှိပါတယ်။ ကျင် ငယ်ရည်ရဲ့ ၉၅ ရာခိုင်နှုန်းဟာ ရေတွေသာ ဖြစ်ကြပြီး ကျန်တဲ့ ၅ ရာ ခိုင်နှုန်းမှာတော့ အာ ဟာရဓာတ်တွေ ပါဝင်နေတယ် လို့သိရပါတယ်။ ကျင်ငယ်ရည်ဟာ ကျောက်ကပ် ကနေတစ် ဆင့် ဖြတ်သန်း စီးဆင်းတာမို့ အဆိပ်အ တောက်တွေကို ဖယ်ရှားပေး နိုင်တယ်လို့ ယူဆ ထားကြပါတယ်။

ဒါပေမဲ့ အနောက်တိုင်း ဆရာဝန် တွေကတော့ ကျင်ငယ်ရည်ကြောင့် ရောဂါပျေက်ကင်းနိုင်တယ်လို့ လုံလောက်တဲ့ အချက်အလက်နဲ့ သက်သေ မပြနိုင်ဘူးလို့ ဆိုထား ပါတယ်။ ဒါပေမဲ့ စပိန်နိုင်ငံက အဘိုး အိုနဲ့ အဘွားအိုဟာ ယခင်က အဆစ်အမြစ် ကိုက်ခဲတဲ့ ဝေဒနာတွေ ရှိခဲ့ပေမယ့် ကျင်ငယ် ရည်သောက်ပြီး နောက်ပိုင်း မှာတော့ များစွာ သက်သာသွား တယ်လို့ ဆိုပါတယ်။ သူတို့ဟာ မိတ်ဆွေဖြစ်သူရဲ့ အကြံပေးမှုနဲ့ အင်တာနက် မှာ ကျင်ငယ်ရည် ကုထုံးကို ဖတ်ရှုရင်း ဒီလို သောက်သုံးဖို့ အကြောင်းဖန် လာတာ ဖြစ် ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:The Messager
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top