Property Expo
×

႐ု႐ွားႏုိင္ငံမွ ဆယ္ေက်ာ္သက္ ေယာက္်ားေလးတစ္ဦးရဲ႕ အျဖစ္က ကံဆုိးၿပီး ကံေကာင္းခဲ့တယ္လုိ႕ ဆုိရမွာပါ။ အသက္ ၁၆ ႏွစ္အ႐ြယ္ ဆယ္ေက်ာ္သက္ေကာင္ေလးက ေကာင္မေလးအထင္ႀကီးၿပီး ေကာင္မေလးရဲ႕အခ်စ္ကိုရဖုိ႕ ႀကဳိးစားတဲ့အေနနဲ႕ သူ႕ရဲ႕ ၂၃ ထပ္က ေနအိမ္ခန္း ဝရန္တာလက္ရန္းေပၚကုိ တက္ျပခဲ့တာ ျဖစ္ပါတယ္။

ဒီလို တက္ျပခဲ့ရာက ေျခေခ်ာ္ၿပီး ေပ ၂၃၀ အျမင့္ကေန ေအာက္ကုိျပဳတ္က်ခဲ့ပါတယ္။ ဒါေပမဲ့ ကံေကာင္းခ်င္ေတာ့ တုိက္ခန္းတြဲေအာက္ ကားပါကင္မွာ ရပ္ထားတဲ့ တကၠစီတစ္စီးေပၚကုိ က်ခဲ့ၿပီး ေသဘးမွ လြတ္ေျမာက္ခဲ့ပါတယ္။

အဆုိပါ ဆယ္ေက်ာ္သက္ဟာ ဒဏ္ရာျပင္းထန္စြာ ရ႐ွိခဲ့ေပမဲ့ အသက္မေဘခဲ့ဘဲ အေျခအေန တည္ၿငိမ္ေနၿပီး အထူးၾကပ္မတ္ကုသမႈ ခံယူေနရတယ္လို႕ Siberian Times သတင္းက ေျပာပါတယ္။

ေကာင္မေလးအထင္ႀကီးေအာင္ ႀကဳိးစားခဲ့တဲ့ ဆယ္ေက်ာ္သက္ဟာ ဝမ္းဗိုက္ပုိင္း၊ အသည္း၊ အဆုတ္တုိ႕ ထိခုိက္ခဲ့ၿပီး လက္ေမာင္း႐ုိးက်ဳိးခဲ့တယ္လုိ႕ သိရပါတယ္။

ေဆး႐ုံေရာက္ေနတဲ့ ဆယ္ေက်ာ္သက္ေကာင္ေလးဟာ ေကာင္မေလးရဲ႕ အထင္ႀကီးမႈနဲ႕ အခ်စ္ကုိ ထုိက္တန္စြာရခဲ့သလား၊ ေကာင္မေလးက ေဆး႐ုံေရာက္သြားတဲ့ ဆယ္ေက်ာ္သက္ေကာင္ေလးရဲ႕ အနားမွာ ႐ွိေနသလားဆုိတာ အေသအခ်ာ မသိရဘူးလုိ႕ ဆုိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

ရုရှားနိုင်ငံမှ ဆယ်ကျော်သက် ယောက်ျားလေးတစ်ဦးရဲ့ အဖြစ်က ကံဆိုးပြီး ကံကောင်းခဲ့တယ်လို့ ဆိုရမှာပါ။ အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက်ကောင်လေးက ကောင်မလေးအထင်ကြီးပြီး ကောင်မလေးရဲ့အချစ်ကိုရဖို့ ကြိုးစားတဲ့အနေနဲ့ သူ့ရဲ့ ၂၃ ထပ်က နေအိမ်ခန်း ဝရန်တာလက်ရန်းပေါ်ကို တက်ပြခဲ့တာ ဖြစ်ပါတယ်။

ဒီလို တက်ပြခဲ့ရာက ခြေချော်ပြီး ပေ ၂၃၀ အမြင့်ကနေ အောက်ကိုပြုတ်ကျခဲ့ပါတယ်။ ဒါပေမဲ့ ကံကောင်းချင်တော့ တိုက်ခန်းတွဲအောက် ကားပါကင်မှာ ရပ်ထားတဲ့ တက္ကစီတစ်စီးပေါ်ကို ကျခဲ့ပြီး သေဘးမှ လွတ်မြောက်ခဲ့ပါတယ်။

အဆိုပါ ဆယ်ကျော်သက်ဟာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပေမဲ့ အသက်မဘေခဲ့ဘဲ အခြေအနေ တည်ငြိမ်နေပြီး အထူးကြပ်မတ်ကုသမှု ခံယူနေရတယ်လို့ Siberian Times သတင်းက ပြောပါတယ်။

ကောင်မလေးအထင်ကြီးအောင် ကြိုးစားခဲ့တဲ့ ဆယ်ကျော်သက်ဟာ ဝမ်းဗိုက်ပိုင်း၊ အသည်း၊ အဆုတ်တို့ ထိခိုက်ခဲ့ပြီး လက်မောင်းရိုးကျိုးခဲ့တယ်လို့ သိရပါတယ်။

ဆေးရုံရောက်နေတဲ့ ဆယ်ကျော်သက်ကောင်လေးဟာ ကောင်မလေးရဲ့ အထင်ကြီးမှုနဲ့ အချစ်ကို ထိုက်တန်စွာရခဲ့သလား၊ ကောင်မလေးက ဆေးရုံရောက်သွားတဲ့ ဆယ်ကျော်သက်ကောင်လေးရဲ့ အနားမှာ ရှိနေသလားဆိုတာ အသေအချာ မသိရဘူးလို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top